လူတိုင်း လူတိုင်းမှာ နောက်ခံအတိတ်သမိုင်းဆိုတာရှိတတ်စမြဲပါ သူရဲကောင်းတွေရဲ့  ကောင်းမွေ ဆိုးမွေလုပ်ရပ်တွေဟာ သူတို့ ရဲ့ အတိတ်လုပ်ရပ်ကြောင့် ဖြစ်တည်ခဲ့ကြ ရတာ ပါ နာမည်သေသော်လည်း လူမသေနိုင်တဲ့အတတ်သမိုင်းတွေဟာလည်း အများကြီးရှိကြ သလို လေ့လာဖတ်ရှု့ နိုင်တဲ့ သာဓကပေါင်းများစွာလည်း ရှိပါတယ် ဒါကတော့ သူရဲကော င်းတွေ ရဲ့  အတိတ်တွေပေါ့ သူတို့ တွေမရှိတော့ပေမယ့် သူတို့ ရဲ့ အကောင်းအဆိုးက အခု ထိ ရောင်ပြန်ဟပ်ပြီး ဖြစ်တည်ပြောဆိုနေကြနေတုန်းပါပဲ ကျွန်တော်တို့ လူသားတိုင်းမှာ လည်းကောင်းတာ မကောင်းတာကတော့ အနည်းအများရှိ တတ်ကြစမြဲပါ ကောင်းတဲ့ အ တိတ် မကောင်းတဲ့အတိတ် ကုသိုလ် အကုသိုလ် စသဖြင့်ပေါ့ လူသားတိုင်း မကင်းနိုင်တဲ့ အရာတွေပါ သံသရာ ဘဝဟောင်းက အတိတ်သာ ပြန်ကြည့်လို့ ရရင် အကောင်းအဆိုး ရောထွေးနေမှာအမှန်ပါ ဘယ်အရာက အင်အားကြီးပြီး လက်ရှိ ဘဝကို တိုက်ရိုက်အကျိုး ပေးနေလည်း ဆိုတာလည်း သာမန်လူအနေနဲ့  သိနိုင်မယ်မထင်ပါဘူး တစ်ကယ့်သီလ သ မာဓိတရား ကျင့်ကြံ အားထုတ်ပြီး နယ်ပယ်တစ်ခုရောက်နေတဲ့ပုဂ္ဂိုလ်အချို့ သာလျှင် သိေ ကာင်းသိနိုင်ပါလိမ့်မယ်
ကျွန်တော်ကတော့ တစ်ကယ့်သူရဲကောင်းအာဇာနည်တွေ သူတော်စင်ပုဂ္ဂိုလ်တွေနဲ့ နှိုင်းပြီး မပြောလိုပါဘူး လက်ရှိသာမာန်လူသားပုထုဇဉ်အနေနဲ့ ပဲ ရေးသားအကြံပြုတိုက်တွန်းလို ပါတယ် ကျွန်တော်တို့ အရင်အတိတ်အကြောင်းကို မေ့ ထားလိုက်ပါဦး မမေ့ နိုင်လည်း သိ နိုင်တာမှ မဟုတ်တာ လက်ရှိပစ္စုပ္ပန်မှာ ပြီးခဲ့တဲ့အတိတ်ကိုသာ သတိပြုရမှာ ဖြစ်ပါတယ် လက်ရှိအတိတ်မှာ ကိုယ်လုပ်ခဲ့တာမှားလား မှားရင်နောင်ထပ်မမှားဖို့ လိုတာပါ နောင်တရ လောက်တဲ့အမှားမျိုးဆိုရင်လည်း ဖြေသိမ့်နိုင်ဖို့ ပြင်ဆင်ရမှာပေါ့လေ ပြီးခဲ့တာကို အရမ်းစွဲ လမ်းမနေဖို့ လိုတာပါ အတိတ်ကို လွှတ်ချသင့်ရင် လွှတ်ချခဲ့ရမှာပါ နောင်အနာဂတ်အထိ သယ်လာစရာကို မလိုအပ်တာပါ တစ်ခါတစ်ရံ အတိတ်မှာ လုပ်မိတာလေးတွေက တစ်ချိန် ကျရင် ရယ်စရာတစ်ခုလို ဟာသတစ်ခုလို ဖြစ်မိကောင်း ဖြစ်ပါလိမ့်မယ် တစ်ချို့ သော အ တိတ်တွေဆို ပုံပြင်တစ်ခုလိုတောင် ပြောစမှတ်ပြုတတ်ရပါတယ် တစ်ကယ်တော့ ဖြစ် ရ တဲ့  အကြောင်းတရားတွေလည်း အများကြီးရှိတတ်ပါတယ်" အတွေ့ အကြုံနည်းသေးလို့  မလေ့လာထားမိလို့  လောဘစောတက်နေမိလို့  သံယောဇဉ်များများထားမိလို့  အားနာလို့  စိတ်ပူလို့  မပြည့်စုံလို့  သူတစ်ပါးခိုင်းစေလို့ " စတဲ့ဥပမာပေးတွေ အများကြီးပါ ရေးလို့ မ ကုန်နိုင်တဲ့ လက်ရှိအတိတ်တွေပေါ့ ဒါတွေဟာ တစ်ချိန်မှာ " ဟာသဖြစ်နေမယ် အလကား ဖြစ်နေမယ် ရှက်ဖို့ ကောင်းနေလိမ့်မယ် ကလေးကလားဆန်နေလိမ့်မယ် တစ်ခုမဟုတ် တစ်ခု သူ့ ရဲ့  အကျိုးတရားက အကြောင်းပြချက်တစ်ခုလိုပြသလာတယ်ဆိုရင် ဒါတွေဟာ ကိုယ့်အနေနဲ့ လုပ်မိတဲ့အပေါ် နောင်တတွေ အားနာမှုတွေ သံဝေဂတရားတွေ ရကောင်း ရ မိ တတ်ကြပါတယ် ဒါတွေဟာ လက်ရှိလည်း ကျွန်တော်တို့ အမှုမဲ့အမှတ်မဲ့  အခုထိ ဖြစ် နေမိတာလေးတွေပါ ကိုယ်အလောတကြီး အဆင်ပြေမယ်ထင်ပြီး စိတ်အလိုလိုက် မစဉ်း စားပဲ လုပ်မိတာတွေလည်း တစ်ချိန်မှာ ဟာသအဖြစ် ပုံပြင်အဖြစ် ဖြစ်သွားနိုင်ကြပါလိမ့် မယ် ဒါပေမယ့် ဒါဟာ ပြဿနာမရှိသေးပါဘူး ဖျက်လို့ မရ ပြင်လို့ မရတဲ့ အမှားမျိုးလို တစ် သက်လုံးလက်ညှိုးထိုး အနှိမ်ခံ ဘဝမဖြစ်ဖို့ သာ အရေးကြီးတာပါ ဒါပေမယ့် ကံကြ မ္မာ မျက်နှာသာမပေးရင်တော့လည်း ကံတရားကြောင့်လို့ ပဲ သတ်မှတ်ရတော့မှာပေါ့လေ
ဘယ်လိုပဲဖြစ်ဖြစ် အတိတ်ကမကောင်းခဲ့တဲ့ဟာကို လက်ရှိ ပစ္စုပ္ပန်မှာ ခံစားဖို့ မသင့်တော် တော့ပါဘူး ဒီနေ့ ပြီးနောက်တစ်နေ့ တွေဟာ နေ့ သစ်တွေပါ နေ့ သစ်တွေကို နေ့ ရက်အ တွနဲ့ သာ ဖန်တီးရှေ့ ဆက်သင့်ပါတယ် အတိတ်ကို အတိတ်မှာသာ ထားခဲ့လိုက်တာ အေ ကာင်းဆုံးပါ ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲ လုပ်ခဲ့လို့ ပြီးခဲ့ပြီပဲ ဖြစ်ပြီး ပျက်ပြီးသွားတဲ့ အကြောင်းအရာတစ်ခုကို ဆုပ်ကိုင်ထားလို့  ဘာမှထူးခြားပြောင်းလဲနေမှာမဟုတ်ပါဘူး ရှေ့ မှာတွေ့ ရှိလာမယ့် အကောင်းဆုံးသောအရာတွေကို ဆုပ်ကိုင်ဖို့ သာ အရေးကြီးတာပါ အတိတ်ကို မကြာခဏ ခံစားဆုပ်ကိုင်ထားနေမယ်ဆိုရင် ရှေ့ မှာရရှိလာမယ့် အခွင့်အရေး တွေကို ဆုပ်ကိုင် မှီခိုဖို့ နေရာမရှိဖြစ်သွားပါလိမ့်မယ် တစ်ခါတစ်ရံမှာ စွန့် လွှတ်လိုက်ခြင်း ဟာ ရယူပိုင်ဆိုင်ခြင်းရဲ့  အစ,ပထမ ဆုလာဒ်တစ်ခု ဖြစ်မှန်းမသိ ဖြစ်နေတတ်ပါတယ် ဒါ ကြောင့် အတိတ်ကို ခံစားမနေပဲ လက်ရှိဘဝသာလျှင် ကြီးကျယ်ပြီး အခမ်းနားဆုံးလို့ မှတ် ယူ ဆင်ခြင်ရင်း သတိပြုနိုင်ကြပါစေလို့  အသိပေးရေးသား တင်ပြလိုက်ပါတော့သည် ။
MSCး 234
Author >>> Winko (Maun Mou Nja)