In in inHello Everyone. Glad To Meet You Again.ကျွန်တော် Member များအတွက် ဗဟုသုတ ရစေမယ့် post များ ရေးချင်ပါတယ်။ ရေးစရာတေ ကတော့ အများကြီး ရှိပါတယ်။ ကိုယ်သိသလောက်ဘဲ ပြန်လည်ရေးသားနေရခြင်း ဖြစ်ပါသည်။ စာအုပ်များကို မှီငြမ်းပြီးရေးရင်လည်း copy ဆိုပြီး ban ခံရမာလည်း ဆိုးတယ် ဗျာ။ အဲ့တာကြောင့် လည်း ကိုယ်သိသလောက် အကြောင်းအရာတေကို မှတ်စုတေ ပြန်လှန်ရင်း ရေးသားပေးနေရခြင်း ဖြစ်ပါတယ်။ လက်ရှိမှာ ကျွန်တော်က နည်းပညာ ကျောင်းသား ဖြစ်တဲ့အတွက် ကျောင်းမှာ သင်နေရတဲ့ သင်ခန်းစာ လေးတေလဲတခါတရံ ရေးဖြစ်ပါတယ်။ကျောင်းက Excussion ထွက်တဲ့ အခါမှာလည်း ကိုယ်သိခဲ့တဲ့ အချက်အလတ်တေကို Member များလည်း ဗဟုသုတ ရအောင် ပြန်လည် ရေးသားပေးခဲ့ ပါသည်။ရေးစရာ တေကတော့ အများကြီး ရှိပါတယ်။ ဒါပေမယ့်လည်း ကိုယ်သိသလောက်ကိုသာ ပြန်လည်ရေးသားနေရတဲ့အတွက် မပြည့်စုံတာများရှိရင် ခွင့်လွှတ်သည်းခံ ပေးကြပါလို့ ပြောကြားချင်ပါတယ်။
အရင်ပတ်တေ က လည်း Solar Systems အကြောင်းဘဲ ရေးခဲ့တာကြောင့် အခုလည်း Solar နဲ့ ပတ်သတ်ပြီး ထပ်ရေးပေးပါမယ်။ အရင်ကရေးခဲ့တာက Solar မှာ အသုံးပြုတဲ့ Photovoltage Cell System နဲ့ ပတ်သတ်ပြီး ရေးပေးခဲ့ပါသည်။အခုတခါမှာတော့solar ပိုင်းကိုကမ္ဘာအပြင်က
နေ ဆက်လတ်ရေးသားပေးပါမည်။(Sun) နေသည် ကျွန်တ်ာတို့ solar systems အတွက်သာမက ကမ္ဘာကြီးအတွက်လည်း အရေးပါလှပါသည်။ဒါ့ကြောင့် နေရဲ့ ဖြစ်တည်မူကို ဗဟုသုတ အနေနဲ့ တင်ဆက်ပေးပါမည်။နေသည် ကျွန်တော် တို့ကို နေ့စဉ် အပူ စွမ်းအင်နဲ့ အလင်းစွမ်းအင်ကို ထုတ်လွှတ်ပေးလျက်ရှိသည်။ အဲ့ဒီ နေလုံးကြီးသည် လွန်ခဲ့သော
နှစ်သန်းပေါင်း ၄၅၀၀ ခန့်မှ မော်လီကျူ တိမ်တိုက်ကြီး ပျက်
ယွင်းရာမှ ပေါ်ပေါက်လာခဲ့တဲ့ ဓာတ်ငွေ့ အပူလုံးကြီး တခု ပင် ဖြစ်ပါသည်။ ကြယ် ရဲ့ ဖွဲ့စည်းပုံ နဲ့ နေရဲ့ ဖွဲ့စည်းပုံဟာ
အတော်ပင် ဆင်တူပါသည်။
သာမန် ကြယ်တလုံးရဲ့ သက်တမ်းဟာ နှစ်သန်းပေါင်း ၁၀၀၀၀ ထိ ရပ်တည်နိုင်ကြပေသည်။ နေသည်လည်း
သာမန် ကြယ်တလုံး ဖြစ်သည့် အတွက် သူလည်းပဲ
နှစ်သန်းပေါင်း ၁၀၀၀၀ ထိ ရပ်တည်နိုင်ပေသည်။အဲ့ဒီ
အချိန်အခါ ကုန်ပြီဆိုရင် ကျွန်တော်တို့ နေလုံးကြီးဟာ ပျက်
စီး ပျောက်ကွယ်သွားမှာ ဖြစ်ပါသည်။အခုထိ ဆိုရင် နေလုံးကြီးဟာ သက်တမ်းပေါင်း ၄၅၀၀ ကို လောင်းကျွမ်းလာခဲ့ပေပြီ။ နောက်ထပ် သက်တမ်း ပေါင်း ၅၅၀၀ ဘဲ ဆက်လက် လောင်းကျွမ်း ဖို့ ဘဲ ရှိပါတော့သည်။သက်တမ်းကုန်ပြီ ဆိုရင်
အရင်ဆုံး ကြယ်နီ အဖြစ် ရောက်ရှိပြီး ပျက်စီးသွားမှာ ဖြစ်ပါသည်။အခု ဆက်ပြောမှာက နေရဲ့ ပတ်ပတ်လည်မှာ လည်ပတ်နေတဲ့ ဂြိုလ် တေ ဖြစ်လာပုံကို ပြောပါမယ်။နေသည်
ပြင်းထန်စွာ လောင်မြိုက်ပြီး လွှင့်စင်ထွက်လာတဲ့ ဓာတ်ငွေ့ အစု လေးတွေဟာ အေးသွားတာကြောင့် နေကို လည်ပတ်နေတဲ့ ဂြိုလ်လေးတေ ဖြစ်လာပါသည်။အဲ့ဒီ ဂြိုလ် လေးတွေထဲမှာ မှ ကျွန်တော်တို့ နေထိုင်သည့် ကမ္ဘာဂြိုလ်သည် နေ၏
တတိယမြောက် ဂြိုလ်လေး ဖြစ်ပါသည်။
နောက်တပတ်မှာတော့ နေရဲ့ သိပ်သည်းဆ ၊ထုထည် ကြီးမားပုံ စသည့် အချက်အလက် တချို့ကို ဖော်ပြပေးပါမည်။
အခု post ကို ဖတ်ရူ့သလို နောက်လာမည့် post ကို လည်း
ဖတ်ရူ့ပေးပါအုန်း ခင်ဗျာ။