တစ်ခါတစ်ရံမှာ ဘဝအတွက် နာကျင်စရာတွေဟာ ခွန်အားအဖြစ်ပြောင်းလဲအသုံးချရင် ဘဝအတွက်အကျိုးရှိပြီး အောင်မြင်မှုများစွာရနိုင်ပါတယ် လောကဓံရဲ့ ထိုးနှက်ချက် ကြောင့်ပဲဖြစ်စေ ကိုယ့်ကိုထိခိုက်စေလိုသူတွေကြောင့်ပဲဖြစ်စေ ကိုယ့်အပေါ်ရိုက်ခတ်လာ တဲ့ နာကျင်မှုတွေဟာ ကောင်းမွန်စွာအသုံးချတတ်မယ်ဆိုရင် အောင်မြင်တဲ့ လွတ်လပ် ပျော်ရွှင်တဲ့ ဘဝကိုပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ် ဒီနေရာမှာ ပြောချင်တာကတော့ အောင် မြင်တဲ့သူတိုင်း နာကျင်ဒုက္ခခံပြီးမှ အေးချမ်းပျော်ရွှင်တဲ့ဘဝ ရရှိတယ်လို့ ပြောတာမျိုး မဟုတ်ရပါ လူတိုင်းဖြတ်သန်းရုန်းကန်လာရတာခြင်းက မတူညီကြဘူးဆိုတော့လည်း များ သောအားဖြင့်တော့ အခက်အခဲဒုက္ခတွေ ဖြတ်ကျော်ပြီးမှသာ နေရာမှန် လမ်းမှန်သို့  ရောက်ရှိရခြင်းကို ပြောချင်တာဖြစ်ပါတယ်
အလွယ်ဆုံးသာဓကလေးတွေနဲ့ ပြောရင်တော့ ငယ်ငယ်ကကျောင်းတက်ခဲ့တုန်းက အသင် အပြကောင်းတယ် အပေါက်ဆိုးတယ်(စကား ပြောကြမ်းတယ်)ဆိုတဲ့ဆရာ ဆရာမတစ်ချို့ ရှိခဲ့ဖူးတယ် ငယ်စဉ်နုစဉ်ကာလကတော့ မသိဘူးလေ ဒီဆရာ/ ဒီဆရာမက ငါ့ဆို ဘယ်လို ပြောတာ စာသင်တာလည်း စာမရတာနဲ့ ရိုက်တာ ဘယ်လိုလုပ်တယ် ဘာဖြစ်တယ် ဘယ် လိုဖြစ်တယ် နဲ့ စိတ်ထဲတော့ ရိုးသားစွာတွေးပြီး အပြစ်တင်မိမှာပါ ဒါပေမယ့် အသက်အ ရွယ်ရလာလို့  အလုပ်တွေလုပ်လာကြတဲ့အခါ နယ်ပယ်မျိုးစုံ လူမျိုးစုံနဲ့  ပေါင်းသင်းဆက် ဆံလာရပြီလေ အဲ့ဒီ့လို အချိန်ကာလတွေကျတော့မှ တစ်ချို့ ကိစ္စ ပညာရပ်တွေမှာ ဆရာ ဆရာမ သင်ပေးလိုက်တဲ့ဘာသာရပ်တွေ( သို့ )Formular တွေက စိတ်ထဲစွဲနေတယ် ပြန် အသုံးချရတာအဆင်ပြေပြီး အထောက်အကူဖြစ်နေတာမျိုးတွေဖြစ်လာတယ် ဒါတွေဟာ တစ်ချိန်က ကိုယ့်ကို နာကျင်စေတဲ့စိတ်နဲ့ လုပ်တာမှန်ပေမယ့် နာကျင်ပါစေဆိုတဲ့စိတ်နဲ့  လုပ်ခဲ့တာမဟုတ်မှန်းသိလာရတော့ တစ်ကယ့်လက်တွေ့ ဘဝတွေမှာ အောင်မြင်မှုတွေ ရရှိလာတာဖြစ်ပါတယ်
ငါးပုံပြင်လိုပေါ့( ကြားဖူးတဲ့သူတွေလည်းရှိမှာပါ) ငါးတစ်ကောင်ဟာ သောင်ကမ်းစပ်နား ကို လှိုင်းပုတ်တဲ့ဒဏ်ကြောင့် ရောက်ရှိလာတယ် ကမ်းနဲ့ လည်းဝေးသွားပြီး နည်းနည်း အနာတရ ဖြစ်သွားတယ် ငါးဟာ ရေရှိတဲ့ကမ်းကို တတ်နိင်သလောက် ခုန်ပြီးတွန့် လူးပြီးသွား နေပေမယ့် ကမ်းကို မရောက်နိုင်သေးဘူး ဒါကိုမြင်တဲ့ ပုရွက်ဆိတ်တွေက ဒီငါးဟာ ဒီအတို င်းဆို မကြာခင် ကမ်းမရောက်ပဲ သေသွားလိမ့်မယ် ငါတို့ လည်း ငါးကို မသယ်ပေးနိုင်ဘူး ဒီတော့ ငါးကို ရေရှိတဲ့ ကမ်းဘက်ရောက်အောင်ငါတို့ အားလုံး နာကျင်အောင်ဝိုင်းကိုက် ကြမယ်ဆိုပြီး ငါးကို ဝိုင်းကိုက်ကြတယ် ငါးလည်း ပုရွက်ဆိတ်တွေ ကိုက်တဲ့ဒဏ်မခံနိုင်တာနဲ့  ခုန်ရင်း လူးရင်းရေရှိရာဘက်ကို ရောက်သွားပါတော့တယ် ငါးပုံပြင်လိုပဲ တစ်ခါတစ်ရံ နာကျင်မှုတွေဟာ ကိုယ့်အတွက် လွတ်မြောက်မှုအောင်မြင်မှုတွေ ဖြစ်လာတတ်ပါတယ်
ဒါပေမယ့် တစ်ကယ့်ကျဆုံးပါစေဆိုပြီး တိုက်ခိုက်တဲ့ နာကျင်မှုပေးသူတွေလည်းရှိကြပါ တယ် ဒါမျိုးကျတော့ ကိုယ့်အနီးနားပတ်ဝန်းကျင်တွေမှာလည်း ရှိကြပါတယ် လုပ်ငန်းခွင် တွေမှာလည်း ရှိတတ်ကြပါတယ် ရန်သူလိုလို မိတ်ဆွေလိုလို လူမျိုးတွေပေါ့ နောက်ကျော ဓားထိုးတဲ့ လူမျိုးတွေလို့ လည်း ခေါ်တတ်ကြပါတယ် အဲ့လိုလူမျိုးတွေကတော့ ကိုယ့် ထက်သာ မနာလိုတဲ့ လူမျိုးတွေလို့ ပဲသတ်မှတ်ရမှာပါ ကိုယ်ကျရှုံးတာကို မြင်ပြီးကျေနပ် နေတဲ့သူတွေပါ ဒါပေမယ့်ကိုယ်က ကံတရားကြောင့်သာ ကျဆုံးဖို့ ဖြစ်ချင် ဖြစ်နေပါလိမ့် မယ် အရှုံးပေးဖို့ မလိုပါဘူး အရှုံးတွေကို ခွန်အားအဖြစ်အသုံးချပြီး ရင်ဆိုင်ဖို့ ပဲအရေး ကြီးတာပါ ကိုယ့်ကြိုးစားမှုစေတနာတရားကြောင့်လည်း ကိုယ့်ရဲ့ အထိနာခဲ့သမျှ စံစားနိုင် မှာဖြစ်ပါတယ်လို့ ပြောကြားရင်း နာကျင်မှုတွေကို အသုံးချလို့ အောင်မြင်မှုရနိုင်ကြပါစေ
MSCး 234
Author >>> Winko (Maun Mou Nja)