" မာနကြီးနေလား (သို့ )အထင်ကြီးနေလား " ဒီမေးခွန်းက တစ်ခါတစ်လေ ကိုယ်က သူတ စ်ပါးအပေါ်တွေးမိတတ်သလို ကိုယ့်ကိုယ်ကိုယ်လည်း ပြန်မေးမိတတ်တာမျိုးပါ ဆိုလိုတာ ကတော့ ကိုယ့်လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ့်ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် ကိုယ် ကြည့်မရတဲ့သူ (သို့ )ကိုယ်နဲ့ အဆင်မပြေတဲ့သူဆို ဒီလူက မာနကြီးလှချည်လား သူ့ ကိုယ်သူ ဘဝင်တွေမြင့် အထင်တွေကြီးနေတာ စသဖြင့် ပြောမိတတ်ကြမှာပါ ဒါမှမဟုတ် လည်း ကြားမိတတ်ကြမှာ ပုထုဇဉ်လူသားဆိုတော့လည်း အနည်းနဲ့ အများဆိုသလိုပြောဖူး ကြုံဖူးကြမှာပါ မသိစိတ်ထဲ မကောင်းတဲ့စိတ်အာရုံက အမြဲပေါက်ဖွား ကိန်းအောင်းနေေ တာ့လည်း အထင်မှား အမြင်မှားတဲ့စိတ်အာရုံတွေ အတွေးတွေက အမြဲလိုလို ကပ်ငြိနေတဲ့ လူသားတွေပဲလေ အပြစ်ချည်းတင်နေလို့ တော့လည်း မဖြစ်ပြန်ဘူး သတိ သမာဓိမြဲတဲ့ ပုဂ္ဂိုလ်တွေကတော့ တစ်မျိုးပေါ့ ကဲ…ထားပါတော့ ကျွန်တော့်ဆိုလိုရင်းလေး တစ်ဖန် ဆက်ပြောပါမယ်
ကိုယ်ကသူများကို မာနကြီးနေလား ?အထင်ကြီးနေလား?လို့ တွေးထင်မိကောင်း ထင်မိ တယ်ထားပါတော့ အမှန်တော့ ငါရော မာနမကြီးခဲ့မိဘူးလား? ငါလည်း ဘဝမှာ ကိုယ့်ကို ယ် အထင်ကြီးပြီး ပြောမိလုပ်မိခဲ့တာမျိုး မရှိခဲ့ဘူးလား? ဆိုတာ ပြန်လည်သုံးသပ်ဆင်ခြင် သင့်ပါတယ် အမှန်ဆို လောကနီတိအရ ကိုယ့်ကိုယ်ကို နှိမ့်ချ ပြောဆို နေထိုင်သင့်တာပါ ကိုယ့်ကိုယ်ကို အထင်ကြီးမာနကြီးနေရင် သူများအပေါ်ကျ အလိုလို အထင်အမြင်သေး သွားတတ်ပါတယ် မင်းတို့  ငါ့လောက်မသိဘူး ငါ့လောက်လည်း မရှိဘူး စသဖြင့် " ငါ " အတ္တတွေကို စားသုံးပြီး စိတ်ထဲကြံစည်တွေးတောနေတတ်သလို အပြင်လက်တွေ့ ဘဝမှာ လည်း ဘဝင်မြင့်ပြီး နေထိုင်သွားတတ်ပါတယ် အဲ့လို အများတစ်ဖက်သားကို ဘဝင့်မြင့် အထင်သေးမိတဲ့အတွက် ကြောင့် တစ်ဖက်လူလည်း ကိုယ့်အပေါ် မုန်းတီးသွားတတ်ပါ တယ် နောက်ဆုံး အကျိုးယုတ်ပြီး နှစ်ဘက်စလုံး မသင့်မမြတ်ဖြစ်လို့  နစ်နာကြရတာပါပဲ
အရှင် ဆန္ဒာဓိက (ရွှေပါရမီတောရ)ရေးသားထားတဲ့ "ငြိမ်းချမ်းသော ဘဝပိုင်ရှင်ဖြစ်ဖို့ " ဆိုတဲ့စာအုပ်မှ အနည်းငယ်ထုတ်နုတ်ကိုးကားပြောချင်ပါတယ် ဆရာတော် ရေးသားပြော ဆိုထားတာကတော့ " တစ်ကယ်တော့ မာနကြီး နေတယ်ဆိုတာက အထင်ကြီးနေတယ်ဆို တဲ့ လက္ခဏာပါပဲ အထင်က အထင်ပါပဲ အမြင်မဟုတ်ပါဘူး တစ်ကယ်လက်တွေ့ လည်း မဟုတ်ပါဘူး မာနကြီးတယ်ဆိုတာက အထင်ကြီးနေတယ်ဆိုတဲ့ စကားလုံးကို သုံးနှုန်းထားတာ ဖြစ်ပါတယ် လောကမှာ ဘဝမှာ မာနကြီးလောက်စရာ ဘဝင်မြင့်ပြီး ကြီး ကျယ်လောက်တဲ့အရာ ဘာဆို ဘာမှ မရှိဘူး"လို့  ရေးသားမိန့် ဆိုထားပါတယ် ဆရာတော် ကိုလည်းလေးစားကြည်ညိုရှိခိုးဦးခိုက်မိပါတယ်
ကျွန်တော်တို့ လည်း ဘဝမှာ မကြာခဏဆိုသလို အထင်ကြီး မာနကြီးမိတတ်ကြပါလိမ့်မ ယ် ဒါမှမဟုတ်လည်း သူတစ်ပါးရဲ့ အပြင်အဆင် အနေအထိုင်ကိုကြည့်ပြီး အထင်သေး အမြင်သေး ဖြစ်မိတတ်ကြပါလိမ့်မယ် ဒါတွေဟာ မကောင်းတဲ့ အကျင့်စရိုက်တွေပါ စိတ် ရဲ့  မသိစိတ်လှုံ့ ဆော်မှုတွေကြောင့်လည်း ဖြစ်ကြရတာတွေလည်း ရှိမယ် နဂိုဗီဇ အရ ပြောဆို ကျင့်ကြံနေကြတာမျိုးလည်း ရှိကောင်း ရှိကြမှာပါ ဘယ်လိုပဲဖြစ်ဖြစ် အထင်ကြီး မာနကြီးတဲ့စိတ်တွေဟာ လူမှုရေးနယ်ပယ်ပေါင်းသင်းဆက်ဆံရေးမှာ အများကြီး မှားယွင်းမှုတွေ ဖြစ်နိုင်ပါတယ် ပိုဆိုးတာက မပြစ်မှားထိုက်တဲ့ သူတော်စင်တွေ ပုဂ္ဂိုလ်တွေအပေါ် ပြစ်မှား အထင်မှား မိရင် ဒီဘဝအတွက်ရော နောင်သံသရာဘဝအတွက်ပါ မကောင်းတဲ့အတွက် သတိထား ဆင်ခြင်ပြီး မှတ်သားလိုက်နာဖို့ လိုအပ်ကြောင်းပြောကြားရင်း စာကို အဆုံးသတ်ပါတယ်
အားလုံး ကျန်းမာ ချမ်းသာလို့  စိတ်နှလုံး အေးချမ်း သာယာနိုင်ကြပါစေ
MSCး 234
Author >>> Winko (Maun Mou Nja)