အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ပြည်စုံကြပါစေခင်ဗျာ...
Crd-org-source
ကျွန်တော်တို့ရဲ့ steem social platform လေးကတော့ update version လေးနဲ့အတူ စည်းမျဉ်းစည်းကမ်းများဖြင့် ပြန်လည်အသက်ဝင်လို့နေပါပြီ။ဒီလိုမျိုး စည်းကမ်းအသစ်များ မရှိခင် မိမိတို့၏ Power (SP)အနည်း..အများ အလိုက် အားလုံးဟာ စိတ်ဝင်တစားနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်။
အထူးသဖြင့် ကျွန်တော်တို့ MSC အဖွဲ့အစည်း လက်အောက်ရှိ အဖွဲ့ဝင်အားလုံးသည်လည်း ပုံစံမျိုးစုံ.. အခြေအနေမျိုးစုံကို ဖြေရှင်းကျော်ဖြတ်ရင်း အတူတကွကြိုးစားဆောင်ရွက်ခဲ့ကြတဲ့ ချစ်စရာကောင်းသော ညီညွတ်တဲ့စိတ်ဓါတ်ကိုလည်း မြင်တွေ့နေရပါတယ်။
ကျွန်တော်တို့ရဲ့ MSC အဖွဲ့ခေါင်းဆောင် leader ကိုဟင်နရီ၏ကြိုးပမ်းဆောင်ရွက်မှု.. စေတနာ..အနစ်နာခံမှုတွေနဲ့အတူ ကျန်သော တာဝန်ရှိပုဂ္ဂိုလ်များ၏စေတနာထားဆောင်ရွက်ပေးမှုတွေကြောင့် အဖွဲ့အစည်းလေးဟာ ခိုင်မာညီညွတ်အောင်မြင်သော အဖွဲ့အစည်းလေးအဖြစ် တည်ရှိနေပါပြီ။
Crd-org-source
အခုလက်ရှိဖြစ်သွားသော အခြေအနေကိုလည်း အားလုံးလေ့လာဖတ်ရှုပြီး အကောင်းဆုံးအနေအထားဖြင့် ဆက်လက်ကြိုးစားကြရအုံးမှာ ဖြစ်ပါတယ်။
စည်းကမ်းလေးတွေနဲ့ ပုံစံပြောင်းလာသော အခြေအနေအား မိမိတို့ဘက်မှ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။အခုလက်ရှိအနေအထားအရ ငါတော့ Power (SP)နည်းတယ် မဖြစ်နိုင်ဘူး...အဆင်ပြေပါ့မလားဆိုတာတွေရှိနေနိုင်ပါတယ်။မည်သို့ပင်ဖြစ်စေ ကိစ္စရပ်တိုင်းမှာ မျှော်လင့်မထားတဲ့ အခြေအနေလေးတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ဒါဟာ သဘာဝ၏ဖြစ်တတ်တဲ့ သဘောတရားလေးတွေပါ။ထိုကဲ့သို့ အခြေအနေတစ်ရပ် ဖြစ်ပေါ်လာတဲ့အခါ မိမိဘက်မှ စိတ်ဓါတ်ခိုင်မာမှု.. ယုံကြည်ချက်.. စိတ်အားထက်သန်မှု စသော စိတ်ဓါတ်ပိုင်းဆိုင်ရာ မယိမ်းယိုင်ဖို့ အလွန်အရေးကြီးပါတယ်။
ဒီအခြေအနေ ပုံစံအသစ်နဲ့ဆို ငါ.. အရင်လိုစာရေးဖို့ မဖြစ်နိုင်တော့ဘူးဆိုပြီး မိမိ၏ကြိုးစားအားထုတ်မှုကို လျော့မချ စေချင်တာပါ။မိမိတို့အားလုံး အတူတကွ ကြိုးစားဆောင်ရွက်ရင်း တက်ညီလက်ညီ ရှေ့ဆက်လျှောက်လှမ်းကြရမှာပါ။
Crd-org-source
အောင်မြင်သောသူများသည် သူတို့၏ရည်မှန်းချက်ပန်းတိုင် ရောက်ရှိအောင် ဆောင်ရွက်ကြတဲ့အခါ လွယ်ကူသောအခြေအနေ.. ခက်ခဲသောအခြေအနေ နှစ်မျိုးလုံး မည်သည်အခြေအနေဖြစ်နေပါစေ မလျော့သော ဇွဲ လုံ့လတို့ဖြင့် သူတို့၏ပန်းတိုင်ကို မရောက်ရောက်အောင် ကြိုးစားဆောင်ရွက်ခဲ့ကြတဲ့ သူတွေပဲဖြစ်ပါတယ်။
ဒါကြောင့် မည်သည့်အခြေအနေမျိုးမှာမဆို မိမိဘက်မှ ရှိရမည့် စိတ်နေစိတ်ထား.. စိတ်အားထက်သန်မှု.. ယုံကြည်ချက်များဖြင့် ကြိုးစားရှေ့ဆက်ကြမှာပဲ ဖြစ်ပါတယ်။
သို့မှသာ ဒီ steemit လမ်းကြောင်းပေါ်ရှိ MSC အဖွဲ့သို့ နောင်အနာဂတ်မှာ ရောက်ရှိလာနိုင်သည့် မျိုးဆက်သစ်လူငယ်များ အဖွဲ့ဝင်အသစ်များအတွက် လေးစားအားကျစရာကောင်းသော အဖွဲ့ဝင်နောင်တော်ကြီးများ ဖြစ်လာမှာဖြစ်ပါတယ်။
Crd-org-source
ယခုလက်ရှိ ကျွန်တော်တို့ လေးစားအားကျရသော ဦးဦး ဒေါ်ဒေါ် ကိုကို မမ များသည်လည်း တချိန်တုန်းက ဒီလိုအခြေအနေမျိုးစုံကို ရင်ဆိုင်ဖြတ်ကျော်ပြီးမှ level အဆင့်တစ်ခုကို ရရှိခဲ့ကြတာဖြစ်ပါတယ်။
ထို့ကြောင့် ဒီအချိန်မှာ Power (SP)နည်းသော အဖွဲ့ဝင်များအားလုံးသည်လည်း နောင်အနာဂတ်မျိုးဆက်သစ်အဖွဲ့ဝင်များအတွက် လေးစားအားကျစရာကောင်းသော အဖွဲ့ဝင်ကြီးများဖြစ်လာရန် ဖြစ်ပေါ်လာသောအခြေအနေတွေကို မယိမ်းမယိုင်ဘဲ အကောင်းဆုံး ကြိုးစားဆောင်ရွက်ကြရမှာပဲ ဖြစ်ပါတယ်။
Crd-org-source
အချုပ်အားဖြင့်ဆိုသော် ကျွန်တော်တို့ လက်ရှိ MSC အဖွဲ့သားများအားလုံး Power (SP)နည်းသည်ဖြစ်စေ.. များသည်ဖြစ်စေ မလျော့သော ဇွဲ လုံ့လတို့ဖြင့် မိမိတို့ရရှိနေသော level အလိုက် အတတ်နိုင်ဆုံး အကောင်းဆုံး ကြိုးစားဆောင်ရွက်ကြရမှာပဲ ဖြစ်ပါကြောင်း...
အတွေ့အကြုံရှိ ဆရာများနှင့်အစ်ကိုအစ်မ များမှ လည်း လက်ရှိဖြစ်ပေါ်လာသောအခြေအနေအား တွက်ဆပြီး အကောင်းဆုံး လုပ်ဆောင်နိုင်ရန် မျှဝေလမ်းညွှန်ပေးခြင်းများနှင့်အတူ လက်တွဲခေါ်ဆောင်သွားမှာဖြစ်ပါကြောင်း...
အဖွဲ့သားအားလုံး တက်ညီလက်ညီ ကြိုးစားပါက အောင်မြင်မှုကို မလွဲမသွေရရှိခံစားကြရမှာ ဖြစ်ပါကြောင်း ရေးသားနိုးဆော်လိုက်ရပါတော့သည်။
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
MSC-211