အိပ်မက်တွေ အမျိုးမျိုးလည်း မက်ခဲ့ကြဖူးတယ်
ဒါပေမယ့်…အိပ်မက်ဆိုတာက …
ပျောက်ကွယ်သွားတတ်တဲ့
မီးခိုးငွေ့ တွေမှမဟုတ်တာ…
မကြာခဏထွက်ပေါ်လာတတ်တဲ့.…
ဝက်ခြံ(အနာ)တစ်ခုလိုပါပဲ…
သတိထားမိပါစေ…
မရင့်ကျက်သေးတဲ့အရွယ်…
မိုက်မဲတတ်တာမျိုး…
ခွင့်မပြု သင့်ပေမယ့်…
လှောင်အိမ်ထဲကငှက်ငယ်လိုလည်း…
အကျဉ်းချမထားသင့်ပါဘူး…
သတိပြု ပါလေ…
ပထမအရွယ် … ပညာရှာ
ဒုတိယအရွယ် … ဥစ္စာရှာ
တတိယအရွယ်… တရားရှာ
ဒါတွေဟာ…မိရိုးဖလာလုပ်ဆောင်ကြရတဲ့.
စီမံကိန်းဆိုတာလည်း
သတိကပ်ပါလေ…
အချိန်တန်လို့  အိမ်ပြန်ခဲ့ကြပေမယ့်…
တစ်ချို့ က…"ဘာကိုပြောတာလဲ"လို့ 
မေးခဲ့ကြဖူးတယ်.…
သတိရှိပါစေ…
Credits image from google
MSC : 234