" My terrible dream !!! Episode ( 1 ) "ပြန်လည်ဖတ်ရှုနိုင်ပါသည်။
https://steemit.com/myanmar/@winko/my-terrible-dream-episode-1-8613d3d4a1fce
" My terrible dream !!! Episode ( 2 ) "ပြန်လည်ဖတ်ရှုနိုင်ပါသည်။
https://steemit.com/myanmar/@winko/my-terrible-dream-episode-2-aad910fa3370c
" My terrible dream !!! Episode ( 3 ) "ပြန်လည်ဖတ်ရှုနိုင်ပါသည်။
https://steemit.com/myanmar/@winko/my-terrible-dream-episode-3-d28693e3eab0e
" Episode ( 4 )
ကျွန်တော် အဲ့ဒီ့လိုဖြစ်နေတာတွေကို တစ်ကယ်မဟုတ်မှန်းသိလာတာနဲ့ "အိပ်မက်က ထမှ ရမယ် နိုးမှဖြစ်မယ်" " ထကွာ မြန်မြန်ပြီးတော့ "ဆိုပြီး စိတ်ထဲ ဆက်တိုက်ရေရွတ်လိုက်တာ လူလည်းအရမ်း မောလာတယ် အဲ့လိုစိတ်ထဲ မောမောနဲ့ ဆက်ပြောနေရင်း သူငယ်ချင်း မျက်နှာကို လှမ်းကြည့်မိလိုက်တယ်လေ သူ့ မျက်နှာက တစ်ဖြည်းဖြည်းရယ်လာပြီးတော့ နောက်ဆုံးဂျိုကာမျက်နှာ (Batman ဇာတ်ကားထဲက ဗီလိန်) လို ဖြစ်သွားပြီးတော့ ကျွန် တော်လည်း လုံးဝလန့် ပြီးနိုးသွားတယ် နိုးမှဖြစ်တော့မှာလေ မဟုတ်ရင်ရှေ့ ဆက်ဘာတွေ ဖြစ်နေဦးမလဲ မသိတော့ဘူး နိုးတာနဲ့ မျက်လုံးဖွင့်လျက်သား မီးပိတ်ထားပေမယ့် အိမ်အ ပြင်က အလင်းရောင်ကြောင့် မျက်လုံးရှေ့ တည့်တည်က ခြင်ထောင်ကို ဝိုးတစ်ဝါး မြင်နေ ရတယ် လူကမောနေပြီ ဒါပေမယ့် မလှုပ်ရှားသေးပဲ မျက်လုံးဘေး ဘယ်ညာကစားကြည့် လိုက်တယ် အခုလည်း "အိပ်မက်လား တစ်ကယ်လား "ဆိုပြီး တွေးမိနေပြန်တယ်"အိပ်မက် မဟုတ်တော့ဘူး အခုကတစ်ကယ့်အပြင်လောက " "ငါ တစ်ကယ်ပဲ အိပ်မက်ကိုလှုပ်နှိုးပြီး ထခဲ့ရပါလား "ဆိုပြီး နည်းနည်းပျော်သလိုတော့ ဖြစ်မိတယ် စွန်းစားခန်း တစ်ခုခုကနေ လွတ်မြောက်လာသလိုလည်း ခံစားမိတယ် ခြင်ထောင်ထဲမှာ ကျွန်တော် မအိပ်နိုင်သေးပဲ စဉ်းစားခန်းတွေ ဖွင့်နေမိတယ် "အိပ်မက်ထဲမှာ သူငယ်ချင်းနဲ့ စကားပြောတယ် အမေ့ ကို ခေါ်လိုက်တယ် အမေရောက်လာတော့ အိပ်မက်ကို ကျွန်တော် ပြောပြနေတုန်း တံခါးလာ ခေါက်တယ် အိပ်မက်က နိုးနေတာကို မပြီးသေးပဲ ဆက်ချည်နှောင်သွားတာလား? ဒါမှ မဟုတ် လူကမနိုးလို့ ပဲ အိပ်မက်ထဲ ဆက်မျောနေတာလား? အိပ်မက်ထဲမှာထပ်ဆင့်ပြန်ပြီး အိပ်မက်မက်တာလား? ကျွန်တော်လည်း မေးခွန်းတွေ ကိုယ့်ကိုယ်ကိုမေးပြီး မဝေခွဲတတ် နိုင်ဘူးဖြစ်နေတယ် ပြန်အိပ်ရမှာလည်း နည်းနည်းတော့ စိတ်ထဲ ထိတ်လန့် နေမိတယ် အဲ့ဒါနဲ့ ခေါင်းအုံးဘေးက ဖုန်းကိုလက်နဲ့ ရှာဖွေပြီးစမ်းလိုက်တယ် နာရီကြည့်လိုက်တော့ ၂နာရီ ၅ မိနစ် တဲ့  ………
တော်တော်နဲ့ မအိပ်နိုင်သေးပဲ အိပ်မက်က အကြောင်းတွေ ပြန်စဉ်းစားပြီး သူငယ်ချင်းကို လည်းသနားမိတယ် "သူများမကျွတ်မလွတ်သေးဘူးလား?" ငါများစိတ်စွဲပြီး အိပ်မက်မက် နေတာလား?" "သူကသူ့ အမေကို အရမ်းချစ်တော့ ကုသိုလ်ရနိုင်ပါလျက် သာဓုခေါ်နိုင်ပါ လျက်နဲ့ သူ (သာဓု)မယူသေးတာလား? "ဒါမှမဟုတ် ဆိုင်ရာပိုင်ရာပုဂ္ဂိုလ်တို့ ကခွင့်ပြုထား လို့ များ ခေတ္တသွားလာနေတာလည်း ဖြစ်နေမလား?" " နောက်ဆုံး နာနာဘာဝ ပြိတ္တာတစ် မျိုးမျိုး ဖြစ်ချင်ဖြစ်နေမလား? စသဖြင့် အမျိုးမျိုးတွေးပြီး အတွေးတွေ နယ်ချဲ့ နေမိတယ် ဒါပေမယ့် ဘယ်သူမှတော့ သူ အခုထိခြောက်လှန့် တယ် သူ့ ကိုတွေ့ မိတယ်လို့ တော့ မ ပြောကြပါဘူး ဒါပေမယ့် သူ့ အိမ်အနီးနားမှာ သူဟာ ရှိနေသေးတယ်ဆိုတာတော့ စိတ်ထဲခံ စားမိပါတယ် သူဆုံးပြီး ၃လကျော် ၄လလောက်အထိ သူ့ အိမ်နားက ညဘက်ဆို တိတ် ဆိတ်နေတာပါ အခုတော့ ညတိုင်းမဟုတ်ပေမယ့်လည်း သူ့ အိမ်နား ခွေးတွေ ဆွဲဆွဲ ငင်ငင် အူနေတာဟာ ကြားရတဲ့သူစိတ်ကို ခြောက်ခြားစေတာအမှန်ပါပဲ အခုဆို ညတိုင်း လိုလို ၁၁နာရီကျော် (သို့ ) ည ၁နာရီကျော် နဲ့ ၂နာရီ လောက်ဆို သူဟာ သူ့ အိမ်နားကို လာနေ တာလား? သူဘယ်နေရာမှာနေပြီး ဘယ်လိုလာတာလဲ ? မေးခွန်းတွေထဲ နစ်မွန်းရင်း ကျွန်တော်လည်း တိကျ သေချာနိုင်လောက်တဲ့ အဖြေမထွက်တတ်တော့ဘူးလေ အဲ့လိုနဲ့ ပဲ တစ်ညလုံးမိုးလင်းပြီးအိပ်မက်ဟာ အဆုံးသတ်သွားပါတယ် နောက်နေ့ တွေလည်း ထပ်ပြီး မမက်လာတော့ပါဘူး အဲ့လို ထူးဆန်းတဲ့ အိပ်မက် အဖြစ်အပျက် ဖြစ်ပြီးနောက်ပိုင်း အခု စာရေးနေတဲ့အချိန်ထိ ဘယ်လိုအိပ်မက်မျိုးမှ ထပ်ပြီး မက်မလာသေးပါဘူး အခုအိပ်မက် ကတော့ ဘဝမှာမေ့မရနိုင်တဲ့ ဆိုးရွားဝမ်းနည်းထိတ်လန့် ဖွယ် ကိုယ်တွေ့ အိပ်မက်ဖြစ်ရပ် လေးပါ ကျွန်တော့်ရင်ထဲ အမှတ်တရအဖြစ် ဆက်လက်တည်ရှိနေလိမ့်မယ်လို့ လည်း ထင် မိပါတော့တယ် ဖတ်ရှုသူ မိတ်ဆွေသင်္ဂဟများအားလုံးကို လည်း အထူးပဲကျေးဇူးတင်ရှိပါ ကြောင်းပြောကြားရင်း ကျွန်တော့်ရဲ့  ဆိုးရွားဝမ်းနည်းဖွယ်ရာအိပ်မက် ( My terrible dream) ကို နိဂုံးချုပ်လိုက်ပါတယ်
(ဝန်ခံချက်။ ။ဒါဟာ ကိုယ်တွေ့ အိပ်မက်ကို အခြေခံပြီး ခံစားသက်ဝင်ရေးသားထားတဲ့ ဖြစ်ရပ်တွေပါ သေဆုံးသွားတဲ့ သူငယ်ချင်းကို ထိခိုက်နစ်နာစွာရေးသားစေတဲ့ စိတ်သန္ဓေ ဆန္ဒ,မပါရိုးအမှန်ပါ ဗဟုသုတသက်သက် Post အဖြစ်ရိုးသားစွာရေးသားရခြင်းဖြစ်ပါ တယ် အိပ်မက်က နိမိတ်တစ်ခုရဲ့ ပုံရိပ်လည်း ဖြစ်ချင်ဖြစ်နေမယ် စိတ်စေတသိုက်စွဲလမ်းပြီး မက်တာလည်း ဖြစ်ကောင်းဖြစ်နိုင်မယ် ဘယ်ဟာရယ်လို့ လုံးဝဥဿုံအတည်သတ်မှတ်လို့ မရနိုင်ပါဘူး သူ(သူငယ်ချင်း)လည်း ကျွတ်လွတ်ပြီး သင့်တော်တဲ့ ဘုံဘဝတစ်ခု ရောက်နေ ရင်လည်း ရောက်နေမယ် ဝိဥာဉ်ဘဝနဲ့ သွားလာနေတုန်းလည်း ဖြစ်ချင်ဖြစ်နေပါလိမ့်မယ် ကျွန်တော် တိကျနိုင်လောက်တဲ့အဖြေပေးဖို့ ဥာဏ်မမီပါဘူး ကျွန်တော့်အရေးအသားမှာ မသင့်တော်တာများ မရေးသင့်တာများ ပါမိခဲ့ရင်လည်း နားလည်ခွင့်လွှတ်ပေးကြပါ ……… လူသားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။)
MY TERRIBLE DREAM " 1, 2 , 3 & 4 " ARE ENDED.
MSCး 234
Author >>> Winko (Maun Mou Nja)