တန်ဖိုးသိမှ တန်ဖိုးရှိတာပါ တန်ဖိုး မသိတဲ့သူကတော့ မုန်းချင်လည်း မုန်းမယ် စွန့် ပစ်ချင် လည်းစွန့် ပစ်မယ် စသဖြင့်ပေါ့လေ တန်ဖိုးဆိုတဲ့စကားက အများကြီး အဓိပ္ပာယ်ပြည့်ဝလို့ နေပါတယ် ပစ္စည်းရဲ့ တန်ဖိုးလား လူရဲ့ တန်ဖိုးလား အချစ်ရဲ့ တန်ဖိုးလား တန်ဖိုးတွေက သူ့  ဟာနဲ့ သူ နေရာအသီးသီးမှာ ငြိတွယ်ပြီးသားပါ တန်ဖိုးဆိုတာက ကိုယ်ရဲ့ အရည်အချင်း စွမ်းရည်တစ်ခုခုကြောင့်ဖြစ်တည်နေတာပါ သက်မဲ့ပစ္စည်းဆိုရင်လည်း အဲ့ပစ္စည်းရဲ့  ဂုဏ် သတ္တိတစ်ခုခုကြောင့်သာလျှင် သူ့ တန်ဖိုးက ရပ်တည်နေရတာပါ လူသော်လည်းကောင်း ပစ္စည်းသော်လည်းကောင်း သူ့ ဟာနဲ့ သူတော့ တန်ဖိုးတွေရှိကြပါတယ်
အရာရာတိုင်းတန်ဖိုးရှိကြသလို အဲ့ဒီ့အရာရာတိုင်းကိုတန်ဖိုးမသိကြတာတွေလည်း အများ ကြီးရှိကြပါတယ် မသိတာထက် အလေးမထား သတိမပြုတာဆို မှန်ကောင်း မှန်ပါလိမ့် မယ် ကိုယ်ကိုယ်တိုင်လည်း သူတစ်ပါးအပေါ် အထင်သေးဆက်ဆံမိတာတွေ အထင်ကြီး ပြောဆိုမိတာတွေဟာ အဲ့ဒီလူအပေါ်ထားတဲ့ တန်ဖိုးဆိုတဲ စံနှုန်းတစ်ခုကြောင့်ပါ သူ့ တန်ဖိုး သိလို့ သာလျှင် ကိုယ်က တစ်လေးတစ်စားပြောဆိုဆက်ဆံနေကြတာပဲဖြစ်ပါတယ် တန်ဖိုးကို သိတတ်နားလည်နိုင်မှုအလေးထားတတ်မှုတွေကို ကိုယ့်ဘေးပတ်ဝန်းကျင်မှာ လည်း အလွယ်တကူတွေ့ နိုင်ပါတယ် လုပ်ငန်းခွင်တွေ ကုမ္ပဏီတွေမှာလည်း တွေ့ နိုင်မြင်နို င်ပါတယ် သူ့ တန်ဖိုး သူ့ အရည်အချင်း သူ့ ရပ်တည်မှုတွေနဲ့ နေထိုင်ရှင်သန်နေတဲ့သူတွေ ရှိသလို တန်ဖိုးရှိအောင် အရည်အသွေးတက်အောင် ပြုမူ ဆောင်ရွက်တာမျိုးမရှိလို့ အောက်ခြေဝန်ထမ်း အဆင့်ဘဝနဲ့ နေနေရတာမျိုးတွေလည်း ဒုနဲ့ ဒေးပါပဲ တစ်ကယ့်တန် ဖိုးရှိတဲ့သူတွေဆိုရင် အခုထိ နာမည်သတင်းကမွှေးနေတုန်း လူသာသေသွားမယ် နာမည်က မသေဘူးလေ တစ်ကယ့်သူရဲကောင်းတွေ ခေါင်းဆောင်ကောင်းတွေဟာ သူ့ တို့ တန်ဖိုး ဂုဏ်သတင်း အရည်အချင်းတွေနဲ့ ရှင်သန်ခဲ့တဲ့သူတွေပဲမဟုတ်ပါလား ကျွန်တော်တို့ စံနမူ နာယူသင့်ပါတယ်
ကိုယ့်ကိုတန်ဖိုးထားသူတွေအပေါ် ပြန်ပြီးတန်ဖိုးထားပေးလိုက်ပါ ကိုယ့်တန်ဖိုးကို ကိုယ် တိုင်မဖျက်ဆီးပါစေနဲ့ ကိုယ်ကလည်း သူများတန်ဖိုးကို မဖျက်ဆီးမိစေနဲ့  သူများကလာ ပြီးဖျက်ဆီးမှာကိုလည်း လက်မခံမိစေနဲ့ တန်ဖိုးဆိုတာ နားမလည်တဲ့သူတွေလက်ထဲမှာ တော့ ရေထဲပစ်ချလိုက်တဲ့အရာတွေလို အဖတ်ဆယ်ဖို့ ခက်ခဲလှပါတယ် တန်ဖိုးထားတတ် တဲ့သူလက်ထဲမှာသာ စေတနာက ထိုးတက်သွားတာပါ သက်ရှိတွေမှာပဲ တန်ဖိုးရှိတာမဟု တ်ပါဘူး အရာဝတ္ထုတွေ သက်မဲ့ပစ္စည်းတွေဆိုတာလည်း သူ့ တာဝန်နဲ့ သူ့ တန်ဖိုးနဲ့ စနစ် တကျရှိနေတတ်ကြပါတယ်…ဥပမာပုံပြင်တိုလေးနဲ့ ပြောပြချင်ပါတယ် တစ်ခါတုန်းက ကလေးတစ်ယောက်ဟာ ဆော့ကစားရင်း လမ်းပေါ်ကျနေတဲ့ ကျောက်တုံးလှလှ လေးတွေ ကို ကောက်လာမိတယ် သူဟာ အိမ်ရဲ့ အလှမွေးငါးကန်ထဲမှာ လှလို့ ထည့်ထားလိုက်တယ် တစ်ရက်,အိမ်အလည်လာတဲ့ ဧည့်သည်တစ်ယောက်က ငါးတွေကို ကြည့်ရင်းငါးကန်ထဲ ကကျောက်တုံးလေးတွေမြင်တော့ တန်ဖိုးရှိမှန်းသိသွားတယ် ဒါနဲ့ ပဲ ကလေးအိမ်ရှင်မိဘ တွေဆီ ပြန်ရောင်းဖို့ ပြောရင်း ကျောက်တုံး၂တုံးကို ၂သောင်း ပေးဝယ်သွားတယ် ဒီလိုနဲ့ သိပ်မကြာခင်မှာခင် ကုန်သည်တစ်ယောက်က လမ်းကြုံဝင်အနားယူရင်း အခုလိုပဲ ကျော က်တုံးလေးတွေကို ရောင်းပေးဖို့ ပြောရင်း ၅တုံးကို ၁၀သိန်းပေးဝယ်သွားတယ် နောက် ရက်အတန်ကြာတော့ ပန်းထိမ်သည်ဆရာတစ်ဦးက အလည်လာရင်း ကျောက်တုံးတွေကို မြင်တော့ တန်ဖိုးရှိတဲ့ စိန်တုံးတွေမှန်းသိတာနဲ့ ကလေးအိမ်ရှင်မိဘတွေကို စိန်တုံးတွေဖြစ် တဲ့အကြောင်းပြောပြပြီး ငါးကန်ထဲကျန်နေတဲ့ကျောက်တုံးအနည်းငယ်ကို သိန်းရာကျော် ပေးပြီး ဝယ်သွားခဲ့တယ် ပုံပြင်လေးအတိုင်းပဲ တန်ဖိုးဟာ တန်ဖိုးသိတဲ့လက်ထဲမှာ ကြီး ကျယ်မြင့်မြတ်ခမ်းနားသွားတာပါ
ကျွန်တော်တို့ လူတိုင်းကိုယ်စီမှာလည်း လောကဓံရဲ့ ရိုက်ခတ်တဲ့ အခြေအနေအကြောင်း ကြောင်းကြောင့် အနိမ့်အမြင့် ဆင်းရဲချမ်းသာ စသဖြင့် မတူညီတဲ့ဘဝတွေနဲ့ ရှင်သန်ရုန်း ကန်နေထိုင်နေရပေမယ့် သူ့ဟာနဲ့ သူ လူကလူ ပစ္စည်းကပစ္စည်း တန်ဖိုးကိုယ်စီရှိကြပါ တယ်လို့ ပြောကြားရေးသားရင်း တန်ဖိုးရှိသော Post တစ်ခု ဖြစ်ရပါစေကြောင်း ဆုမွန် ကောင်းတောင်းလို့ အပြုံးမပျက် အဆုံးသတ်ပါရပါစေဦး
MSCး 234
Author >>> Winko (Maun Mou Nja)