အားလုံးပဲ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေခင်ဗျာ..!
ကျွန်တော်တို့မိသားစုဆွေမျိုးများ၏ အပန်းဖြေခရီးစဉ်သွားရန် ကျန်နေသေးသော အောက်မြန်မာပြည် ဘားအံ..မော်လမြိုင်..ကျိုက်ခမီ..စက်စဲ ခရီးစဉ်အား (6.4.2019)ရက်နေ့ ညနေ (6:30) pm အချိန်တွင် ရန်ကုန်မြို့မှ ပျော်ရွှင်စွာ စတင်ထွက်ခွာခဲ့ကြပါသည်။
2018 ခုနှစ် အထက်မြန်မာပြည်ခရီးစဉ်သွားပြီးကတည်းက အောက်မြန်မာပြည်အတွက် ဒီနှစ်သွားမည်ဟုစီစဉ်ခဲ့တာ အခုတော့ အောင်မြင်စွာနှင့် စတင်ထွက်ခွာနိုင်ခဲ့ပါပြီ။ပဲခူးမြို့တွင် ကျွန်တော်၏မိခင်လိုက်မည်ဖြစ်၍ အမေ့အားခေါ်ရန် အိမ်သို့ဝင်ပြီး တစ်ထောက်နားခဲ့ကြပါသေးသည်။အိမ်တွင် ညစာစားသောက်ကြရင်း ခဏနားနေခဲ့ကြပါသည်။အဖေကတော့ အလုပ်ကိစ္စရှိနေသေး၍ မလိုက်ဖြစ်ပါ။ပထမဦးဆုံး ယောက္ခမကြီး၏ဇာတိမြေဖြစ်သော ဘားအံ မြို့အနီးရှိ မန်ကျီးကျွန်းကျေးရွာသို့ဝင်ရောက်လည်ပတ်ပြီး ထိုလမ်းပေါ်တွင်ရှိသော ကော့ကွန်းဂူနှင့် ရသေ့ပျံဂူများ လည်ပတ်ရန် စီစဉ်ထားပါသည်။ကျွန်တော်တို့မိသားစုများသည် ဘားအံ မန်ကျီးကျွန်းကျေးရွာသို့ မနက်(3:00)ခန့်တွင်ရောက်ရှိကြပြီး ဆွေမျိုးတစ်ဦးအိမ်တွင် ညအိပ်ရပ်နားကြပါသည်။
7.9.2019 နေ့ မနက်ပိုင်းတွင် မန်ကျီးကျွန်းကျေးရွာရှိ ဘုန်းကြီးကျောင်းများသို့ လှူဒါန်းကုသိုလ်ပြုလုပ်ခြင်းများဖြင့် စတင်ခဲ့ပြီး တစ်ရွာလုံးပတ်၍ လည်ပတ်သွားလာခဲ့ကြပါသည်။
ရွာ၏ကူးတို့ဆိပ်တွင်လည်း ဟိုဘက်ရွာ ဒီဘက်ရွာသို့ စက်ဖောင်ကူးတို့ဖြင့် သွားလာလှုပ်ရှားနေကြတာကို နှစ်သက်ဖွယ်ရာ မြင်တွေ့ရပါသည်။
ရွာ၏အိမ်များမှာလည်း ခြေတံရှည်အိမ်များဖြစ်ပြီး အိမ်တိုင်းနီးပါး ကွန်ကရစ်အိမ်များဖြစ်ကြပါသည်။မိုးရာသီ ရေကြီးရေလျှံမှုရှိတတ်သောကြောင့် ခြေတံရှည်အိမ်များ ဆောက်လုပ်ကြခြင်းဖြစ်ပါသည်။
သူတို့ရွာ၏အဓိကစီးပွားရေးသိပ်မတွေ့ရပဲ ထိုင်းနိုင်ငံသွား အလုပ်လုပ် ပိုက်ဆံဆုပြီး သူတို့၏ရွာတွင် တိုက်အိမ်ကောင်းလေးတွေ ပြန်လည်ဆောက်ကြသည်ဟု သိရပါသည်။
ရွာ၏လမ်းမှာလည်း ကွန်ကရစ်လမ်းပင်ဖြစ်ပါသည်။
ကားတစ်စီး၏တန်ဖိုးမှာလည်း (10) သိန်း, (20)သိန်း ခန့်သာရှိပြီး (probox,saloon,...) အိမ်စီးကားများအဖြစ် အသုံးပြုနေကြပါသည်။ထိုကားများသည် without များဖြစ်၍ ဘားအံအနီးအနားတဝိုက်သာ အသုံးပြုနိုင်ကြပါသည်။
မည်သို့ပင်ဆိုစေ သူတို့၏နေထိုင်သွားလာလှုပ်ရှားမှုအဆင့်အတွက်တော့ ပိုမိုကောင်းမွန်ပြီး ထိရောက်တဲ့ ပုံစံမျိုးတွေနဲ့ ဖန်တီးနေထိုင်ကြတာကို ဗဟုသုတအဖြစ်မြင်တွေ့နေရပါကြောင်း... ကျွန်တော်တို့မိသားစုများ အပန်းဖြေခရီးစဉ်၏ ဘားအံမြို့ မန်ကျီးကျွန်းကျေးရွာ အတွေ့အကြုံလေးအား ပြန်လည် ရေးသားမျှဝေလိုက်ရပါတော့သည်။
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့
ဆုမွန်ကောင်းတောင်းလျက်...
MSC-211
All photos credited by