ကျွန်ုပ်၏ သင်ဆရာ မြင်ဆရာ ကြားဆရာ အားလုံးကို
ကန်တော့လိုက်ပါသည်...
မြတ်ဆရာ
ဆရာသည် အတိုင်းမသိ ကြီးမြတ်သူဖြစ်၏။ တပည့်ငယ်များ လူတစ်လုံးသူတစ်လုံးဖြစ်လာအောင် သောကကို ရင်ဝယ်ပိုက်လျက် အနစ်နာခံကာ မြေတောင်မြှောက်ပေးသူ ဖြစ်၏။ရှေးလာမည့် နှစ်ပေါင်း ရာထောင်နှင့် ချီပြီး လူ့လောကကြီး ချမ်းမြေ့သာယာအောင် စွမ်းဆောင်ပေးနိုင်သည့် အမြော်အမြင်ရှိသူဖြစ်သည်။ ကမ္ဘာတည်သရွေ့ ထာဝရ ရှိနေရမည့် ပုဂ္ဂိုလ်လည်းဖြစ်သည်။လူသားဟူ၍ ရှိနေသမျှကာလပတ်လုံး လောကကြီးထဲတွင် ဆုံးမသူ၊ လမ်းညွန်သူ၊ ဖန်တီးသူ၊ ပျိုးထောင်သူ၊ ဆီမီးတိုင်များစွာကို ထွန်းညှိပေးနေသူ၊ အလင်းတံခါးဖွင့်ပေးသူများအဖြစ် ထာဝရ ရပ်တည်သွားမည်သာ ဖြစ်ပါသည်။
ဆရာ (TEACHER) ၏ အဓိပ္ပယ်ဖွင့်ဆိုချက်
T = Teaching
E = Education
A = Active
C = Clever
H = Honest
E = Expert
R = Research Minded
မြန်မာ ဖွင့်ဆိုချက်
ဆ + ရာ = တွေးတွေးဆဆနှင့် ကြိုတင်လျှာထားဆောင်ရွက်တတ်သူ
ဆရာ = သူတစ်ထူးကို သင်ပြသူ
ဆာယာ = တပည့်များကို အရိပ်ပေးသူ
စရာ = (စရ) ပါဠိစကားမှ လာပြီး အကျင့်စာရိတ္တကောင်းမွန်သူ
မြန်မာတို့နှင့် ဆရာ
မြန်မာတို့သည် လွန်ခဲ့သော နှစ်ပေါင်း ထောင်ချီပြီး ဆရာများကို ပူဇော်၊ ကန်တော့သော အလေ့ရှိပြီးဖြစ်၏။
ဆရာသည် မြန်မာတို့၌ အနန္တော အနန္တ ဂိုဏ်းဝင်ဖြစ်ပြီး ကျေးဇူးအထူးကြီးမြတ်လှပေသည်။
ဆရာတို့၏ ဂုဏ်အဂါင်္များ
မစွန့်ခြင်းဟူသည့်အင်္ဂါ (၂)ပါး
အပေါင်းအသင်းကိုသိခြင်းအင်္ဂါ (၄)ပါး
စစ်ဆေးဝေဖန်ခြင်းအင်္ဂါ (၄)ပါး
ထိရောက်စွာသင်ပေးခြင်းအင်္ဂါ (၆)ပါး
မမေ့လျှော့ခြင်းအင်္ဂါ (၂)ပါး
ချီးမြင့်ခြင်းအင်္ဂါ (၃)ပါး
အခြေအနေကို သိခြင်းအင်္ဂါ (၄)ပါး
စုစုပေါင်း------- (၂၅)ပါး
HFS-15