Hello Everyone. Nice to meet you Again.
ကျွန်တော် ဒီတခေါက် steemit မှာ pro ရေးတာ နောက်ကျသွားတယ်။ Pro ရေးရမှာကို မေ့နေတာ။သယ်၇င်းပြောလို့
အခုမှအမြန်ရေးလိုက်ရတာ။အခုရေးမယ့်အကြောင်းအရာလေးကိုလည်း ဆက်လက်ဖတ်ရူ့ပေးပါဦး။Steemit Platform ပေါ်မှာ အလုပ်လုပ်နေသူတို့အတွက်လည်း အလုပ်အတွက်
အထောက်အကူ မဖြစ်ပေမယ့် ဗဟုသုတ အနေနဲ့ သိစေလိုရန်
ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။
ကျွန်တော် အခုရေးချင်တာကတော့ Transformer ရဲ့ အလုပ်လုပ်ပုံ နှင့် ထုပ်လုပ်ပုံအဆင့်ဆင့်ကို တင်ပြပေးပါမယ်။
ပထမဦးဆုံးအနေနဲ့ Transformer အလုပ်လုပ်ပုံကို ဖော်ပြပေး
လိုက်ပါတယ်။ လူတိုင်းလိုလို transformer ကို တွေ့မြင်ဖူးကြမှာပါ။ ရပ်ကွက်တွေထဲမှာ သာမက လျှပ်စစ်ရုံးတွေမှာလည်း
တွေ့ဖူးမှာအမှန်ပါ။ transformer မှာ အမျိုးအစား ၂ မျိုးရှိပါတယ်။ Step-Up Transformer နဲ့ Step-Down Transformer တို့ဘဲ ဖြစ်ပါတယ်။ Step-up transformer
ကို လျှပ်စစ်ကို Volts အားမြှင့်ချင်တဲ့နေရာမှာ အသုံးပြုပြီး
Step-down transformer ကို volts လျော့ချင်ရင် အသုံးပြုပါတယ်။
ကျွန်တော်တို့ ရပ်ကွက်တွေထဲမှာ အသုံးပြုတာကတော့ step-down transformer ဘဲဖြစ်ပါတယ်။Step-up transformer
ကိုတော့ လျှပ်စစ်ထုတ်လုပ်တဲ့နေရာနှင့် ဖြန့်ဖြူးတဲ့ နေရာတွေမှာ
အသုံးများပါတယ်။tranformer ရဲ့အလုပ်လုပ်ပုံ ရိုးရှင်းပေမယ့်လည်း အရမ်းကို အန္တရာယ်များတဲ့ ပစ္စည်းတခုလည်းဖြစ်တယ်။
သူ့ကို ပေါ့ပေါ့ဆဆနှင့် မလုပ်ကိုင်သင့် သေချာ ဂရုတစိုက်နဲ့ ပြုလုပ်သင့်သည်။ ကျွန်တော်တို့ဆီကို လျှပ်စစ်မီးရောက်ရှိဖို့ ကြား
ထဲမှာ နေရာတွေ တော်တော်များများကို ဖြတ်သန်းလာခဲ့ကြရသည်။ရှည်းလျားဝေးလံတဲ့ နေရာဒေသကနေ ကျွန်တော်တို့ ဆီ
လျှပ်စစ်မီးတွေ ဘယ်လို ရောက်ရှိလာသလဲ။အများကတော့ ပြောကြပါတယ်။ ဓာတ်မီးတိုင် တွေနဲ့ လာတာပေါ့။ အဲ့ဒါလည်းမှန်ပါတယ် ဒါပေမယ့် သူ့ချည်းဘဲတော့ မလာနိုင်ပါ။
အဲ့လို့ လျှပ်စစ်မီးတွေ ရောက်ရှိလာဖို့ Tranformer ကိုအသုံးပြု
ပြီး ဖြန့်ဖြူးရပါတယ်။ ကျွန်တော်တို့ လျှပ်စစ်ကို ဘယ်လိုထုတ်ကြသလဲ။ သိတဲ့လူတွေလည်းရှိသလို မသိသေးတဲ့သူတေလည်းရှိပါသေးတယ်။ လျှပ်စစ်ကို ရေအား၊ လေအား၊ chemical တွေကနေလည်းထုတ်လုပ်ကြပါတယ်။ သူများနိုင်ငံတွေမှာတော့
နေရောင်ခြည် စွမ်းအင်နဲ့လည်း ထုတ်သလို အခြားစွမ်းအင်တေနဲ့လည်းထုတ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ လောပိတ ရေအားကနေ ထုတ်လုပ်ပါတယ်။ ရေးအားကနေ ရလာတဲ့လျှပ်စစ်
ဟာ နည်းပါးပါတယ်။ ကျွန်တော်တို့ တနိုင်ငံလုံးသုံးဖို့အတွက်
အဆင်မပြေနိုင်ပါ။ဒါကြောင့် လူအများအဆင်ပြေအောင်
Step-up Power Transformer ကို အသုံးပြုပြီး
Voltages ကို မြှင့်တင်ကာ ကျွန်တော်တို့ဆီ တဆင့်ပြီးတဆင့်
ဓာတ်အားလိုင်းတွေကနေ ပြန်လည်ဖြန့်ဖြူးပေးပါသည်။
ဓာတ်အားလိုင်းတွေကတဆင့် သက်ဆိုင်ရာ မြို့နယ်ဆီ ခွဲထွက်ကာဖြန့်ဖြူးပေးပါသည်။သက်ဆိုင်ရာ မြို့နယ်မှာဆီတဲ့ လျှပ်စစ်ရုံး
တွေကတဆင့် ကျွန်တော်တို့ အသုံးပြုနေတဲ့ ရပ်ကွက်တွေထဲ ပြန်လည်တဆင့် ဖြန့်ဖြူးပါသည်။ အဲ့လို တဆင့်ဆင့် ကူးပြောင်းဖို့အတွက် Transformer ကို အသုံးပြုရပါသည်။
ကျန်တဲ့ အပိုင်းကိုတော့ နောက်တခေါက် Pro post ကြမှဘဲ
ဆက်လတ်ဖတ်ရူ့ပေးကြပါ။ဒီတခေါက်ကတော့ Pro အမှီ အမြန်းရေးလိုက်ရတာ ဖြစ်လို့ တချို့  အကြောင်းအရာ တွေနည်းနည်းပါးပါးကျန်ခဲ့ပါတယ်။လိုတာရှိရင်လည်း ဖြည့်တွေးပေးကြပါ။အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Steemit platform ပေါ်မှာ လျောက်လှမ်းနေတဲ့ သူအားလုံး
ကျန်းမာချမ်းသာပြီ လိုအင်ဆန္ဒ ပြည့်ဝကြပါစေ။
To be Continued...................
Credit.....Google photo