ကျန်းမာရေးနဲ့ ပက်သက်တာလေး အနည်းငယ်တင်ပြရေးသားလိုပါတယ် ကျွန်တော်တို့ တွေနေ့ စဉ်အစားအသောက်မျိုးစုံ တွေ့ မရှောင်စားသုံးနေကြတာတွေဟာ တစ်ကယ်တော့ခန္ဓာကိုယ်မှာရှိတဲ့အစိတ်အပိုင်းတွေက ဖြေရှင်းလုပ်ဆောင်ပေးနေကြတာပါ ခန္ဓာကိုယ်အ တွင်းပိုင်းက အသည်း ကျောက်ကပ် အူတွေဟာ သူ့ ဟာနဲ့ သူ စနစ်တကျ လုပ်ဆောင်ဖြေ ရှင်းပေးနေကြတာပါ ရောဂါကြီးကြီးမားမား ထိခိုက်အားနည်းတာမျိုးမဟုတ်ပဲ မိမိသေ ဘာ နှင့် မိမိ ကုသ ပြုလုပ်နေတာမျိုးတွေ တွေ့ မြင်လာမိပါတယ် ကြိုတင်ကာကွယ်ထား ကြတယ်လို့ လည်းပြောကြပါတယ် ဒါပေမယ့် မလိုအပ်ပဲ အတင်းကာကွယ်ပြီး ကုသတား ဆီးနေတာမျိုးဟာ သာမာန်အတိုင်းလုပ်နေတဲ့ အစွမ်းသတ္တိတွေကို လျော့ပါးလာစေပါတ ယ် သဘာဝ အတိုင်းဖြေရှင်း ပေးနေတာက အန္တရာယ်မရှိပါဘူး စိုးရိမ်စိတ်လွန်ပြီး ကုသေ နတာမျိုးက ပိုပြီးရှိရင်းအာနိသင်ကို လျော့ပါးစေပါတယ်
ဒီမှာတစ်ခုပြောချင်တာက တစ် ချို့ ဝိသမလောဘသား ဆရာဝန်တွေက(အကုန်လုံးကို မရည်ညွှန်းပါဗျာ)ငွေကြေးအတွက် နဲ့ အတင်းကုသခိုင်းစေတာမျိုးလည်း ရှိတတ်ကြ ပါ တယ် ကျွန်တော်သိလို့ တတ်လို့ ရေးသားရခြင်းမျိုးတော့ မဟုတ်ပါ ကျန်းမာရေးမဂ္ဂဇင်း တစ်ခုမှာ ဆရာဝန်ကိုယ်တိုင်အကြံပေးလမ်း ညွှန်ထားသောဆောင်းပါးမှတွေ့ ၍ထုတ်နှုတ် ရေးသားအသိပေးရခြင်းဖြစ်ပါတယ် အဓိက ဖြစ်နေတဲ့ အရာကတော့ အူဆေးနေကြ နေ ခြင်းပါပဲ သူ့ ဘာသာသူ သန့် စင်ပေးနေတဲ့ အူကို ထပ်ပြီး ဆေးကြောနေ ကြတာဖြစ်ပါတ ယ် တစ်ချို့ များ ပိုက်ဆံပေါလွန်းတော့ အူကို သန့် စင်အောင် အချိန်ကုန်ခံ ငွေကြေးကုန်ခံပြီး ဆေးကြောနေကြပါတယ် ဒါဟာ ကောင်းတဲ့ အလေ့တစ်ခုမဟုတ်ပါဘူး အူလမ်း ကြောင်းမှာလည်း သူ့ ဟာနဲ့ သူ အညစ်အကြေးဟာ ထိုက်သင့်သလောက် ရှိနေတာဟာ လူကို ဒုက္ခမပေးပါဘူး အူမကြီးနဲ့ ပက်သက်ဆက်စပ်တဲ့ ရောဂါမျိုးမရှိပဲ အလွယ်တကူ ဆေးကြောနေတာမျိုးမလုပ်သင့်ပါဘူး ဆေးကြောတဲ့ ဒဏ် ကြောင့်သာအူကို ထိခိုက်နိုင် တာပါ အူကို ပြင်ပကဆေးကြောတဲ့ ဓာတုဆေးဝါးတွေကြောင့်သာလျှင် အူနံရံတွေ ပျက် ဆီးထိခိုက်နိုင်စေတာပါ ဒါကို ကျန်းမာပြီးရောဂါကင်းစေနိုင်တာ အူသန့် ဖို့ အဓိကဆိုပြီး မက်လုံးပေးတဲ့ပုဂ္ဂလိကဆရာဝန်တစ်ချို့ တို့ သိက္ခာစောင့်ထိန်း စေ လိုပါတယ် ငွေကြေး တတ်နိုင်သူပုဂ္ဂိုလ်များမှာလည်း အလွယ်တကူ ဆေးကြောတာမျိုး မလုပ်ဖို့ တိုက်တွန်းလို ပါတယ် အမှန်တော့ ဝမ်းမှန်ဖို့  ဝမ်းချုပ်တာမျိုး မဖြစ်ဖို့ က အဓိက ပါပဲ အူကတော့ သူ့ ဇီဝ စနစ်အရ သာမာန် ကျန်းမာတဲ့လူတိုင်းအတွက် သူ့ ဘာသာ သန့် စင် တဲ့စနစ်နဲ့ အလုပ်လုပ် ပြီးသားပါ ဒါကို ခေတ်မီကျန်းမာချင်တဲ့စိတ်တွေနဲ့  ငွေကုန်ခံပြီး ဆေး ကြောနေ တာတွေ ဟာ တစ်ကယ်တော့ အတွင်းအစိတ်အပိုင်းတွေကို ဖျက်ဆီး နေသလိုဖြစ် တတ်ပါတယ် သူ့ ဘာသာ သဘာဝအတိုင်း ဖြစ်နေတာကို ပျက်စီးအားနည်းနေမှသာ ပြုပြင် ကာကွယ်ရတာပါ မဟုတ်ရင် ရှိရင်းစွဲသတ္တိတွေတောင် လျော့ပါးထိခိုက်လာနိုင်ပါတယ် ဥပမာ ပြောရရင် အားဆေးကိုတောင် နေ့ တိုင်းလိုလို ကျန်းမာနေပါလျက် သောက်ကြတဲ့သူ အင်မတန်နည်း ပါတယ် ကျန်းမာတဲ့အချိန်သောက်လည်း အားပိုတိုးမလာပါဘူး နေထိုင်မကောင်းတဲ့အ ချိန်မှသာ သိသာတာပါ အားပြည့်တာပါ အားဆေးအားရှိတယ် ဆိုပြီး အချိန်တိုင်းပို သော က်နေလို့ လည်း မရပါဘူး ဒီလိုပါပဲ သဘာဝအတိုင်းကာကွယ်ပြုပြင်နေတဲ့အစိတ်အပိုင်း တွေဟာ ခန္ဓာကိုယ်မှာသူ့ ဘာသာသူ လည်ပတ်နေတာကို မလိုအပ်ဘဲ ထိခိုက်မိတာမျိုး မလုပ်မိအောင် သတိပြုဆင်ခြင်ကြဖို့ လိုကြောင်း ပြောပြလိုပါတယ်
Crd-org-source
ယခုတင်ပြရတဲ့ အကြောင်းအရာလေးကတော့ Wellness မဂ္ဂဇင်းမှာ ရေးသားထားတာလေးကို အနှစ်ချုပ် အသိပေးပုံစံဖြင့် ကိုယ်ပိုင် စကားလုံးများ ဖြည့်စွက် တည်ဆောက်ရေးသားလိုက်ရပါတော့တယ်
ကျွန်တော်တို့ တွေလည်း ကျန်းမာရေးအသိတရားလေးတွေနဲ့  ကျန်းမာအောင် နေထိုင်ကြ ပါစို့ ။
MSCး 234
Author >>> Winko (Maun Mou Nja)