တရားထိုင်ခြင်း(meditation) ဆိုသည်မှာ ဘုန်းတော်ကြီးကျောင်းများတွင် နှစ်ပေါင်းများစွာ သွားရောက်လေ့လာ
သင်ယူရသည့် ကျင့်စဉ်ဖြစ်သည်ဟု လူအများသည်အထင်ရှိလို့နေကြပါသည်။တရားရိပ်သာများ တရားစခန်းများ
တွင်သာ သွားရောက်အားထုတ်လို့ရသည်ဟုလည်းထင်တတ်ကြပါသေးသည်။တကယ်တော့ မိမိအိမ်တွင် အားထုတ်
လို့လည်းရပါသည်။
တရားအားထုတ်ခြင်းသည် အာနာပါနသတိပဠာနခေါ် အလွန်လွယ်ကူရိုးရှင်းသည့် ကျင့်နည်းဖြင့်စတင်ကျင့်ကြံအား
ထုတ်လို့ရပါသည်။တစ်နေ့လျှင် ဆယ်မိနစ်မျှသာ စတင်ကျင့်နိုင်ပါသည်။ တစ်ချို့လည်း ငါးမိနစ်ခန့်မျှပင် စတင်ကျင့်
ကြပါသည်။မိနစ်နှစ်ဆယ် နာရီဝက် တစ်နာရီ တစ်ဖြည်းဖြည်းချင်းတိုးကာ ကျင့်သွားနိုင်ပါသည်။စိတ်လောရန်မလိုပါ။
ကိုယ်နိုင်သလောက်သာလုပ်သင့်ပါသည်။
တရားထိုင်မည့်သူအနေနှင့် သက်သောင့်သက်သာရှိသော အ၀တ်အစားများကိုသာ ၀တ်ဆင်ပါ။ဆိတ်ငြိမ်အေးချမ်းသော
နေရာ တစ်ခုခုကိုရှာပါ။ ကူရှင်ပေါ်တွင်သက်သောင့်သက်သာထိုင်နိုင်ပါသည်။ အကောင်းဆုံးအနေအထားကတော့
တင်ပျဉ်ခွေထိုင်နည်းဖြစ်ပါသည်။ထိုင်သောအခါ တင်ပဆုံကို ဖြောင့်ဖြောင့်မတ်မတ်ထားပြီးထိုင်ရပါမည်။
တောင့်တင်းမနေစေရန်သတိပြုပါ။လက်ညှိုးနှင့်လက်မထိကပ်ထားသောကြာဖူး ပုံစံ လက်နှစ်ဖက်ကို ဒူးတစ်ဖက်
တစ်ချက်တွင်ပက်လက်တင်ကာထိုင်ပါ။ကုလားထိုင်ပေါ်မှာလည်းထိုင်နိုင်ပါသည်။အိပ်ရာပေါ်မှာလည်း ပက်လက်အနေ
အထားနှင့်ပင်ကျင့်ကြံပြုလုပ်နိုင်ပါသည်။တစ်ချို့ကျန်းမာရေးချို့တဲ့နေသူများနှင့်သင့်လျှော်ပါသည်။မည်သည့်နည်းနှင့်
ထိုင်သည်ဖြစ်စေကျော်ကိုတော့ဖြောင့်အောင်ထားရပါမည်။ကွေးကောက်ကိုင်းညွှတ်နေပါက မသက်မသာအဖြစ်မြန်နိုင်
ပါသည်။ကြာကြာမထိုင်နိုင်ပါ။မကြာခဏပြောင်းရွှေ့နေရလျှင် ခရီးမရောက်နိုင်ပါ။
မျက်လုံးများကို မှိတ်ပြီး နှာသီးဖျားတွင် အာရုံစိုက်ပြီး အာနာပါန ထွက်သက်ဝင်သက်ကိုမှတ်ရပါမည်။အားစိုက် ရှုထုတ်ခြင်း
အားစိုက် ရှုသွင်းခြင်းမလုပ်သင့်ပါဘူး။တရားထိုင်ခြင်းဆိုသည်မှာ အသက်ရှုသွင်းရှုထုတ်လုပ်ရသော ကျန်းမာရေးလေ့ကျင့်
ခန်းမဟုတ်ပါ။အသက်ရှုသွင်းသောအခါ သတိနှင့်ရှူပြီး သွင်းပါ။အသက်ရှူထုတ်သောအခါ သတိနှင့်ရှူပြီးထုတ်ပါ။စိတ်အာရုံများ
တခြားသို့လွင့်ပါက အမြန်ပြန်လည်စုစည်းပါ။
သင့်ကိုယ်ခန္ဓာ ခြေချောင်းကလေးများ ခြေထောက်များ ခြေသလုံးများမှသည် ခနာကိုယ်အနှံ့ညောင်းညာ ယားယံတွေ့ထိ
ခံစားမှုများကို သတိကပ်ပြီး ရှုမှတ်ရပါမည်။ ယင်းသို့ အာနာပါန ကမ္မဋ္ဌာန်း စီးဖြန်းခြင်းအလုပ် လုပ်ရာတွင် လိုက်နာရမည့်
စည်းကမ်းပေါင်းများစွာရှိပါသည်။ တစ်ဖြည်းဖြည်းနှင့် တရားထိုင်သည့်အကျင့်ရလာသောအခါ သမာဓိအားကောင်းလာပြီး
စိတ်များတည်ငြိမ် အေးချမ်းလာပါမည်။ လောကီဒုက္ခ လောဘဒေါသ မောဟများ ကင်းလာပြီး ကိလေသာ အပူမီးများ
ချုပ်ြိငိမ်းပြီး ချမ်းသာခြင်း အစစ်အမှန်ကို ခံစားရရှိ လာပါလိမ့်မည်။
ဖော်ပြပါနည်းလမ်းများသည် အနောက်နိုင်ငံများတွင် လေ့လာလိုက်စားကျင့်ကြံကြသူတို့ရဲ့ ကျင့်ကြံအားထုတ်နည်းများ
ဖြစ်ကြပါသည်။မြန်မာပြည်က တရားစခန်းများ နည်းနာစည်းကမ်းများနှင့်တော့မတူညီသည်များလည်းရှိပါသည်။သူတို့
အားထုတ်ကြသည်ဆိုသည်မှာ စိတ်များအေးချမ်းတည်ငြိမ်လာစေရန်ဆိုသည့် ရည်မှန်းချက် ကျန်းမာရေးများကောင်း
မွန်စေသည်ဆိုသည့်ယုံကြည်ချက်တို့ဖြင့်ဦးတည်ကာအားထုတ်ကြသည်ဟုသိရပါသည်။ဘာသာရေးယုံကြည်ချက်
ဦးတည်ချက်ဖြင့်အားထုတ်သူကတော့အလွန်နည်းပါးလှပါသေးသည်။