ဒီကနေ့  Promotion post အတွက်ကတော့ မိုးရာသီအတွင်း ကျန်းမာရေးနဲ့ 
ပက်သက်တာလေးတွေ ဆောင်ရန်ရှောင်ရန်လေးတွေကိုပဲ အသိပညာပေးအနေနဲ့ 
အနည်းငယ်ပြောပြရေးသားလိုပါတယ် အခုလို မိုးတွင်းပိုင်း ရာသီဥတုမှာ အအေးမိ တုပ်ကွေးတွေ အဖြစ်များလာကြပါတယ် အအေးမမိဖို့  ခေါင်းကိုအမြဲရေမစိုဖို့ အထူးသတိပြုသင့်ပါတယ် နွေးနွေးထွေးထွေးနေပြီး ကိုယ်ခံအားကောင်းအောင် အမြဲဂရုစိုက်သင့်ပါတယ် နောက်ပြီးတော့ သွေးလွန်တုပ်ကွေးရောဂါကိုလည်း မဖြစ်မိအောင် ဂရုစိုက်ဖို့ လိုပါတယ် ဖြစ်ခဲ့ရင်လည်း နီးစပ်ရာ ဆေးပေးခန်းအထူးကုဆေးခန်းတွေမှာ အချိန်မီ ကုသစေချင်ပါတယ် အသက်ဆုံးရှုံး နိုင်လောက်တဲ့အထိ ဖြစ်စေနိုင်တဲ့ သွေးလွန်တုပ်ကွေး ရောဂါကို မပေါ့ဆသင့်ပါဘူး သွေးလွန်တုပ်ကွေးရောဂါဟာ ကလေးတွေ အပြင် လူကြီး,လူလတ်ပိုင်းတွေမှာလည်း ဖြစ်တတ်တာမို့ခြင်ကိုက်မခံရအောင် သတိထားနေထိုင်တာအကောင်းဆုံးပါ
မိုးတွင်းမှာ အနေအထိုင် အသွားအလာ အစားအသောက်က,အစ ဆင်ခြင်သတိထားဖို့ 
လည်းလိုပါတယ် အပြင်မှာမိုးအရမ်းရွာနေရင် လေပါတိုက်ခတ်နေရင် အပင်အောက်တွေ ဓာတ်တိုင် ဓာတ်ကြိုးအောက်တွေ အမှုမဲ့ အမှတ်မဲ့ မနေမိဖို့  လိုပါတယ် သတိထားသင့်ပါတယ် မိုးအရမ်းရွာနေတဲ့အချိန် မိုးခြိမ်းနေတဲ့အချိန်တွေမှာ ဖုန်းလိုင်းမသုံးမိဖို့ လည်း အရမ်းအရေးကြီးပါတယ် အခန့် မသင့်ရင် လျှပ်စစ်စီးဝင်ပြီးလူကိုထိခိုက်နိုင်တဲ့အထိ အန္တရာယ် ဖြစ်စေနိုင်ပါတယ် တစ်နေ့ ကပဲ Facebook ပေါ်မှာစိတ်မကောင်းစရာသတင်းတွေ့ ခဲ့ပါတယ် ကလေးငယ်လေး အလယ်တန်းကျောင်းသားပါ(နာမည်မေ့) မိုးရွာတဲ့အချိန် ဓာတ်ကြိုးပြတ်ကျနေတာကိုမသိတော့
ဓာတ်လိုက်ပြီး သေဆုံးသွားခဲ့ပါတယ် ဒီနေ့ ပဲ အသုဘချသဂြိုဟ်တယ် လို့ ဖတ်ခဲ့ရပါတယ်ဖြစ်စဉ်အတိအကျတော့ သေချာမဖတ်လိုက်မိပါဘူး ဖတ်မိတဲ့မိတ်ဆွေတွေလည်း တွေ့ မိကြမယ်ထင်ပါတယ် ဒါ့ကြောင့် မိဘတွေ ကလေးတွေကို အထူးဂရုစိုက်ဖို့ လိုပါတယ် အခုလို မိုးတွင်းမှာ ကိုယိကိုယ်တိုင်ရော ကိုယ့်မိသားစုရော ကလေးတွေကိုပါ ဂရုတစိုက် သွားလာနေထိုင်ဖို့ သင်ခန်းစာယူဖို့ လိုပါတယ်
နောက်တစ်ခုကတော့ အားလုံးသိကြတဲ့အတိုင်း တိုင်ဖွန်း မာရီယာမုန်တိုင်း ဖြစ်ပေါ်နေတဲ့အတွက် ထပ်ပြီး ဂရုတစိုက်နေဖို့  အကြံပြုလိုပါတယ် ကိုယ်နိုင်ငံကို ဦးတည်ပြီး တိုက်ခတ် ဝင်ရောက်လာတာ မဟုတ်ပေမယ့်လည်း အိမ်နီးချင်းနိုင်ငံတွေကို မုန်တိုင်းက ဗဟိုပြုနေတာ အားလုံးအသိပါ မုန်တိုင်းကြောင့် ဂျပန်ဟာ ရေကြီးမှုတွေ အတော်အတန်ဖြစ်ပွားခဲ့ရပြီး တိုက်ခတ်လို့ အားရပြီးတဲ့နောက် အခု ထိုင်ဝမ်ဘက်ကို ဦးတည်တိုက်ခတ်နေပါတယ် ထိုင်ဝမ်ကလည်း ဝင်ရောက်လာမယ့် မုန်တိုင်းအခြေအနေကို ကြိုတင်သိထားပြီးမို့  ကြိုတင်ပြင်ဆင်မှုတွေနဲ့ ခုခံဆောင်ရွက်နေပါတယ် ကိုယ့်နိုင်ငံကို ဦးတည်မှုမရှိပေမယ့်လည်း မုန်တိုင်း အရှိန်ကြောင့် မိုးရွာသွန်းမှုတွေကတော့ အမြဲဖြစ်ပွားနေတော့ ကျွန်တော်တို့ တွေလည်း အစစအရာရာ သတိထားသွားလာသင့်ပါတယ် အခုလို မိုးရာသီမျိုးမှာအစားအသောက် ကျန်းမာရေး လျှပ်စစ်အန္တရာယ် မုန်တိုင်းသတင်း စသဖြင့် သတိထား နေထိုင်သွားဖို့ နှိုးဆော်လိုပါတယ်
Crd-org-source
Steemit User အပေါင်းသူတော်ကောင်းတို့ လည်း ဘေးဥပါဒ်ရန်အပေါင်း ကင်းစင်လို့ 
အေးချမ်းသာယာနိုင်ကြပါစေခင်ဗျာ
MSCး 234
Author >>> winko