ခုလိုစာမျိုးကို facebookမှာဆို တင်ဖြစ်မည်ကို
မထင်ပါ။
Steemitမှာမလို့သာ တင်ဖြစ်ချင်းဖြစ်ပါတယ်။
ကျွန်တော့်ရဲ့ အထင်အမြင်လေးနဲ့ရေးထားခြင်းသာ
ဖြစ်ပါတယ်။
သဘောထားကွဲလွဲနိုင်တာလည်းရှိပါတယ်။
ကျွန်တော်တို့ဟာ ငယ်စဉ်ဘဝတည်းက ကန့်သတ်ခံခဲ့ရပါတယ်။
ပြောရမယ်ဆိုရင် မူလတန်းကတည်းက။
မဟုတ်ဘူး။
လူမှန်းနားလည်စကတည်းက ဆိုရင် ပိုမှန်မလားမသိ။
ကန့်သတ်ခံရတယ်။
ဘာကိုကန့်သတ်ခံရတာလဲ ကိုရဲလို့ မေးချင်ကြမယ်ထင်ပါတယ်။
ကဲဒီမေးခွန်းကို ကျွန်တော်က မေးခွန်းလေးတစ်ခုမေးပြီး
ဖြေချင်ပါတယ်။
မင်းငယ်ငယ်က ဘာဖြစ်ချင်ခဲ့လဲ။
ဆရာဝန် အင်ဂျင်နီယာ ကျောင်းဆရာမ ဗိုလ်ကြီး
များသောအားဖြင့် ဒီထဲကပဲ ဖြေခဲ့ကြမှာပါ။
ကျွန်တော်အပါအဝင်ပေါ့။
ကျွန်တော်ငယ်ငယ်ဘယ်သူမေးမေး
ကိုရဲ ကြီးလာရင်ဘာလုပ်မှာလဲ။
ကျွန်တော်ကလဲ ဘယ်သူမေးမေး တစ်ခုပဲ ဖြေခဲ့တာကတော့
တစ်ခုတည်းပါ။
အင်ဂျင်နီယာကြီး လုပ်မှာလို့ပြဲဖစ်ပါတယ်။
လူကြီးတွေကတော့ သဘောကျတာပေါ့။
ငါ့သားက ငါ့မြေးက အင်ဂျင်နီယာကြီးလုပ်မှာကွ။
အဘတို့နေဖို့ အဖေတို့နေဖို့ တိုက်ဆောက်ပေးကွ။
ဆိုင်တော့မဆိုင်ပေမဲ့
အင်ဂျင်နီယာဆိုတာနဲ့ ပက်သက်ပြီးပြောပြရဦးမယ်ဗျ။
ကျွန်တော်တို့ ငယ်ငယ်တုန်းက အင်ဂျင်နီယာဆိုရင်
တိုက်ဆောက် တံတားဆောက် ဒါပဲ သိခဲ့တယ်။
TVတွေထဲမှာ ပါလာရင်လည်း အင်ဂျင်နီယာဆိုတာ
Siteထဲမှာ ဦးထုပ်လေးဆောင်းပြီး လိုက်ကွပ်ကဲနေတာပဲ
ပြနေကြတာကိုးဗျ။
ခုခေတ်ကလေးတွေတော့ အင်ဂျင်နီယာဆိုရင် ဘယ်လို
ထင်လဲ မသိကြပါဘူး။
ကျွန်တော်တို့တုန်းကတော့ အင်ဂျင်နီယာဆိုရင်
တိုက်ဆောက် တံတားဆောက်ဒါပဲ သိခဲ့ပါတယ်။
အင်ဂျင်နီယာဆိုတာ တိုက်ဆောက် တံတားဆောက်ပဲ
မဟုတ်ဘူးဆိုတာကို ကျွန်တော် ရှင်းရှင်းလင်းလင်း
သိခဲ့တာတောင် ကျွန်တော်ဆယ်တန်းလောက်မှသိတယ်လို့
ပြောလို့ရမယ်။
ကျွန်တော်ငယ်ငယ်ကသိခဲ့တဲ့ အင်ဂျင်နီယာ ဆိုတာ
Civil Engineer ပါလားလို့ အဲ့ကျမှ သိခဲ့ရပါတယ်။
ဒါကြောင့် အခု Steemit ကအကိုတို့အမတို့ ကိုကျွန်တော်
တစ်ခုrequest ပါရစေ။
မိမိအသိ ဆွေမျိုး သားသမီး တွေထဲမှာ ကြီးလာရင်
အင်ဂျင်နီယာကြီး လုပ်ချင်တယ်လို့ပြောလာတဲ့သူရှိရင်
ပြောပြပေးပါသူ့ကို အင်ဂျင်နီယာဆိုတာ တိုက်ဆောက်
တံတားဆောက် တစ်ခုပဲ မဟုတ်ပါဘူးလို့။
သားကဘာအင်ဂျင်နီယာလုပ်ချင်တာလဲ။
အင်ဂျင်နီယာဆိုတာမျိုးစုံရှိတယ်သားရဲ့
Architecture
Civil Engineering
Electronic Communication Engineering
Electrical Engineering
Information Technology Engineering
Mechatronics Engineering
Mechanical Engineering
Environmental engineering
Chemical engineering
Petroleum engineering
Computer engineering
စသဖြင့်မျိုးစုံရှိတယ်သားရဲ့ အင်ဂျင်နီယာဆိုတာ
သားက ဘာအင်ဂျင်နီယာကြီး ဖြစ်ချင်တာတုန်း။
အဲ့လိုပြောပြပေးကြပါ။
အဲ့လိုသိသွားရင်တော့ သေချာပါပြီ။
ဒီကလေးကျွန်တော့်ထက်တော့ သာသွားပါပြီ။
လျှာရှည်တာ နည်းနည်းကြာသွားတယ်။
Main ကိုဆက်လိုက်ရအောင်။
ကျွန်တော်မှတ်မိသေးတယ်ဗျ။
ကျွန်တော်တို့ ၇တန်းရောက်တော့ မြန်မာစာ ပထမဆုံး
စသင်တဲ့အချိန်မှာ အတန်းထဲက လူအားလုံးကို
ဆရာမကနေ တစ်ယောက်ချင်းစီ လိုက်မေးခဲ့တယ်။
သားကြီးလာရင်ဘာလုပ်ချင်လဲလို့။
အကုန်လုံးဖြေခဲ့ကြတာကတော့ ကျွန်တော်ပြောခဲ့တဲ့
ဆရာဝန် အင်ဂျင်နီယာ ကျောင်းဆရာ စစ်ဗိုလ်ကြီး
သဘောင်္သားကြီး စသဖြင့် ဒီထဲကပါပဲ။
သိပ္ပံပညာရှင်ကြီးဖြစ်ချင်တယ်လို့ဘယ်သူမှမပြောခဲ့ပါ။
ဘောလုံးသမားကြီးဖြစ်ချင်တယ်လို့ဘယ်သူမှမပြောခဲ့ပါ။သမ္မတကြီးဖြစ်ချင်တယ်လို့ဘယ်သူမှမပြောခဲ့ပါ။
စီးပွားရေးပညာရှင်ကြီးဖြစ်ချင်တယ်လို့ဘယ်သူမှမပြောခဲ့ပါ။ကုမ္ပဏီပိုင်ရှင်ကြီးဖြစ်ချင်တယ်လို့ဘယ်သူမှမပြောခဲ့ပါ။
ကွန်ပျူတာပညာရှင်ကြီးဖြစ်ချင်တယ်လို့ဘယ်သူမှမပြောခဲ့ပါ
စာရေးစရာကြီ်းဖြစ်ချင်တယ်လို့ဘယ်သူမှမပြောခဲ့ပါ။
ပန်းချီပညာရှင်ကြီးဖြစ်ချင်တယ်လို့ဘယ်သူမှမပြောခဲ့ပါ။
အဆိုတော်ကြီးဖြစ်ချင်တယ်လို့ဘယ်သူမှမပြောခဲ့ပါ။
သရုပ်ဆောင်ကြီးဖြစ်ချင်တယ်လို့ဘယ်သူမှမပြောခဲ့ပါ။
ဂီတပညာရှင်ကြီးဖြစ်ချင်တယ်လို့ဘယ်သူမှမပြောခဲ့ပါ။
အာကာသယာဉ်မှူးကြီးဖြစ်ချင်တယ်လို့ဘယ်သူမှမပြောခဲ့ပါ။
မီးသတ်သမားကြီးဖြစ်ချင်တယ်လို့ဘယ်သူမှမပြောခဲ့ပါ။
သူများနိုင်ငံတွေမှာဆိုရင် တော့ပြောကြမယ်သူတို့ တကယ်
ဖြစ်ချင်တာတွေကို။
ဇာတ်ကားလေးတွေထဲမှာလဲတွေ့ရတယ်။
ကောင်မလေးတစ်ယောက်ဆို သူကြီးလာရင် ဘာဖြစ်ချင်လဲ
မေးတာ သူ့အမေလို အိမ်ထောင်ရှင်မကောင်းတစ်ယောက်
ဖြင်ချင်ပါတယ်တဲ့။
ကျွန်တော်တို့ဆီမှာတော့ ယောင်ယမ်းပြီးတောင် အဲ့လို
ဖြေကြမည်မထင်ပါ။
ဟိုတုန်းက ကျွန်တော်တို့ခေတ်ကိုတော့
အပြစ်မပြောချင်ပါဘူး။
အင်ဂျင်နီယာဆိုတာ တိုက်ဆောက် တံတားဆောက်လောက်ပဲ သိခဲ့တာပါဆို။
ဘာလို့ဆို ကျွန်တော်တို့တုန်းက ခုလောက်မှ မတိုးတက်သေးတာ။
ခုခေတ်ကလေးတွေကတော့ နည်းနည်းပါးပါး အသိအမြင်တွေများလာကြပါပြီလို့ထင်မိပါတယ်။
ကလေးတွေကိုဘာဖြစ်ရမှလို့ ငယ်ငယ်ကတည်းက
ကန့်သတ်မထားကြပါနဲ့မိဘများက
ဘာတွေရှိတယ်ဆိုတာ သူတို့ သိအောင် shareပေးကြပါ။
ဆရာဝန် အင်ဂျင်နီယာ ကျောင်းဆရာ စစ်ဗိုလ်
ဒီလောက်ပဲ မသိကြပါစေနဲ့။
ကျွန်တော်ခုမှ ပြန်ပြီးနားလည်မိတယ်။
ကျွန်တော်တို့နိုင်ငံမှာ စွန့်ဦးတီထွင်တာတွေ တခြား ထူးချွန်
သူတွေ မပေါများတာ ဒါကြောင့်ပါမယ်လို့ ကျွန်တော်ထင်မိတယ်။
ပြောမဆုံးပေါင်တောသုံးထောင်မလို့ဒီမှာပဲနားပါရစေ။
ကျွန်တော် တစ်ခါလောက်တော့ ဝင်မေးချင်တယ်ဗျ ကျောင်းတွေကိုဝင်ပြီး ကလေးတွေကို
ကြီးလာရင်ဘာဖြစ်ချင်ကြလဲလို့
Gamerကြီးဖြစ်ချင်တယ်လို့ဖြေတဲ့ကလေးရှိရင်တောင်
ဒါဟာသူ့ကို ချီးကျူးပေးရမှာပဲဖြစ်ပါတယ်။
Game နဲ့လည်း ပိုက်ဆံရှာလို့ရနေပါပြီ အခုခေတ်မှာ။
တချို့နိုင်ငံတွေမှာဆို Gameသက်သက်သင်တဲ့ကျောင်း
တွေတောင်ရှိပါတယ်။
ဘယ်လိုတွေများဖြေကြမလဲ
MSCမိသားစုဝင်များအားလုံးကျန်းမာချမ်းသာကြပါစေ။
Photos credit from google