အထင်သေးတာ ခံချင်လား.....
ကျနော်တို့ သည် Online ပေါ်တွင် ပူးပေါင်းလုပ်ကိုင်နေကြသော Steemit user ညီအကိုညီအစ်မ များဖြစ်ကြပေသည်။ ထို့ကြောင့် တစ်ယောက်နဲ့ တစ်ယောက် ဝိုင်းဝန်း ကူညီကြရင်း တိုးတက်အောင် လုပ်ကြရအောင်ဗျာ ၊ ရှိမှာပဲ ကျနော်တို့ညီအကိုတွေထဲမှာ သူများတွေ ရနေကြတာ အားကျနေတဲ့သူတွေ ကျနော်အပါအဝင်ပေါ့ဗျာ။ ဟုတ်ပါတယ် လူတိုင်း အားကျတာပါပဲ ။ ထို အားကျတာကို ထိုင်ပဲအားကျနေမှာလား မထိုင်ပဲ ထပြီး attempt လုပ်ရင် မကောင်းဘူးလားဗျာ.။ ကျနော်တို့အခုလို Community နဲ့တကွ လုပ်နေတယ်ဆိုတာ တစ်ချိန်မှာ တိုးတက်ရင် အကုန်လုံး တိုးတက်အောင်လို့ပါ အကယ်၍ ကျနော်တို့ ညီအကိုညီအစ်မ များ စေတနာထားပြီး ဝိုင်းဝန်းလုပ်ရင် အောင်မြင်မှူ ကို ခဏ လေး နဲ့ ရရှိနိုင်မှာ အသေအချာပဲ။ ကျနော်အာ မ ခံ တယ် ၊ ။ အခုဖြစ်နေတဲ့ ပြသာနာ တစ်ခုက ဘာလဲဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံသားတွေကို အထင်သေးတဲ့ ကိစ္စပဲ ။ ကျနော်တို့ ကို အာ့လို အထင်သေးတာ ခံချင်လား ကျနော် ချရေးပြခဲ့ဖူးသလိုပဲ မြန်မာ့သွေး ရဲတယ် ဆိုတာ မပြချင်ဘူးလား ။ ကျနော်တို့နိုင်ငံ တိုးတက်မှူတွေ နှေးကွေးနေတာက တခြားမဟုတ်ဘူး အလွယ်လိုချင်တယ် ၊ သူများဘာလုပ်လဲ အာ့အတိုင်း တစ်သွေမတိမ်းလုပ်မယ် ဒါမှ သူ့လို ချမ်းသာမယ် ၊ ဦးနှောက်ဖောက်စားတာပေါ့ဗျာ ဖောက်စားလို့ကောင်းတဲ့အရာပဲ စားပါ
တခြားမကြည့်ပါနဲ့ ကျနော်တို့မြို့ကလူတွေနဲ့ပဲ ယှဉ်ပြပါမယ် သူများတွေ အရက်ဆိုင်ဖွင့်လို့ ချမ်းသာတာတွေ့တော့ သူလဲ အရက်ဆိုင်လိုက်ဖွင့်တယ် ကျနော်ပြောချင်တာက အရက်ဆိုင်ဖွင့်မယ့်အစား ၎င်းချမ်းသာနေတဲ့အရက်ဆိုင်ရဲ့ လိုအပ်ချက် Or တစ်ခုခုပေါ့ ပတ်ဝန်းကျင် Policy နဲ့ကိုက်ညီမယ့် အလုပ်မျိုးကို ရွေးချယ်သင့်တယ် ..............
ကျနော်အကြံပေးတာပါ အမှားပါရင် ခွင့်လွှတ်ပါ .......
တခြားနိုင်ငံက ၁၈နှစ်သားလောက်တောင်
်ကိုယ့်ကိုယ်ကို အားကိုးချင်စိတ်မရှိကြဘူး
ကျနော်တို့ညီအစ်မတွေညီအစ်ကိုတွေကို အာ့လိုအားကိုးချင်စိတ်မရှိတဲ့ လူတွေထဲ မပါစေချင်ဘူးဗျာ .....
အာ့အတွက် ကြိုးစားပါ အားထုတ်ပါ ဘယ်အရာကမှ မကြိုးစားရင် မရပါဘူး .....
ကျနော်တို့အကိုတွေအစ်မတွေကို ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ စီးပွားရေးရှင်ကြီး တွေ ဖြစ်စေချင်တယ် မြန်မာဆိုတာ ကမ္ဘာ့အလယ်မှာ အထင်သေးမခံရတဲ့ လူဖြစ်စေချင်တယ်.....................................................
လူတိုင်းမှာ ပျင်းတဲ့စိတ်ရှိကြပါတယ် လက်ခံပါတယ် ဒါပေမယ့် တခြားသူတွေ အောင်မြင်နေတာ ဘာကြောင့်လဲ သူတို့မှာကော ပျင်းတဲ့စိတ်မရှိလို့လား မဟုတ်ပါဘူး ရှိကြပါတယ် ပျင်းတဲ့စိတ် နည်းတာ များတာပဲ ကွာတာပါ..........ပျင်းတဲ့စိတ်နည်းလေ အောင်မြင်လေပါပဲ
ကျနော်အခုဒီစာကို ကျောင်းတက်နေတုန်းမှာ ရေးသားတာပါ.....ကျနော်တွေးသလို ပြောစေချင်သလို အကိုတို့အစ်မတို့လဲ နားလည်သဘောပေါက်ကြမှာပါ......
ကျနော်တစ်ချိန်မှာ အောင်မြင်တဲ့သူ တစ်ယောက် ဖြစ်ချင်တယ် မာ့စ်ခ် ဇူကာဘက် ၊ ဘေလ်း ဂိတ် တို့လို ဆရာကြီးတွေ ဖြစ်ချင်ကြတဲ့သူတွေ ရှိကြမှာပဲ ကျနော်လဲ ဖြစ်ချင်တယ် ....ဒါပေမယ့်လိုအပ်နေတာဘာလဲ အားထုတ်မှူပဲ ဖြစ်ချင်တယ် ဖြစ်ချင်တယ် ဆိုပီး အော်နေရုံနဲ့ ရလာမှာ မဟုတ်ဘူး။
ကြိုးစားပါ...အစွမ်းကုန် ကြိုးစားပါ.....
ကြိုးစားလွန်းလို့ သေသွားရင်တောင် သင့်ရဲ့ ကြိုးစားမှူက အရာမရောက်ဘူး မထင်ပါနဲ့
လူသာ သေသော်လည်း နာမည် မသေဘူး ဆိုတာ ကြာဖူးကြမှာပါ............
ပြောသမှတ်တွင်အောင် လောကဓာတ်တခွင်မှာ ငါဘာကောင်လဲဆိုတာ ပြသင့်နေပြီ....
သူများနိုင်ငံက လူတွေ ကျော်တက်ကုန်ပီ
အခုလို တိုးတက်လာတဲ့ခေတ်ကြီးမှာ ကြိုးစားရင် ဖြစ်ပါတယ် ဘာမဆို ဖြစ်တယ်ဗျာ...ကျနော်ယုံကြည်တယ် .....
ကဲ ဘာဖြစ်ချင်တယ် ....အော်မနေနဲ့ ..
....သက်သေပြလိုက် အလုပ်နဲ့
yairthiha