Hello Steemit Myanmar အဖွဲ့များအားလုံးမင်္ဂလာပါ.
အခုမှ ပထမဆုံး promotion တင်တာပါ.အမှားပါရင်လည်း
ခွင့်လွှတ်ပေးကြပါ.
ကျွန်တော် အခုပြောမယ့် အကြောင်းအရာက သိပြီးသားလည်းရှိသလို မသိသေးတဲ့ သူလည်းရှိပါတယ်.
ပြောချင်တဲ့အကြောင်းအရာက ယေရှု ၏မယ်တော် လုဒ်မယ်တော်(ခေါ်)မယ်တော် မာယာ ပွဲလေးဖြစ်ပါတယ်.ပွဲတော်ကို (၂) လပိုင်း ၉ရက်နေ့နှင့် ၁၀ရက်နေ့များတွင် ကျင်းပလေ့ရှိသည်.
မယ်တော်မာယာ ကိုညောင်လေးပင်မြို့တွင် ထားရှိကာ ကိုးကွယ်လျက်ရှိသည်.ပွဲတော်ကိုလည်း ဒီမြို့မှာဘဲ ကျင်းပပါသည်.

ဒီပွဲဟာ တနှစ်မှ တကြိမ် ကျင်းပတာဖြစ်ပါတယ်.အနယ်နယ် အ၇ပ်၇ပ်မှ သာသနာဂိုဏ်းချူပ်များ လာရောက်ကြစမြဲ ဖြစ်ပါတယ်
မြန်မာနိုင်ငံ တိုင်း.ပြည်နယ်မှ ခရစ်ယာန်ဘာသာဝင်များလည်း
လာရောက်ကြပါသည်.
တနှစ်လုံး စုထားသမျှ ပိုက်ဆံ ကို ဒီပွဲမှာ သုံးဖြုန်းကြပါတယ်.
မယ်တော်ဝန်းထဲတွင် သာမက ၀န်းအပြင် အိပ်ခန်းများပါ လူပြည့်လျက်ရှိကြသည်.တချို့ဆို အိပ်ဖို့နေရာတောင် မရှိကြပါ.ပွဲတော်ဖြစ်တဲ့အတွက် မယ်တော်ဝန်းနားမှနေတဲ့ လူများလည်း ပိုက်ဆံရကြပါသည်.ဘာကြောင့်လည်းဆိုတော့ ဧည်သည့်များကို အိပ်ခန်းများဌားရသောကြောင့်ဖြစ်သည်.အလွန်စည်းကားလှပါသည်.မယ်တော်၏ တန်ခိုးလို့ဘဲပြောရမလားပင်.
 

ညကျရင်လည်း ပွဲတော်များဖြင့်လည်း စည်းကားကာ အလွန်လှပတဲ့ ညမြင်ကွင်းလေးဖြစ်ပါတယ်. ဆိုင်ခန်းများလည်း ပြည့်ကျပ်နေပါတယ်.ကချင်၇ိုးရာအစားစာများ ၊ ကရင်ရိုးရာ အင်္ကျီများ ၊
မယ်တော် ရုပ်ထုများ ၊ ဒုတ်ထိုးသည်များ ၊ကလေးကစားစရာ
ပစ္စည်းများ ၊လက်ဆောင်ပစ္စည်းများ ရောင်းပါတယ်.လူအများနှင့်
ပွဲတော်ဟာ စည်ကားသိုက်မြိုက် နေလျက်ရှိသည်.
 



ညနေစောင်း ၅ နာရီခွဲအချိန်တွင် မယ်တော်ကို ကားများဖြင့်
မြို့တပတ် လှည့်လှည်ပါသည်.
အနယ်နယ်အ၇ပ်၇ပ် မှသာသနာဂိုဏ်းချူပ်များမှ ကိုယ်စီ
အလှံများကိုင်ကာ လှည်လည်လေ့ရှိပါသည်.လူတိုင်း
ဖယောင်းတိုင် ကိုင်ကာ ကျမ်းစာများ ရွှတ်ဆိုလျက်ရှိသည်.
ကချင်၊ရှမ်း၊က၇င်၊တောင်ငူ အစရှိသော သာသနာဂိုဏ်းချူ ပ်
များမှ ဦးဆောင်ကာ အဖွဲ့ဝင်များက ဖယောင်းတိုင် ကိုယ်စီကိုင်ကာ
လှည့်လည်ကြသည်.
ဘင်ခရာတီးဝိုင်း ကလည်း မယ်တော်၏နောက်မှတီးခက်ကာ
မယ်တော်ကို ပူဇော်ကြသည်.ဘင်ခရာတီးဝိုင်း ၏အသံမှာ နားဝင်ချို လှသည်.



ညကျရင်မုန့်ဈေးတန်းများ ၊ ချားရဟတ်များ ၊ ပင်လယ်ဓားပြလှေများ ဖြင့် ပျော်ရွှင်စွာ ဆင်နွဲနေကြပါတယ်.
ညဘက်မြင်းကွင်းမှာ မီးရောင်စုံဖြင့် လှပနေပါသည်.တနှစ်
မှတခါမို့ ပျော်စရာကောင်းလှပါသည်.လက်ဆောင် ပစ္စည်းများ
လည်း ၀ယ်ယူကြကာ သယ်ရင်းများကို ပြန်ပေးကာ ပျော်စရာကောင်းလှသည်.

 




ကျွန်တော်ပြောချင်တဲ့အကြောင်းအရာကတော့ ဒီလောက်ပါဘဲ.
အဆုံးထိ ဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်.
ဆက်လတ်ကြိုးစားပါဦးမည်.Continued. Bye bye.
Author _@yelinn
MSC No_241