တစ်နေ့ တာမှာ ခန္ဓာကိုယ်က ဦးဆောင်ပြီးရွေ့ လျားသွားလာရတော့ ပင်ပန်းတတ်ကြပါ တယ် စိတ်ရော လူရော ပင်ပန်းတယ်ဆို ပိုမှန်ပါတယ် အလုပ်ကြောင့်သော်လည်းကောင်း
ခရီးကြောင့်သော်လည်းကောင်း ခန္ဓာကိုယ်ကတော့ အနားကောင်းကောင်းယူဖို့ လိုအပ်ပါ တယ် အဓိကကတော့ တစ်နေ့ တာသွားလှုပ်ရှားခဲ့သမျှ ညဘက် စနစ်တကျ အနားယူနိုင် ဖို့ နည်းလမ်းလေးတွေ အများကြီးရှိပါတယ် လိုအပ်တာများ မပြည့်စုံတာများရှိခဲ့လည်း နားလည်ခွင့်လွှတ်ပေးကြပါ ဖတ်ထား မှတ်ထားတာလေးတွေ ပြောပြချင်ပါတယ် ကိုယ် တိုင်လည်း လိုက်နာလုပ်ဆောင်နေမိပါတယ်
အိပ်ရာဝင်ခါနီး ရေသောက်တဲ့သူတွေ ရှိကြလားဗျာ အများကြီး မဟုတ်တောင် ရေတစ် ခွက်သောက်အိပ်တာတို့  ရေအဝသောက်အိပ်တာတို့ ပေါ့ ကျွန်တော်ကတော့ အရင်က သောက်တယ် တစ်ညလုံးအိပ်ရမှာဆိုပြီး သောက်မိနေတာ ရေသောက်တော့ သေးပေါက် တာပေါ့ဗျာ အိပ်ကောင်းတုန်း ဆီးသွားချင်လို့ နိုးတော့ အိပ်ရေးပျက်တယ်လေ ဆောင်းတွ င်းအေးတော့ ညဘက် အနည်းဆုံးနှစ်ခါဆီးသွား… ကွေးလို့ ကောင်းတုန်းဆီးကသွားတယ် ဆိုတော့ ခံပြင်းတာပေါ့ ဒါ့ကြောင့်အိပ်ခါနီးအပေါ့သွားပါ ရေထပ်မသောက်မိပါစေနဲ့ တော့ အိပ်ရေးလည်းပျက်တယ် ရေရှည် ဆီးမထိန်းနိုင်တဲ့ရောဂါဝေဒနာတွေ စွဲကပ်တတ်တာမို့  သတိပြုဆင်ခြင်ကြပါလို့ တိုက်တွန်းလိုပါတယ်
အိပ်မပျော်ခြင်းရဲ့ နောက်တစ်မျိုးကတော့ နေ့ လည်ဘက် ခဏတာမှေးစက်ခြင်းထက် ပို ပြီး အိပ်စက်ထားခြင်းမျိုးဟာ ညဘက်ကျအဟန့် အထားဖြစ်စေပါတယ် ပုံမှန်အိပ်နေကျ အချိန်မျိုးမှာ မအိပ်နိုင်တော့တာတို့ အိပ်မပျော်တာတို့ ဖြစ်တတ်ပါတယ် ဒါ့ကြောင့်နေ့ ခင်း နေ့ လည်ကို အလွန်အကြူး မအိပ်စက်သင့်ကြောင်း ပြောကြားလိုပါတယ်
ညဘက်ကို အစားအသောက်အများကြီးစားသုံးခြင်းဟာလည်း အိပ်စက်ခြင်းကို အနှောင့် အယှက်ဖြစ်စေပါတယ် ဒါ့ကြောင့် လျော့စားသင့်ပါတယ် တစ်ချို့ ဆို မစားကြတဲ့သူတွေ တောင် ရှိကြပါတယ် ညဘက်အစားနည်းလို့ ပြဿနာမဖြစ်နိုင်ပါဘူး အစားများမှသာ အ စာမကြေ ရင်ပြည့်ပြီး မနက်ခင်းကို မအီမသာ ဖြစ်စေနိုင်တာပါ ဒါပေမယ့်အစာကြေလွယ် တတ်တဲ့သူတွေ အဖို့ တော့ ညစာပိုမိုစားသောက်မိခြင်းဟာ ပြဿနာမရှိပါဘူး သို့ ပေမယ့် လည်း သိထားသင့် လိုက်နာသင့်သော လုပ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်
နောက်တစ်ခုက ကော်ဖီသောက်တာကို အိပ်မပျော်ဘူးလို့ သတ်မှတ်ထားခြင်းဟာ မှားနေ ကြောင်း လေ့လာသိရှိရပါတယ် ကော်ဖီဟာ တစ်ကယ်တော့ အိပ်စက်ခြင်းကို အနှောင့် အယှက်မဖြစ်စေပါဘူး အလွန်အကြူးသောက်သုံးမှသာလျှင် သက်ဆိုင်တဲ့ နောက်ဆက်တွဲ ရောဂါတို့ ကို ဖြစ်စေနိုင်တာပါ ဒါကတော့ ခြွင်းချက်လေး ပြောပြရခြင်းပါ
ဆက်လက်ဖော်ပြပါဦးမယ်
MSCး 234
Author >>> Winko (Maun Mou Nja)