အပိုင်း( ၁ )ဖတ်ရန်(https://steemit.com/myanmar/@winko/myawidan-lw-pundefined-lw-nny-undefined-edaf274ecade6)
ပထမပိုင်းအနေနဲ့  လှူဒါန်းနိုင်တဲ့ အကြောင်းအရာ ၅ ခုထဲမှ ၂ ခုကို အထက်ပါ Link မှာ ရေးသားတင်ပြပြီးဖြစ်ပါတယ် အခု ကျန်ရှိနေသေးသာ အကြောင်းအရာ ၃ ချက်ကို ဆက် လက်ရေးသားတင်ပြပါမယ်
Crd-org-source
၃။မျက်လုံးတွေကလည်း အလှူအတန်းလုပ်လို့ ရတယ် ကုသိုလ်လုပ်လို့ ရပါတယ် ဘယ် လိုလုပ်လို့ ရသလဲဆိုရင်တော့ မျက်လုံးတွေဟာ တစ်ယောက်နဲ့ တစ်ယောက်ကြည့်ရှုရာမှာ အသုံးပြုရင်း ကုသိုလ်ဒါနယူဆောင်တဲ့သဘောပါ ဒါပေမယ့် ကောင်းသောအကြည့် ကော င်းသောအမြင်တို့ နှင့် ကြည့်မှသာ ကုသိုလ်ရမှာ ဖြစ်ပါတယ် ကိုယ့်ရဲ့ တစ်နေ့ တာမှာ ဖြူ စင်စွာ တောက်ပတဲ့အကြည့် မျက်ဝန်းများနဲ့  လူမျိုးချမ်းသာမရွေး ဖော်ရွှေသော အကြည့် များနဲ့ ကြည့်နိုင်ခြင်းဟာလည်း မင်္ဂလာတစ်ပါး ကုသိုလ်တရားရရှိနိုင်တယ်ဆိုတာကို ဆိုလို ထားခြင်းဖြစ်ပါတယ်
၎။ပါးစပ်ဆိုတာကတော့နှုတ်ရဲ့ ပြောဆိုထွက်ပေါ်လာတဲ့ စကားလုံးများကို ရည်ညွှန်းပါတ ယ် အရေးကြီးတဲ့ လုပ်ငန်း/လုပ်ရပ်တစ်ခုပါပဲ နှုတ်ကြောင့် သေပွဲဝင်ခဲ့ရတဲ့ ပုံပြင် ဖြစ်ရပ် သာဓကတွေလည်း အများကြီးရှိပါတယ် နှုတ်ပါးစပ်ရဲ့  ပြောဆိုမှုတွေဟာ တစ်ခါတစ်ရံ စိတ်ရဲ့ စောဒကတက်ပြီးအလျင်ပြောဆိုမိလို့ တစ်ဘက်သားထိခိုက်မိစေရပါတယ် ဒါကြောင့် အလွယ်တကူအမြန် မပြောဆိုသင့်ပါဘူး မပြောခင်ကြိုတင်စဉ်းစား လေ့လာထားရပါ မယ် ဆင်းရဲချမ်းသာ အယုတ်အလတ်မရွေး အားလုံးအပေါ် ချိုသာစွာ ပြောဆို ဆက်ဆံ တတ်ရပါမယ် လူသားအားလုံး မင်္ဂလာတရားနဲ့ အညီ ပြောဆိုဆက်ဆံမယ်ဆိုရင် အများ ကြီး ကုသိုလ်တရားတွေရရှိခဲ့ကြမှာ ဖြစ်ပါတယ်
၅။နှလုံးသားကတော့ တစ်ကယ့်ဖြူစင်တဲ့ စိတ်ဆန္ဒတစ်ခုပါပဲ စိတ်နှလုံးသားက စေ့ဆော် ထုတ်လွှတ်လိုက်တဲ့အသိတရား စေခိုင်းမှုတွေဟာ ပုထုဇဉ်သာမန်လူတွေအဖို့ တော့ အမြဲ တမ်းမဖြူစင်နိုင်သလို အမြဲလည်းညစ်နွမ်းမနေပါဘူး စစ်မှန်မှုတွေ ဖြူစင်မှုတွေ လိမ်ညာ မှုတွေဟာ စိတ်နှလုံးသားရဲ့ သန္ဓေစွမ်းအားတွေပါ နှလုံးသားကို ခက်ထန်လာအောင်လည်း ပြုလုပ်လို့ ရတယ် နူးညံ့သိမ်မွေ့ အောင်လည်း ပြုပြင်လို့ ရပါတယ် ကိုယ့်ရဲ့ နှလုံးသားကို ကိုယ်က ထိန်းကျောင်းပေးရတာပါ နှလုံးသားနဲ့ တည်ဆောက်ပြုလုပ်တဲ့ အရာတိုင်းဟာ အေးချမ်းတယ် ကြည်လင်တယ်ဆိုတာကိုလည်း အခြေခံယေဘုယျသဘောအားဖြင့်တော့ မှတ်သားနိုင်ပါတယ် စစ်မှန်တဲ့အသိတရားပါတဲ့ နှလုံးသားဖြစ်ဖို့ တော့ လိုအပ်ပါလိမ့်မယ်
နှလုံးသားနဲ့ လှူဒါန်းနိုင်တယ်ဆိုတာကတော့ နှလုံးသားကို သဒ္ဒါတရားနဲ့ ပေါင်းစပ်ပြီး ကူ ညီလို့ ရတယ် ပေးကမ်းလို့ ရတယ် တစ်ဘက်သားအပေါ် နှလုံးသားစိတ်နဲ့  ကူညီစောင့် ရှောက် ဖေးမခြင်းတွေလို့ မှတ်ယူနိုင်ပါတယ် ငွေကြေးဒါန မတတ်နိုင်ပါစေဦးတော့ နှလုံး သား မေတ္တာတရားတွေနဲ့  ကိုယ်တတ်နိုင်သလောက်ပေးစွမ်းလို့ ရနေတာပဲလေ ကိုယ့်နှလုံး သားကို ကိုယ်ကသီးသန့် ပိုင်တာပါ နှလုံးသားရဲ့ မေတ္တာတရား အသိတရား သဒ္ဒါတရား ကုန်သွားပြီ limited ဖြစ်သွားပြီလို့  မသတ်မှတ်ထားပါဘူး ကိုယ်က မောင်နှင်စေခိုင်းထုတ် လွှတ်ပေးနေသူဆိုတော့ ကိုယ်ပေးသလောက် နှလုံးသားအဟာရကထွက်နေမှာပါပဲ သူများ အကျိုးဆောက်ရွက်ပေးနိုင်တဲ့ ပရဟိတသမားစစ်စစ်တွေဆိုတာ တစ်ကယ့်နှလုံးသား အ မြူတေပိုင်ရှင်တွေပါပဲ တစ်နေ့ တာကို နှလုံးသားရဲ့ စစ်မှန်တဲ့ စိတ်သဒ္ဒါတရားနဲ့ ကူညီ နိုင် သူတွေပါ အင်မတန်လုပ်ဆောင်ရခက်တဲ့ လူသားတွေပါ ကျွန်တော်တို့ လည်း တစ်နေ့ တာ နိုးထလာတဲ့နေ့ သစ်တွေမှာ ဘဝရဲ့  မဖြစ်မနေ လုပ်ဆောင်ရမယ့် တာဝန်တွေကြားမှာ စိတ် နှလုံးသား အမြဲမဖြူစင်နိုင်ပါဘူး ဒါပေမယ့် ရတဲ့အချိန် နာရီ မိနစ်ပိုင်းလေးမှာ စိတ်ကြည် လင်စွာ ပေါ့ပေါ့ပါးပါးကူညီထမ်းရွက်လို့ ရနိုင်တာလေးတွေကို ကူညီရင်း နှလုံးသား ဒါန ကုသိုလ်စိတ်လေးတွေ ရရှိစေနိုင်မှာ ဖြစ်ပါတယ် ( နှလုံးသားကို Talking နည်းနည်းပို ထည့် မိတာ ခွင့်လွှတ်ပါ 😊😊😊💚💚💚 😎😎😎)
နိဂုံးချုပ်အနေနဲ့ ကတော့ ၁။ကိုယ်ခန္ဓာ ၂။အပြုံး ၃။ပါးစပ် ၄။မျက်လုံး နဲ့ ၅။နှလုံးသားကို တစ်သားတည်း ပေါင်းဆုံစေပြီး ထိုအချက် (၅)ချက်နဲ့  ဘဝကို အလှူအတန်းပြုလုပ်၍ ကုသိုလ်ရယူနိုင်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတော့သည်။
MSCး 234
Author >>> Winko (Maun Mou Nja)