Hello Everybody. Nice to Meet You Again.Hello
Steemit .Myanmar Steemit Community အဖွဲ့ကြီးသည် ရေရှည် တည်တံ့ ခိုင်မြဲပါစေလို့ ဆုတောင်းလျက်ရှိသည်။ အဖွဲ့ကြီး ရေရှည် တည်တံ့ ခိုင်မြဲဖို့ အဖွဲ့ဝင် များ အချင်းချင်း စည်လုံးညီညွတ်စွာနှင့် အားလုံး ၀ိုင်းဝန်ကူညီ ဆောင်ရွက်ပေးကြရန်ဖြစ်ပါသည်။ ကျွန်တော် တို့ မကြာသေးခင် ကမှ ကျင်းပခဲ့တဲ့ Gathering တွေ့ဆုံပွဲလေးရဲ့ အမှတ်တရ လေးများကို ဖော်ပြရင်းနဲ့ ကို ဟင် ဖြစ်စေချင်တဲ့
Steemit တိုးတတ်အောင် ပြုလုပ်ရန် ဆွေးနွေးချက်များကို ရေးသားတင်ပြပါရစေ။အခုဆိုရင် တော့ Gathering ရဲ့ ပျော်ရွှင်စွာ ပြီးဆုံးခဲ့ပါပြီ။ အကြောင်း အမျိုးမျိုး ကြောင့်
မလာနိုင်တဲ့ အဖွဲ့ဝင်များလည်း နောက်တခါ လုပ်မယ့် Gathering ကိုလည်း တတ်ရောက်စေချင်ပါသည်။နောက်တခါ Gathering ကတော့ တောင်ကြီးမှာ လုပ်မည်ဟု
ပြောပါတယ်။ အားလုံးလာရောက်စေချင်ပါတယ်။
Gathering လုပ်ရချင်းရဲ့ ရည်ရွယ် ချက်ကတော့ ပြည့်ဝပြီ
လို့ ကျွန်တော်ထင်ပါတယ်။ ဘာကြောင့် အခုလို ပြောရလည်းဆိုတော့ steemit မှာ လုပ်နေတဲ့ လူတွေဟာ online ပေါ်မှာဘဲ ရင်းနှီး ခဲ့ကြတာ ဖြစ်ပါတယ်။ အပြင်မှာ သိတဲ့ လူတေဟာ မရှိသလောက်ပါဘဲ။ အခုလို Gathering လုပ်လိုက်တော့ အပြင်မှာ ရင်းရင်းနှီးနှီး ဖြစ်လာစေပါသည်။ကို ဟင် က အကုန်ခံပြီး ကျွန်တော်တို့ အဖွဲ့ဝင် တွေကို ထန်းရည် အ၀တိုက်ပါတယ်။ အရမ်းပျော်ဖို့ ကောင်းခဲ့ပါသည်။ ကျွန်တော် လုံးဝ မဖျောက်ဖျတ်နိုင်တဲ့ အမှတ်တရ လေးလည်းဖြစ်ခဲ့ပါသည်။ အခု မှ စတင် တွေ့ဆုံဖို့ ကျင်းပတာဖြစ်တဲ့ အတွက် လိုအပ်ချက် အနည်းငယ် ရှိပါသည်။ ဒါပေမယ့် အရမ်းကို ပြည့်စုံပြီး ကျွန်တော် အတွက်တော့ ပျော်စရာကောင်းလှပါသည်။အမှတ်တရ တွေကတော့ အများကြီး ကျန်ပါသေးတယ်။ဒါပေမယ့် ကိုဟင် ဖြစ်စေချင်တဲ့ Steemit ကို တင်ပြချင်ပါသည်။
Steemit မှာ လည်း Rule တွေရှိတာ အကုန် သိပြီး ဖြစ်ပါသည်။ အဲ့ထဲမှ power up တာပါ။ ကိုဟင် နှင့် Adminတွေ့ ဖြစ်ချင်တာက steem power ကို လူတိုင်း 500 ပြည့်အောင် လုပ်စေချင်နေပါသည်။ ဆရာ တင်လှိုင် ပြောတာကတော့ power 500 ပြည့် ဖို့ တော် တော်ကြာပါသည်။အချိန်အားဖြင့်တော့ ၁နှစ်ကျော် ၂ နှစ်လောက်ကြာပါလိမ့်မည်။ 500 ကနေ ၁၀၀၀ ပြည့်ဖို့က ၆ လလောက်သာ ကြာပါသည်။ ၁၀၀၀ ကနေ ၂၀၀၀ ဖြစ်ဖို့က လပိုင်းလောက်ဘဲ လိုပါတော့တယ်။ အဲ့တာကြောင့် power ကို 500 ပြည့်အောင် လုပ်ဖို့ member တိုင်းကို ဖြစ်စေချင်ပါသည်။Gathering ဟာ တွေ့ဆုံပွဲအပြင် Steemit ရဲ့ လိုအပ်ချက်နဲ့ ရေရှည်တည်တံ့ခိုင်မြဲဖို့ ဆွေးနွေးတင်ပြခဲ့တာ
ဖြစ်ပါသည်။ရေးသားချင်တာလေးတေက အများကြီး ကျန်သေးပါတယ် ။