ဒီနေ့ သင်္ကြန်အတက်နေ့ နောက်ဆုံးနေ့ဆိုတော့ မည်သူမဆို အပျော်တွေကို ဖန်တီးပြီး မီးကုန်ယမ်းကုန် ပျော်ချင်နေကြမှာပါ။သောက်တဲ့သူတွေကလည်း အမူးအပြဲ အကွဲ သောက်ကြပြီပေါ့။
#photo credited facebook
ကလိုက်ခုန်လိုက်ကြတာလည်း အကနည်းပေါင်းစုံ တတ်ထားတဲ့သူတွေက အရှုံးပေးရလောက်တယ်ဗျာ။ကိုယ်လည်းအတက်နေ့ဆိုတော့ အရင်နေ့ထက်ပိုပြီး ကဲတာပေါ့ ။သိပ်တော့မကတတ်ဘူးလေ။နဂိုထဲက အငြိမ်သမားဆိုတော့ ဟန်နဲ့ပဲလုပ်စားရတာပေါ့။ဒီကြားထဲ အခု ညနေပိုင်းဆိုတော့ တစ်ချို့ သယ်ရင်းတွေက စကားမမှန်တော့ဘူး။အဲဒီမှာ ကိုယ့်အပိုင်းဖြစ်လာပြီး စကားများ၍ တစ်ယောက်နဲ့တစ်ယောက် မင်းဘာလဲ... ငါဘာလဲ ဖြစ်လာကုန်ရော ဆိုပါတော့။ ကျွန်တော်လည်း အားလုံး ပျော်ချင်လို့ လာပြီးစော့ ကြတာ... တစ်ယောက်ကိုတစ်ယောက်စကားမမှားစေရန် သတိထားပြီး အတူတကွ ပျော်ရွှင်စွာ ရေကစားကြပါပေါ့... တစ်ယောက်ကိုလိုက်ထိန်း နောက်တစ်ယောက်ကိုလိုက်ပြောနှင့် ကိုက ကြားထဲက ဖြေရှင်းပေးနေရတာပေါ့။
#photo credited facebook
အဆင်ပြေအောင် မနည်းကြိုးစားဖြေရှင်းပြီး တစ်နေရာစီထားပေးလိုက်ပါတယ်။ပြီးတော့မှပဲ ကိုလည်း အမောပြေလေး တစ်ခွက်တစ်ဖလားသောက်ရင်း မိုးချုပ်သွားပြီ အားလုံးသိမ်းပြီလေ။အဓိကကတော့ ကိုယ်သောက်နိုင်သလောက်သောက်ပြီး ပျော်ရွှင်စရာကောင်းသောနှစ်သစ်သင်္ကြန်ကို အပျော်လေးတွေနဲ့ သာ ပြီးစီးစေချင်ပါတယ်။အပျော်တွေလွန်သွားတဲ့ အခါ အပျက်မဖြစ်သွားစေဖို့ လောကကြီးမှာ သိပ်အရေးကြီးပါတယ်။တန်ရင်ဆေး လွန်ရင်ဘေးပေါ့။ဘာပဲဖြစ်ဖြစ် အားလုံး မနက်ဖြန်ဆိုရင် နှစ်ဟောင်းမှ အညစ်အကြေးတွေ ကင်းစင်ပြီး နှစ်သစ်ကို ဆက်လက် လျှောက်လှမ်းကြတော့မှာပါ။စိတ်သစ်လူသစ်နဲ့ မကောင်းမှုတွေကိုရှောင်းရှားပြီး ကောင်းမှုတွေကို ကြိုးစားလုပ်ကိုင်ခြင်းဖြင့် ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း ရေးသားတင်ပြလိုက်ရပါတော့သည်။
#photo credited facebook
စတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်သောဘဝ ပိုင်ဆိုင်ကြပါစေလို့
ဆုမွန်ကောင်းတောင်းလျက်...
MSC-211