ယူနီကုတ်
မပြီးသေးတဲ့ကျွန်တော်တို့ရွာကသင်္ကြန်
အားလုံးပဲမင်္ဂလာပါခင်ဗျား။
ဒီနေ့ဟာ၂၀၁၈ခုနှစ်ဧပြီလ၁၇ရက်အင်္ဂါနေ့ဖြစ်ပါတယ်။
ကောဇာသက္ကရာဇ်၁၃၈၀ခုနှစ်ကဆုန်လဆန်း၃ရက်နေ့ဖြစ်ပါတယ်။
ဒီနေ့ဟာကောဇာသက္ကရာဇ်၁၃၇၉ခုနှစ်ကနေပြီးတော့ ၁၃၈၀ ကို ကူးပြောင်းတဲ့နေ့တစ်နေ့ဖြစ်ပါတယ်။
တနည်းအားဖြင့်ပြောရရင်တော့မြန်မာနှစ်ဆန်းတစ်ရက်နေ့ပဲဖြစ်ပါတယ်။
သင်္ကြန်အကြိုနေ့ကစလို့၊အကျနေ့၊အကြတ်နေ့၊အတက်နေ့ဆိုပြီးလေးရက်လုံးလုံးသင်္ကြန်မှာရေကစားပြီးအားလုံးလည်းပင်ပန်းနေကြမယ်ထင်ပါတယ်။
မနေ့ကအတက်နေ့၊သင်္ကြန်ရဲ့နောက်ဆုံးနေ့ဆိုတော့ပိုပြီးတော့ကဲကြလိမ့်မယ်ထင်ပါတယ်။
ဒီနေ့တော့အားသစ်တွေပြန်ပြီးမွေးကြရမယ့်နှစ်ဦးရဲ့ပထမဆုံးရက်တစ်ရက်ဖြစ်ပါတယ်။
ကျွန်တော်လည်းသင်္ကြန်တွင်းမှာစတီးမစ်ပို့စ်ရေးသားခြင်းကိုနားထားခဲ့ပါတယ်။
ဒီနေ့တော့သင်္ကြန်လည်းပြီးသွားပြီဆိုတော့ပြန်ပြီးတော့ရေးအုံးမယ်စိတ်ကူးပြီးရေးကြည့်တာပါ။
ဒီနေရာမှာသင်္ကြန်ပြီးသွားပြီဆိုလို့ပြောစရာတစ်ခုရှိပါတယ်။
တော်တော်များများကတော့မနေ့ကသင်္ကြန်အတက်နေ့ပြီးရင်သင်္ကြန်ပြီးကြပါတယ်။
ကျွန်တော်တို့ရွာမှာက အတက်နေ့ပြီးလို့မပြီးသေးပါဘူး။
ဒီနေ့နှစ်ဆန်းတစ်ရက်နေ့တစ်ရက်ကျန်ပါသေးတယ်။
ဒီနေ့လည်းရေပက်ကြတုန်းပါ။
သူများတွေပြီးသွားတဲ့ဒီနေ့မှာကျွန်တော်တို့ရွာကမပြီးသေးပါဘူး။
အစည်ကားဆုံးရက်တစ်ရက်လို့တောင်ပြောလို့ရပါတယ်။
ဘေးရွာတွေကပါလာပြီးရေကစားကြတဲ့နေ့ပါ။
စတုဒီသာကျွေးကြတဲ့သူတွေကလည်းဒီနေ့အထိကျွေးကြတုန်းပါ။
အမှန်ကတော့ဒီနေ့ကကျွန်တော်တို့ရွာမှာဘုရားရေသပ္ပါယ်ကြတဲ့နေ့ပါ။
တောထဲမှာရှိတဲ့ဝမ်းတော်ဘုရားကိုသွားပြီးရေသပ္ပါယ်ကြတာပါ။
ရွာနဲ့တစ်မိုင်မရှိတစ်ရှိလောက်ဝေးပါတယ်။
အဲဒီမှာဘုရားသွားရင်းလမ်းမှာကေကစားကြတာပါ။
ဘုရားဝိုင်းထဲမှာရေကိုစက်နဲ့မောင်းပေးထားပါတယ်။
ဘုရားရေသပ္ပါယ်ကြပြီးတာနဲ့ရေကစားကြပါတယ်။
လူတွေကအရမ်းစည်ပါတယ်။
တစ်ခြားရွာကသူတွေကလည်းသူတို့ရွာမှာသင်္ကြန်မရှိတော့တဲ့အတွက်ကျွန်တော်တို့ရွာဘက်ကိုလာပြီးရေကစားကြတဲ့အတွက်ပိုပြီးတော့စည်ပါတယ်။
သူ့အရပ်နဲ့သူ့ဇာတ်ပျော်နေကြပါတယ်။
ဗဟုသုတအနေနဲ့မျှဝေပေးတာပါ။
နှစ်သစ်မှာစိတ်သစ်လူသစ်နှင့်ဘဝကိုလွယ်ကူချောမွေ့စွာဖြတ်သန်းနိုင်ကြပါစေ။
ေဇာ္ဂ်ီ
မၿပီးေသးတဲ့ကြၽန္ေတာ္တို႔ရြာကသၾကၤန္
အားလံုးပဲမဂၤလာပါခင္ဗ်ား။
ဒီေန႔ဟာ၂၀၁၈ခုႏွစ္ဧၿပီလ၁၇ရက္အဂၤါေန႔ျဖစ္ပါတယ္။
ေကာဇာသကၠရာဇ္၁၃၈၀ခုႏွစ္ကဆုန္လဆန္း၃ရက္ေန႔ျဖစ္ပါတယ္။
ဒီေန႔ဟာေကာဇာသကၠရာဇ္၁၃၇၉ခုႏွစ္ကေနၿပီးေတာ့ ၁၃၈၀ ကို ကူးေျပာင္းတဲ့ေန႔တစ္ေန႔ျဖစ္ပါတယ္။
တနည္းအားျဖင့္ေျပာရရင္ေတာ့ျမန္မာႏွစ္ဆန္းတစ္ရက္ေန႔ပဲျဖစ္ပါတယ္။
သၾကၤန္အႀကိဳေန႔ကစလို႔၊အက်ေန႔၊အၾကတ္ေန႔၊အတက္ေန႔ဆိုၿပီးေလးရက္လံုးလံုးသၾကၤန္မွာေရကစားၿပီးအားလံုးလည္းပင္ပန္းေနၾကမယ္ထင္ပါတယ္။
မေန႔ကအတက္ေန႔၊သၾကၤန္ရဲ႕ေနာက္ဆံုးေန႔ဆိုေတာ့ပိုၿပီးေတာ့ကဲၾကလိမ့္မယ္ထင္ပါတယ္။
ဒီေန႔ေတာ့အားသစ္ေတြျပန္ၿပီးေမြးၾကရမယ့္ႏွစ္ဦးရဲ႕ပထမဆံုးရက္တစ္ရက္ျဖစ္ပါတယ္။
ကြၽန္ေတာ္လည္းသၾကၤန္တြင္းမွာစတီးမစ္ပို႔စ္ေရးသားျခင္းကိုနားထားခဲ့ပါတယ္။
ဒီေန႔ေတာ့သၾကၤန္လည္းၿပီးသြားၿပီဆိုေတာ့ျပန္ၿပီးေတာ့ေရးအံုးမယ္စိတ္ကူးၿပီးေရးၾကည့္တာပါ။
ဒီေနရာမွာသၾကၤန္ၿပီးသြားၿပီဆိုလို႔ေျပာစရာတစ္ခု႐ွိပါတယ္။
ေတာ္ေတာ္မ်ားမ်ားကေတာ့မေန႔ကသၾကၤန္အတက္ေန႔ၿပီးရင္သၾကၤန္ၿပီးၾကပါတယ္။
ကြၽန္ေတာ္တို႔ရြာမွာက အတက္ေန႔ၿပီးလို႔မၿပီးေသးပါဘူး။
ဒီေန႔ႏွစ္ဆန္းတစ္ရက္ေန႔တစ္ရက္က်န္ပါေသးတယ္။
ဒီေန႔လည္းေရပက္ၾကတုန္းပါ။
သူမ်ားေတြၿပီးသြားတဲ့ဒီေန႔မွာကြၽန္ေတာ္တို႔ရြာကမၿပီးေသးပါဘူး။
အစည္ကားဆံုးရက္တစ္ရက္လို႔ေတာင္ေျပာလို႔ရပါတယ္။
ေဘးရြာေတြကပါလာၿပီးေရကစားၾကတဲ့ေန႔ပါ။
စတုဒီသာေကြၽးၾကတဲ့သူေတြကလည္းဒီေန႔အထိေကြၽးၾကတုန္းပါ။
အမွန္ကေတာ့ဒီေန႔ကကြၽန္ေတာ္တို႔ရြာမွာဘုရားေရသပၸါယ္ၾကတဲ့ေန႔ပါ။
ေတာထဲမွာ႐ွိတဲ့ဝမ္းေတာ္ဘုရားကိုသြားၿပီးေရသပၸါယ္ၾကတာပါ။
ရြာနဲ႔တစ္မိုင္မ႐ွိတစ္႐ွိေလာက္ေဝးပါတယ္။
အဲဒီမွာဘုရားသြားရင္းလမ္းမွာေကကစားၾကတာပါ။
ဘုရားဝိုင္းထဲမွာေရကိုစက္နဲ႔ေမာင္းေပးထားပါတယ္။
ဘုရားေရသပၸါယ္ၾကၿပီးတာနဲ႔ေရကစားၾကပါတယ္။
လူေတြကအရမ္းစည္ပါတယ္။
တစ္ျခားရြာကသူေတြကလည္းသူတို႔ရြာမွာသၾကၤန္မ႐ွိေတာ့တဲ့အတြက္ကြၽန္ေတာ္တို႔ရြာဘက္ကိုလာၿပီးေရကစားၾကတဲ့အတြက္ပိုၿပီးေတာ့စည္ပါတယ္။
သူ႔အရပ္နဲ႔သူ႔ဇာတ္ေပ်ာ္ေနၾကပါတယ္။
ဗဟုသုတအေနနဲ႔မ်ွေဝေပးတာပါ။
ႏွစ္သစ္မွာစိတ္သစ္လူသစ္ႏွင့္ဘဝကိုလြယ္ကူေခ်ာေမြ႔စြာျဖတ္သန္းႏိုင္ၾကပါေစ။