အပိုင်း(၁)
အိပ်စက်ခြင်းကို ဟန့် ထားစေနိုင်သော အရာများကို အပိုင်း(၁)အားနှိပ်၍ ပြန်လည်ဖတ်ရှုနိုင်ပါသည် ယခုအိပ်စက်ခြင်းဆိုင်ရာ နည်းလမ်းများကို ဆက်လက်ဖော်ပြပါမည်
အိပ်မပျော်စေနိုင်တဲ့ ဟန့် တားမှုတစ်ခုကတော့ ကျွန်တော်တို့ Hand Phone တွေကို နေ့ ဘက်သာမက ညအိပ်ခါနီးထိတိုင်အောင် ဆက်လက် သုံးစွဲနေတာပါပဲ ဒါလည်း အပြစ်တစ် ခုလို့ တောင် မပြောချင်တော့ပါဘူး သာမန်လူတန်းစားတွေအဖို့ တစ်နေကုန် အလုပ်သွား ညနေဘက်ပြန်လာ ညဘက်လေးပဲ ဖုန်းပွတ် ဖုန်းကြည့်ရတာဆိုတော့လည်း ဒီကိစ္စဟာ လူ တိုင်း အလွယ်တကူ မလိုက်နာနိုင်ကြတော့တဲ့ကိစ္စပါ ကျွန်တော်အပါအဝင်ပေါ့လေ အဓိ ကတော့ အဲ့အချိန်က လိုင်းအကောင်းဆုံးနဲ့ အေးအေးဆေးဆေး အညောင်းအညာဖြေပြီး အနားယူလို့ ကောင်းတဲ့အချိန်ဆိုတော့ ဖုန်းကြည့်ကြတာ မဆန်းပါဘူး ဒါပေမယ့် ရေရှည် ကျတော့ လူ့ ကျန်းမာရေးထိခိုက်စေပါတယ် ဖုန်းက ထွက်တဲ့အလင်းဟာ ဦးနှောက်ကို active ဖြစ်အောင်အမြဲနှိုးဆွနေတော့ ရုတ်တရက် အိပ်ချင်စိတ်ကို ပျောက်စေပါတယ် ဒါပေမယ့်လည်း ဖုန်းကြည့်ရင်း အိပ်ငိုက်ပြီး ကိုယ့်မျက်နှာပေါ်ပြန်ကျတာမျိုးလည်းရှိတတ် ကြမှာပါ အရမ်းပင်ပန်းပြီး အိပ်ချင်စိတ်များတဲ့အခါမျိုးတွေမှာပေါ့လေ ဘယ်လိုပဲဖြစ်ဖြစ် လုံးဝမလိုက်နာနိုင်တောင်မှ အကန့် အသတ်လေးတော့ ထားသင့်ပါတယ် နာရီဝက်ပဲ လိုင်း သုံးမယ် တစ်နာရီပဲကြည့်မယ် ဘယ်အချိန်တော့ ပုံမှန်အိပ်မယ် စသဖြင့် limit လေးတော့ ထားပြီး ဖုန်းကို အသုံးပြုသင့်ပါတယ် ရေရှည်အိပ်ရေးမဝရင် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများ ဖြစ်လာနိုင်မှာမို့ အသိပေးရခြင်းပါ ကိုယ်တိုင်လည်း ပြန်နှိုးဆော်တဲ့ သဘော ပါပဲ
နောက်တစ်ခု အိပ်မပျော်တဲ့အကြောင်းတရားကတော့ အိပ်ရာဝင်ခါနီး စာဖတ်တာပါပဲ ဒါ ဟာလည်း တစ်ယောက်နဲ့ တစ်ယောက် သတ်မှတ်ပုံခြင်းမတူကြပါဘူး တစ်ချို့ ကလည်း စာဖတ်ချင်လို့  အိပ်ဖို့ တောင် သတိမမူပဲ စာအုပ်ထဲမျောပါရင်း ညနက်မှ အိပ်စက်လေ့ ရှိ ကြပါတယ် တစ်ချို့ လည်း အိပ်ပျော်အောင် စာဖတ်ရင်း အိပ်ချင်စိတ်ဖြစ်ပြီး အိပ်စက် တ တ်ကြပါတယ် အမှန်တော့လည်း စာဖတ်အထုံပါတဲ့သူဟာ စာဖတ်ရင်း ညဉ့် နက်သွားတာ များပါတယ် တစ်ချို့ က အိပ်ရာထဲအထိ စာအုပ်ပါသွားပြီး မပြီးမချင်း ဖတ်နေတာမျိုးတွေ့ ဖူးမိပါတယ် အဲဒါကြောင့် ညဘက် စိတ်ဝင်စားတဲ့ ဝတ္ထု စာပေတွေကို ညတိုင်း အလွန်အ မင်း အတိုင်းထက်အလွန် ညဥ့်နက်အောင် မဖတ်မိဖို့ ဆင်ခြင်သင့်ပါတယ်
နောက်ထပ်တစ်ခုပြောရရင် ညအိပ်ရာဝင်ရင်ခြေထောက်ကို သန့် ရှင်းအောင် ဆေးကြော သင့်ပါတယ် ပြီးရင်တော့ နွေးထွေးစွာထားပြီး အိပ်ပါ တော်တန် အိပ်မပျော်ဘူး ဆိုတာက တစ်ခါတစ်ရံ ခြေထောက် အေးစက်နေမိလို့ ဖြစ်နေ တတ်ပါတယ် အထူးသဖြင့် ဆောင်း တွင်းမှာပိုသိသာပါတယ် ခြေထောက်အေးတော့ ခဏ ခဏ နိုးလာတာမျိုးရှိတတ်ကြပါ တယ် ဂရုစိုက် လုပ်ဆောင်သင့်ပါတယ်
နောက်ဆုံးအနေနဲ့ တော့ အိပ်ခါနီး မီးပိတ်အိပ်ပါ တစ်ချို့ က မီးလင်းသည်ဖြစ်စေ မှောင် သည် ဖြစ်စေ အိပ်စက်တတ်ကြပါတယ် များသောအားဖြင့်ကတော့ မှောင်မှသာ အိပ်စက် တတ်ကြတာများပါတယ် တစ်ကယ်လည်းနည်းလမ်းမှန်ပါတယ် လင်းနေရင် အလင်းအား ဟာ မျက်လုံးကို sensitive ဖြစ်စေတော့ တော်တန် အိပ်စက်နိုင်ဖို့ က ခက်ခဲနိုင်ပါတယ် ဒါ့ကြောင့် မိီးပိတ်အိပ်စက်ခြင်းဟာ အကောင်းဆုံးသော နည်းလမ်းတစ်ခုပါပဲ
တစ်ခြား အိပ်စက်ခြင်းဆိုင်ရာ နည်းလမ်းပေါင်းများစွာလည်း ရှိနိုင်ပါဦးမယ် ကျွန်တော်က ဖတ်ထား မှတ်ထားတာလေးရော ကိုယ့်အတွေ့ အကြုံလေးရော ပေါင်းစပ်ရေးသားထား တာမို့  လွဲမှားတာလေးများရှိရင် ဖြည့်စွက်ပြင်ဆင် လုပ်ဆောင်သွားဖို့ ပြောကြားလိုပါတယ် အားလုံး ကောင်းမွန်စွာ အိပ်စက်အနားယူနိုင်ကြပါစေခင်ဗျာ
MSCး 234
Author >>> winko (Maun Mou Nja)