အားလုံးပဲ မင်္ဂလာပါဗျာ အခုဆိုရင် Myanmar idol အစီအစဉ်ကြီးဟာ အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီ ကျွန်တော်ကတော့ ကျွန်တော်ရစေချင်တဲ့သူ ရသွားလို့ ပျော်တယ်ဗျာ နာ မည်တွေတော့ ထည့်မရေးတော့ပါဘူး ကြည့်တဲ့သူတွေသိကြမှာပါ မကြည့်မိတဲ့သူ တွေကို လည်း ကျွန်တော်နားလည်နိုင်စေတဲ့ ရှု့ ထောင့်ကနေ ရေးသား ပြသွားပါမယ် Winner ဆုရှင်ကို လေးစားပါတယ် တစ်ကယ်လည်း သူပဲရထိုက်တာပါ သူဆိုတာ ဟင်္သာတသား လေးလို့ ပဲ မှတ်ထားပေး ကြပါ မနေ့ ညစနေနေ့ က Myanmar Idol Live Final Winner ကြည့်တာ ည ၁း၀၀တောင်ထိုးပါတယ်ဗျာ Winner ကလည်း တစ်ကယ် တော် တစ်ကယ်ရိုးသားသူပါဗျာ မနေ့ ညက သူ့ ရဲ့ ပြိုင်ဘက် (မိန်းကလေး)အပေါ်စေတနာ ထားမှုတွေ အထင်းသားမြင်ရတယ် သူ့ ရဲ့ Winner ရလို့  အပိုင်ရတဲ့ သီချင်းကို သူ့ ပြိုင်ဘက်ကို လက်ဆောင်အဖြစ်ပေးတာ ပကာသန မရှိတဲ့Winnerပါဗျာ လေးစားမိပါ တယ် ဒါပေမယ့်ဗျာ သူ့ ကို တစ်ဖက်ပိတ်နှိမ်ချနေတဲ့ ပရိတ်သတ်တစ်ချို့ ကိုတော့ ရွံမိပါ တယ် အမြင်မကျယ်တာထားပါ ပြင်လို့ ရတယ် လေ့လာ လို့ ရတယ် အမြင်သေးသိမ် ကျဉ်းမြောင်းနုံချာတာကိုတော့ ဘယ်လိုပြင်ရပါ့မလဲ
ကျွန်တော်ပြောချင်တာက ဒီလိုပါ ဖြစ်စဉ်လေး နည်းနည်းပြောပြပါမယ် Final Winner ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်နှစ်ဦးလုံးကို ရက်သတ်မှတ်အသိပေးပြီး Trainingလုပ်နေစဉ် ကာလမှာပဲ မပြိုင်ခင် တစ်ရက်အလိုမှာ ပြိုင်ဘက်(မိန်းကလေး)က နေမကောင်းလို့ ဆေးရုံ တင်လိုက်ရပါတယ် နောက်ဆုံးမပြိုင်နိုင်တော့တဲ့အထိပါပဲ အဲ့မိန်းကလေးပြိုင်ဘက်က လည်း ဒိုင်တွေအလေး ပေးခဲ့ရသူပါ ဒါပေမယ့် အဲ့ဒါတွေထားလိုက်ပါဦး ဆက်ပြောပါမယ် ပြိုင်ဘက်က လာမပြိုင် နိုင်တော့ပေမယ့် ပွဲတော့တက်ရောက်ခဲ့ပါတယ် ပြိုင်ပွဲစည်းကမ်း အရ ပွဲဖျက် တာတို့  ပွဲရက်ရွေ့ တာတို့ ကအလွယ်တကူ မပြင်ပေးနိုင်တဲ့အတွက်ကြောင့် လာမပြိုင်ဖြစ်တဲ့သူ အတွက်တော့ စိတ်မကောင်းပါဘူး Winner ကို တော့ ဟင်္သာတ သားလေးက ပြိုင်စရာ မလိုပဲ ရှိသွားခဲ့ပါတယ် ဒါဟာလည်း သူရဲ့ အောင်မြင်မှုယှဉ်ပြိုင်မှု တစ်ခုပါပဲ ဘာမှ အပြစ် ပြောစရာမရှိ ရှံ့ ချစရာလည်းမလိုပါ ပြိုင်ဖြစ်ခဲ့လည်း သူပဲရမယ့် လို့ သာ ထင်မိပါတယ် ကျွန်တော့်အမြင်သက်သက်ပါ (ပြိုင်ပွဲဝင်နှစ်ယောက်လုံးကြိုက်ပါတယ်)
တစ်ကယ်တော့ ကျွန်တော်ပြောချင်တဲ့တစ်ကယ့်အချက်က အခုမှ စ,မှာပါ အားမလို အားမရဖြစ်တဲ့စိတ်ကြောင့်လည်း ရေးလိုက်ရတာ (ရေးစရာမထွက်လို့ Myanmar Idol အကြောင်း ရေးနေတာလည်းပါ ပါတယ် )ပြိုင်ပွဲဝင်နှစ်ယောက်လုံး အရည်အချင်းရှိတဲ့ သူပါ ပြိုင်ဖို့ ရက်နီးမှ တစ်ယောက်မပြိုင်ဖြစ်တော့ ကျန်တဲ့သူ က Winner ရပါတယ် (ပြိုင်လည်းသူရဖို့ သာ များပါတယ်) ဒါကို အမြင်စုတ်ပြတ်နုံချာတဲ့ပရိတ်သတ်တွေက "မပြိုင်ပဲဆုရတော့ အရည် အချင်းမရှိဘူး ဆုရပေမယ့် အလကားပဲတို့  တောသားဆုရလို့ ဂုဏ်မရှိဘူးတို့ ဘာတို့ "အများကြီးကို ဝေဖန်တိုက်ခိုက်တာ ဘေးတစ်စောင်းသွားတဲ့သူတွေ အကောင်း မမြင်တာ မနာလိုတာ အလကားသက်သက် အကုသိုလ်ရှာတာ ကျွန်တော်တို.့ မြန်မာ လူမျိုး တွေ လုတိုင်းမဟုတ်ဘူးပေါ့ဗျာ Facebook မန့် တာနည်းစနစ်မရှိဘူး Standard မရှိဘူးဗျာ မနေ့ က တစ်ကယ့် Live မှာတောင် ရေးထားတာတွေ မြင်မ ကောင်းပါဘူး ဘယ်လိုပဲဆုရရပေါ့ဗျာ သူနဲ့ ထိုက်လို့ ရတာ သူကြိုးစားလို့ ရတာ အားလုံး အမြင်ပဲ ဒါတောင် တစ်ဖက်ကန်းအမြင်တွေနဲ့ ဗျာ ကိုယ်အား ပေးတဲ့သူ Winner ရလို့ ပျော်နေတာတောင် ပျောက်သွားတယ် ဘဝသမားလေး ရိုးသား ကြိုစားသူလေး သူ့ စေတ နာက မပံ့ပိုးပဲ ပရိတ်သတ်များတာ နယ်ရောမြို့ ရောပေါ့ တစ်ဖက်လူက ပံ့ပိုးမှု အား ကောင်းတာတာင် လက်တစ်ကွက်စာ ပရိတ်သတ်ပဲရှိတာ ဥပမာပြောပြတာပါ နောက်ဆုံး တော့ နစ်နာတာက ပြိုင်ဘက်တွေ မညီညွတ်ကြတာကပရိတ်သတ်တွေ အကျိုး အမြတ် ကတော့ Sponsor တွေပဲ သိမ်းကြမှာပါ Myanmar Idol ကိုကြိုက်ပါ တယ် ဒါပေမယ့် စီးပွားရေးဆန်တဲ့ ပြိုင်ပွဲမျိုးတော့ မဖြစ်ပါစေနဲ့ တွေးတောရင်း ကျွန်တော်ရဲ့ "အပြုသဘော နဲ့ Myanmmar Idol "ကို အဆုံးသတ်လိုက်ပါတယ်
Author winko ( Maun Mou Nja)
MSCး 234