Hello...All my friend, I want to introduce about my native town, called Monywa.
Monywa is Capital City in Sagaing Division, Myanmar.
Monywa is a major centre for trade and commerce and for agricultural produce from the surrounding Chindwin valley,especially beans, orange, pulses and palm sugar.
မုံရွာမြို့ဟာဆိုရင် ပူပြင်းခြောက်သွေ့တဲ့ရာသီဥတုကို ပိုင်ဆိုင်ထားတဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်။ မုံရွာမြို့အနီးအနား ပတ်ဝန်းကျင်မှာဆိုရင် လေ့လာလည်ပတ်စရာ နေရာများစွာရှိနေပေသည်။ ကမ္ဘာ့အမြင့်ဆုံး ရပ်တော်မူ ဘုရားကြီး၊ ဗောဓိတစ်ထောင်၊ မိုးညှင်းသံဗုဒ္ဓေ၊ ကျောက္ကာရွှေဂူနီ၊ လယ်တီဆရာတော်ဘုရားကြီး စီရင်ရေးသားတော်မူခဲ့သော ကျောက်စာများ၊ ဖိုလ်ဝင်တောင်၊ အလောင်းတော်ကဿပ အစရှိသည်တို့မှာ ကမ္ဘာသို့ပင် ထင်ရှားကျော်ကြားသောနေရာများပင်ဖြစ်သည်။
မုံရွာမြို့သို့ တခြားဒေသများမှာ ကုန်းလမ်း(ကား၊ ရထား)၊ ရေလမ်း၊ လေကြောင်းဖြင့် လာရောက်နိုင်သည်။
မုံရွာမြို့သည် အနောက်မြောက်တိုင်း စစ်ဋ္ဌာနချုပ် တည်ရှိရာမြို့ဖြစ်သကဲ့သို့ တိုင်းရုံးများ ရုံးဆိုက်ရာမြို့တစ်မြို့ဖြစ်သည်နှင့်အညီ စည်ကားလှပေသည်။ ထို့အပြင် ပညာရေးနှင့်ပတ်သက်ပြီးလည်း သင်ကြားပေးရာ စုံလင်သည့် မြို့တစ်မြို့လည်း ဖြစ်ပေသည်။ မုံရွာတက္ကသိုလ်၊ မုံရွာစီးပွားရေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(မုံရွာ)၊ ကွန်ပျူတာတက္ကသိုလ်(မုံရွာ) နှင့် ပညာရေးတက္ကသိုလ်တို့တွင် ပညာသင်ကြားကြသည့် ကျောင်းသား ကျောင်းသူများနှင့်အမြဲ စည်ကားလှသည့် မြို့တစ်မြို့လည်းဖြစ်နေပြန်သည်။ ထို့အပြင် စစ်ကိုင်းတိုင်ဒေသကြီး လွှတ်တော် အခြေစိုက်ရာ မြို့တစ်မြို့လည်းဖြစ်သည်။