ကျန်းမာရေးဗဟုသုတလေး ပြောပြချင်ပါတယ် ကိုယ်တိုင်ကသိထားပေမယ့်လည်း အမှုမဲ့ အမှတ်မဲ့ တစ်ခါတစ်လေ ဂရုမစိုက်မိသလို ဖြစ်နေတတ်တဲ့အရာလေးတွေ ရှိနေပါသေး တ ယ် ဘယ်လိုရှောင်ကြဉ်ရမယ်ဆိုတာတွေကို ရေးသား ပြောပြပေးပါရစေ
ကျွန်တော်တို့ နားကို မကြာခဏသန့် ရှင်းရေးလုပ်တတ်ကြပါတယ် မှန်ပါတယ် လုပ်ပေး ရမှာပါ ဒါပေမယ့်နားအတွင်းပိုင်းထဲကိုတော့ အမြဲလိုလို သန့် ရှင်းချောမွေ့  နေအောင်ထား ဖို့ တော့မလိုပါဘူး ဆိုလိုချင်တာက နားထဲက ချေး(ဂျီး)တွေကို အမြဲသန့် ရှင်းဖို့  မလိုပါ ဘူး တစ်ခါတစ်ရံ လောက်ပဲဖြစ်ဖြစ် မကြာခဏထက် ကြာတဲ့အတိုင်းအတာလောက်ပဲမှာ ပဲဖြစ်ဖြစ် သန့် ရှင်းပေးနိုင်ရင်အဆင်ပြေပါပြီ ကျွန်တော်တို့ နားထဲက နဖာချေး လို့  ခေါ်တဲ့ အဝါရောင်လေးအနှစ်လေးတွေဟာ တစ်ကယ်တော့ နားရဲ့ စွန့် ပစ်ပစ္စည်းတွေပါ ဒါပေမယ့် လည်း နားစည်ကို ထိခိုက်နိုင်တဲ့ပြင်ပကနေ နားထဲဝင်လာနိုင်တဲ့ ဘတ်တီးရီးယားပိုးတွေကို ကာကွယ်ပေးပါတယ် ဒါပေမယ့်နဖားချေးတွေ နားထဲ အရမ်းများလာရင်လည်း ဘတ်တီး ရီယားတွေခိုအောင်းတတ်လို့  နားထဲမှာ နဖာချေး အများကြီးမထားသင့်ပါဘူး တတ်နိုင်သ လောက် ကလော်ထုတ်ပေးသင့်ပါတယ် သတိထားရမှာကတော့ ပြောင်သလင်းနေအောင် ကလော်ထုတ်ဖို့ မလိုပါဘူး နဖာချေးတွေနားထဲများလာရင် နားကယားလာတတ်ပါတယ် အဲ့လို အချိန်မှာသာ တတ်နိုင်သလောက် ကလော်ထုတ်လိုက်တာ အကောင်းဆုံးပါ အမြဲလို လို ကလော်နေတာမျိုး မလုပ်သင့်ပါဘူး နဖာချေးဟာ နားရဲ့ စွန့် ထုတ်ပစ္စည်းမှန်ပေမယ့် နားအတွင်းပိုင်းကို ကာကွယ်ပေးနေတဲ့ အဆီအနှစ် တစ်ခုဆိုလည်း မမှားပါဘူး ဒါကြောင့် ဆင်ခြင်သတိပြုသင့်ပါတယ် ဆေးပညာအရရော ကျန်းမာရေးရှုထောင့်အနေနဲ့ ပါ တား မြစ်ထားပါတယ် နားကို သန့် ရှင်းအောင်ထားလို့ ရပါတယ် ဒါပေမယ့် အမြဲလိုလို မကြာခ ဏ ကလော်နေတာမျိုး မလုပ်ဖို့ ပဲဖြစ်ပါတယ်
နောက်တစ်ခုကတော့ "မျက်နှာ"ပါပဲ မျက်နှာကိုလည်းသန့် ရှင်းအောင် ထားရမယ်ဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ ဒါပေမယ့်မျက်နှာကို တစ်နေ့ ကို နှစ်ကြိမ်ထက် ပိုဆေးကြော မတိုက်(မသစ်)သင့်ပါဘူး (အမှန်တော့ မနေ့ ကပြီးခဲ့တဲ့အကောင်းအဆိုးတွေရှိတဲ့ ကိုယ့် မျက်နှာကို အသစ်တစ်ဖန် မြင်ချင် ဖြစ်ချင်တာနဲ့  မျက်နှာဆေးကြောတယ် သန့် ရှင်းတယ် ဆိုတာကနေ အသစ်ဖြစ်ချင်ကြတော့ မျက်နှာအသစ်ဖြစ်သွားတယ် မျက်နှာသစ်တယ်ဆို တာ ဖြစ်လာမိတယ်ပေါ့လေ… ထားပါတော့ ) မနက်ခင်းမှာ လူတွေက မျက်နှာကို အငမ်း မရသစ်တဲ့သူတွေရှိသလို ညင်ညင်သာသာ သစ်တဲ့သူတွေလည်းရှိပါတယ် အမှန်တော့ ဖြစ် နိုင်ရင် အေးအေးဆေးဆေး သက်သက်သာသာလေးနဲ့ ပွတ်တိုက်ဆေးကြောသင့်တာပါ ရေနဲ့ အရမ်းဆေးကြောရင် မျက်နှာက ဆဲလ်တွေအများကြီး ပျက်စီးထိခိုက်စေပါတယ် ပိုပြီး မျက်နှာ ရင့်မာလာတာပေါ့ တစ်ညလုံးအိပ်စက် အနားယူရင်း ခန္ဓာတစ်ခုလုံးက ပြော င်း လဲပြီး ဆဲလ်အသစ် ဖြစ်နေတာ မျက်နှာကဆဲလ်လေးတွေကလည်း နူးညံစွာ ရှင်သန်တဲ့ အခါ ကိုယ်ကဖျက်စီးမိသလို ဖြစ်တတ်ပါတယ် တစ်ခြားနူးညံစွာပြောင်းလဲနေတဲ့ အစိတ် အပိုင်း အချို့ လည်းရှိပါသေးတယ် (မဖော်ပြတော့ပါ) မျက်နှာက မနက်ခင်းတိုင်း လူတိုင်း အလျင်စလို သစ်တတ်တဲ့အရာတစ်ခုမို့ ပါ ကိုယ်လည်း စာသာရေးပြောတာ မနက်ခင်းဆို ရေလောင်းပွတ်သပ်ပြီး ပုံမှန်သစ်နေကျအတိုင်းပါပဲ တစ်ခါတစ်လေ အိပ်ရာက နောက်ကျ ရင် ပိုဆိုးတယ် မျက်နှာကို အမြန်သစ်ပစ်လိုက်တာ ပိုဆိုးတာက မျက်နှာကို ပြီးစလွယ်အ မြန်သစ်ပြီး ဆပ်ပြာ ပွတ်တိုက်ပစ်လိုက်တာတို့  မျက်နှာသစ်ခရင်မ်နဲ့ ဆေးပစ်လိုက်တာတို့ က ဆဲလ်တွေပျက်စီး နေတဲ့အပေါ် ထပ်ပြီး Chemical ပါတဲ့အရာတွေနဲ့  ဖျက်ဆီးလိုက် သလို ဖြစ်ရပါတယ် ဒါတွေဟာ တစ်ကယ်တော့ရှောင်ရှားသင့်ပါတယ် ပြုပြင်သင့်ပါတယ် ဒီနေ့ တော့ "ကျန်းမာရေးဗဟုသုတ ဂရုစိုက်ဖွယ်ရာများ "မှ" နားနဲ့  မျက်နှာ"အကြောင်းကို လေ့ လာရှာဖွေ ရေးသားတင်ပြလိုက်ရပါတယ်ခင်ဗျာ
အားလုံးကျန်းမာ ချမ်းသာကြပါစေ !!!
MSCး 234
Author >>> Winko (Maun Mou Nja)