ပါးပါးလေးပါပဲ
တကယ်ကိုပါးပါးလေးနဲ့မြင်ရတယ်ဆိုရုံလေး
အရမ်းကြီးလက်တောက်မနေပေမဲ့
ငါ့စိတ်ထဲရွှေစင်ရည်တွေလားလို့
သူကအရမ်းခမ်းနားလွန်းတယ်လေ
ခဏလေးပါပဲ
မြင်ခွင့်ရတယ်ဆိုရုံစက္ကန့်ပိုင်းလေးနင်ရောက်လာပေမဲ့
ငါ့လိုအပ်ချက်တွေအကုန်ပြည့်စုံသွားသလိုခံစားရတယ်
အိုးးး
လွမ်းလိုက်တာနေရောင်ရယ်
feeling silly