ဒီနေ့ ဟာ သီတင်းကျွတ်လပြည့်နေ့ ပဲ ဖြစ်ပါတယ် သီတင်းကျွတ်လပြည့်နေ့ မှာ မီးထွန်း ပွဲတော်ကျင်းပပါတယ် ဆီးမီးပူဇော်ကြပါတယ် မိဘ ဘိုးဘွား ဆရာသမားများနဲ့ သက်ကြီး ရွယ်ကြီး သူများကို ကန်တော့ကြသော နေ့ ထူးနေ့ မြတ်လည်း ဖြစ်ပါတယ် မိမိတို့ ရဲ့  တစ်နှစ်တာ မတော်တဆ (သို့ ) စိတ်တဒင်္ဂ ကျူးလွန်ပြောဆို ခဲ့မိသော အပြစ်တို့ ကို ခွင့် လွှတ်စေရန်အလို့ ငှာ ပူဇော်ကန်တော့သောနေ့ ရက်လည်းဖြစ်ပါတယ်မြတ်စွာဘုရား တာဝ တိံသာနတ်ပြည်မှာ အဘိဓမ္မာ တရားတ်ာကို ဟောကြားပြီးဆုံးပြီး လူ့ ပြည်ကို ပြန်လည် ဆင်းသက်လာတဲ့နေ့ လည်းဖြစ်ပါတယ် လူ့ ပြည်က မင်းပရိတ်သတ်နဲ့ တကွ ပြည်သူတွေ က ဆီမီးနံ့ သာများနဲ့  ကြိုဆိုပူဇော်လာခဲ့တာ အခုခေတ်ကာလအထိတိုင်ပဲဖြစ်ပါတယ်
သီတင်းကျွတ်အ ချိန်အခါသမယမှာတော့ ကျွန်တော်ဟာ ရာသီဥတုမကောင်းလို့ အိမ်ထဲ
မှာပဲ အနားယူမယ်လို့  အဖိတ်နေ့ ကတည်းကရည်ရွယ်ထားတာပါ အိမ်ဘေးမှာလည်း အမှို
က်တွေက မိုးရောလေရောတိုက်ထားလို့ မနက်ဖြန် (24.10.18) မှာ အိမ်မှာအနားယူရင်း သန့် ရှင်းရေးလုပ်မယ် စိတ်ကူထားမိတာ ညဘက် ၉း၀၀ လောက် လိုင်းသုံးနေရင်း Messenger က စာဝင်ပါလေရော ရင်းနှီးတဲ့ ပရဟိတ အကိုတစ်ယောက်က ညီလေး မနက်ဖြန်အားရင် သူနဲ့ အတူ ဆရာတော်အပါးတစ်ရာကျော် သိမ်ဆင်း လောင်းမလို့  ကူ ညီလုပ်အားပေးဖို့ လူအင်အားနည်းနေလို့ အကူအညီတောင်း စစ်ကူခေါ် ပါရော ကိုယ်ကလည်း မနက်ဖြန်အတွက်က ကိုယ့်အစီအစဉ်နဲ့ ကိုယ်စိတ်ကူးထားကာမှ ရာသီဥတုကလည်းမိုးက မှောင်ကျနေတာ မုန်တိုင်းလေ အဲ့ဒါနဲ့ အိမ်မှာလည်းလုပ်စရာ ရှိတာနဲ့  ရာသီဥတုလည်း အဆင်မပြေတာနဲ့ မလိုက်တော့ဘူးပေါ့ အမှန်တော့ ကျွန်တော် ပျင်းတာလေ အလုပ်ပိတ်ရက်မနက်ပိုင်း မိုးအေးအေး ဘယ်လောက်နှပ်လို့ ကောင်းလဲပေါ့ စိတ်ကူးထဲမှာတော့ မလိုက်ဘူးပဲ ငြင်းထားတာ အဲဒါနဲ့ ပဲ ပရဟိတအကိုက"ဖြစ်နိုင်ရင် မင်း လိုက်စေချင်တယ် လူအရမ်းနည်းနေလို့ ပါ "ဆိုတော့ ကျွန်တော်လည်း အတွေးတစ်ချက်ဝင်လာမိတယ် "ဆရာတော်အပါးတစ်ရာက မိုးရွာရွာနေပူပူ သိမ်ဆင်းအလှူခံမှာပဲ ဟိုေ ရွ့ ဒီရွေ့ လုပ်မရဘူး လုပ်လည်းမလုပ်ဘူး သတ်မှတ်ထားရင်သတ်မှတ်တဲ့နေ့ ဘာပဲဖြစ်နေ ဖြစ် နေလုပ်မှာပဲ ငါကရော ဘာလို့ မကူညီပဲ ထိုင်နေတော့မလဲ အလကားနေရင်းထိုင်ရင်း ကု သိုလ်လာပေးတာကို မယူတတ်တဲ့ ငမိုက်သားရယ်" လို့ ကိုယ့်ကိုယ်ကိုတွေးပြီး ဆုံးမ လိုက်ပါသေးတယ် အဲဒါနဲ့ စိတ်ကချက်ချင်း သဘောပေါက်နားလည်သွားမိတယ် မနက်လိုက်ဖို့ လမ်းဆုံကစောင့်လိုက်မယ်ဆိုတဲ့အကြောင်း အမြန် Reply ပြန်ပြီး မနက်အတွက် ကုသိုလ်ကို Booking ယူလိုက်ရမိတဲ့ အခြေအနေ ဖြစ်သွားရတာပေါ့ဗျာ
အဲဒီ့လိုနဲ့ ဒီနေ့ (24.10.18)မနက်စောစောထပြီး ရေမိုးချိုးတယ် ပြီးတော့ အိမ်ကဘုရားကို မုန့်ဆွမ်းလေးပဲ အမြန်ကပ် သောက်တော်ရေ လဲလှယ်ပြီး လမ်းထိပ်က စောင့်နေလိုက် ပါ တယ် စောင့်တာသိပ်မကြာခင်လေးမှာပဲ ပရဟိတအကိုအုပ်စု ၁၀ယောက်လောက် ဆိုင် ကယ်ကိုယ်စိီနဲ့ ထွက်လာကြပြီး ဘုန်းကြီးကျောင်းသို့ ချီတက်ခဲ့ကြပါတယ် ကျောင်းရော က်တော့သိမ်ဆင်းလောင်းဖို့  လှူထားတဲ့အလှူငွေတွေ ပစ္စည်းတွေဟာ အများကြီးပါပဲ သင်္ကန်း ထီး ဖိနပ် ဖျာ အခင်း ပဝါ စသဖြင့် အလှူရှင်တွေ အများကြီး လှူထားတာတွေ့ ရပါတယ် ကျွန်တော်တို့ အဖွဲ့ စုစုပေါင်း ၁၃ယောက်ပါ (Unlucky Numbersတွေ ပေါ့) ကျွန်တော်တို့  ကျောင်းထိုင်ဆရာတော်ကြီးကိုဖူးမျှော်ပြီး လုပ်ဆောင်ရမယ့်အရာတွေမေး မြန်းကြည့်မှ အလှူရှင်လှူထားတဲ့အရာတွေကို ရဟန်း ဆရာတော်တွေ မျှမျှတတ ဖြစ်စေ ချင်လို့  မဲ လိပ် မဲနှိုက်ပြီးမှ လှူ ဒါန်းသွားမှာဖြစ်ကြောင်းသိရပါတယ် ဆရာတော်အပါး တ စ်ရာကျော်ကို မဲနှိုက်စေပြီး အဆင်ပြေအောင်ရည်ရွယ်ထားတဲ့ ကျောင်းထိုင်ဆရာတော်စိတ်ကူး ပါပဲ ကျွန်တော်တို့ အဖွဲ့ လည်း မနက်ပိုင်းမှာ ပစ္စည်းတွေစီစစ် နေရာချပြီး မဲလိပ်ေ တွ အဆင်သင့် ဖြစ်အောင် လိပ်ကြရပါတော့တယ် နေ့ လည်ရောက်တော့ ဘုန်ကြီးကျောင်းကကျွေးတဲ့ ထမင်းဟင်းတွေစားသောက်ခဲ့ပြီး ၁း၀၀ လောက်မှာ သိမ်ဆင်းလောင်းပွဲကို မဲနှိုက်စနစ်နဲ့ အဆင်ပြေပြေကျင်းပနိုင်ခဲ့ပြီး ညနေ ၃း၀၀ လောက်မှာ အောင်မြင်စွာ ပြီး ဆုံးသွားပါတော့တယ်
ဒါကတော့ သီတင်းကျွတ်မှာ နေရင်းထိုင်ရင်း ကိုယ့်ဆီအလည်လာတဲ့ကုသိုလ်အကြောင်း အရာလေးပါ Photoတွေတော့ မရိုက်ဖြစ်လိုက်လို့ ရှိတာလေးပဲ တင်ပြလိုက်ရပါတော့တယ်
Credits Photos by me
အားလုံးကျန်းမာ ချမ်းသာကြပါစေ !!!
MSCး 234
Author >>> Winko (Maun Mou Nja)