Hello Everyone.Nice To Meet You Again.
ကျွန်တော် Satellites အကြောင်း ရေးလာတာ အခုဆိုရင် ဖြင့် ၄ ခု လောက် တင်ပြပြီးပါပြီ။ရှေ့မှာတင်ပြခဲ့တဲ့ အချက်အလတ်တွေကို သေသေရှာရှာ ရှင်းပြပေးခဲ့ပါသည်။
၁. Astronomical satellites
၂. Bio satellites
၃. Communication Satellites
၎. Navigation Satellites အထိ ရေးသားဆဲ ဖြစ်သည်။
အခု ရေးလတ်စ ဖြစ်တဲ့ Navigation Satellites အကြောင်းကို ဆက်ရေးပါမည်။Navigation Satellites ဆိုတာ တနည်အားဖြင့် GPS ဘဲ ဖြစ်ပါသည်။အဲ့ဒီ ဂြိုလ်တုတွေဟာ ကမ္ဘာပေါ်ရှိ mobile receiver တွေဆီ radio time signals တွေကို ထုတ်လွှတ်ပေးပါသည်။
အဲဒီလို ပြုလုပ်နိုင်ဖို့ အမြဲတမ်း ခေါတ်မှီ ဆန်းသစ်တဲ့ အီလတ်ထရောနစ် ကိရိယာ များကို လိုအပ်ပါသည်။ဒါ့အပြင် Mobile Receiver တွေနဲ့ အာကာသအတွင်းမှာ ရှိတဲ့
ဂြိုလ်တု တွေရဲ့အနေအထားဟာ ဖြောင့်တန်းတဲ့ အနေအထားရှိဖို့ လိုသည့် အပြင် အပိတ်အစို့အတားအဆီးများလည်း ကင်းပြီး ကြည်လင်ပြတ်သားတဲ့ အနေအထား ရှိဖို့ လိုအပ်ပါသည်။အဲ့ဒီအနေအထားနဲ့သာ ပြည့်စုံမယ်ဆိုရင် ဂြိုလ်တုမှ ချပေးလိုက်တဲ့ real time ရပ်ညွှန်းမှတ် မီတာ အနည်းငယ် မျှလောက်သာ တိမ်းညွှတ်မှု ရှိပါသည်။အဲ့ သည်လို စနစ်မျိုးနဲ့ သာ ပြည့်စုံမယ်ဆိုရင် အလွန် တိကျတဲ့ ဂြိုလ်တု စနစ် လို့ ဆိုရပေမည်။
အခု အလှည့်ကျ ရောက်ရှိလာတာကတော့ No 5 ဖြစ်တဲ့
Earth Observation Satellites အမျိုးအစားဘဲ ဖြစ်ပါသည်။Earth ဆိုတာကို မြင်တာနဲ့ တန်းသိပါတယ်။
ကျွန်တော် တို့နေထိုင်တဲ့ ဂြိုလ် ရဲ့ ရာသီ ဥတုသော်လည်းကောင်း၊ပတ်ဝန်းကျင် အခြေအနေ ကောင်းမကောင်း၊
တိကျသေချာတဲ့ မြေပုံတခု ထုတ်လုပ်နိုင်ရန်အတွက် လည်းကောင်း ရည်ရွယ် ထုတ်လုပ်ထားခြင်းသာဖြစ်ပါသည်။အဲ့ ဂြိုလ်တု ကို ထုတ်လုပ်ထားရခြင်းသည် စစ်တပ်အတွက် အသုံးပြုရန် မဟုတ်ဘဲ လူသားတို့၏ အကျိုးအတွက်သာ ရည်ရွယ် ထုတ်လွှတ်ထားခြင်းသာ ဖြစ်သည်။အဲ့ ဂြိုလ်တု ကိုတော့ ကမ္ဘာ မြေ စောင့်ကြည့်လေလာရေး ဂြိုလ်တု (Earth Observation Satellites) လို့လည်း
ခေါ်ဆိုနိုင်ပါသည်။
အခုတပတ်ရဲ့ နောက်ဆုံးအပိုဒ် အနေနဲ့ no 6 ဖြစ်တဲ့ ဂြိုလ်တု အကြောင်းနဲ့ အဆုံးသတ်ချင်ပါသည်။အဲ့တာကတော့ Killer Satellites ဘဲ ဖြစ်ပါသည်။ Killer ဆိုတာ နဲ့ လန့်မသွားပါနဲ့ဦး။သူကတော့ လူတေ အတွက် အကျိုးပြုပါသည်။ သူရဲ့လုပ်ဆောင်ပုံကတော့ အာကာသ အတွင်းမှာရှိတဲ့ သက်တမ်းကုန် ဂြိုလ်တုများ၊ ရန်သူ ဒုံးကျည် ထိပ်ဖူးများ၊ကမ္ဘာမြေ အတွက် ဒုက္ခပေးနိုင်သည့် ဥက္ကာခဲတို့လို
အစိတ်အပိုင်း များကို ဖျတ်ဆီးပေးသည့် ဂြိုလ်တု တလုံးလည်း ဖြစ်ပါသည်။ အဲ့ ဂြိုလ်တု သာ မရှိခဲ့ရင် အာကာသအတွင်းမှ အစိတ်အပိုင်း များ ကမ္ဘာ ပေါ် ကျရောက်လာရင် ထိခိုက်မှုတွေ များစွာ ကြုံတွေ့နိုင်ပါသည်။ အဲ့ဒါတွေကို
ကာကွယ်ပေးတဲ့ စက်လေးကို တော့ အဖျတ်ဂြိုလ်တု လို့ ခေါ်ဆိုနိုင်ပါသည်။