လွန်ခဲ့သော ၄နှစ်က၊ဆရာတော်တပါးရဲ့တောင်းဆိုမှူ့ကြောင့်၊နွေရာသီဓမ္မစကူးလ်သင်တန်းဆင်းပွဲမှာ၊စကားပြောပေးဖို့တောင်းဆိုတာကြောင့်၊သွားပြောပေးရတယ်။အဲလိုရေးလိုက်လို့...၊ကျမကိုသိပ်ပီး၊အထင်ကြီးမသွားကြနဲ့ဦးနော်....။တကယ်ဆိုရင်၊ကျမက..ဘာမှမဟုတ်ဘူး။နောက်တခုက၊ကျမရဲ့ပင်ကိုယ်စိတိက၊ကျမကိုအခြားသူတွေက၊အထင်ကြီးခံမှူ့ကို၊မခံယူခြင်ဘူး။နွေးထွေးမှူ့နဲ့ရင်းနှီးမှူကိုဘဲ
လိုခြင်တာလေ။
သင်တန်းသားက၊၈၀၀ကျော်လောက်ရှိမယ်။၇တန်းကနေ၁၀တန်းကလေးတွေဖြစ်တယ်။စကားပြောတယ်ဆိုတာကလဲ...၊အခြေအနေရယ်၊အချိန်အခါရယ်ကြည့်ရသေးတာလေ။ကိုယ်ပြောတဲ့စကားကို၊သူတို့နားလည်ပါ့မလား၊လက်ခံပါ့မလားပေါ့....။လက်ခံနိုင်တဲ့အနေအထားရော..ရှိရဲ့လား..။ဒီတော့ကား.....။
ကျမကိုယ်ကျမ..အရင်ဆုံးမိတ်ဆက်ပီး၊ကလေးတွေကို၊မေးခွန်းတခုမေးလိုက်တယ်။
"ဗုဒ္ဓ"ဆိုတာဘာလဲ၊ဘာဖြစ်လို့ကိုးကွယ်တာလဲ"ဆိုတဲ့မေးခွန်းပါ။
သူတို့လေးတွေရဲ့ဖြေပုံလေးက.....။
ဗုဒ္ဓဆိုတာ၊သစ္စာလေးပါးကိုသိမြင်သူ၊လောကီမှလွတ်မြောက်မှူ့ကိုပေးစွမ်းနိုင်လို့၊ယုံကြည်ကိုးကွယ်တာ....တဲ့။ကျမက..ကလေးတွေအရမ်းတော်လိုက်တာ၊အရမ်းမှန်တာဘဲလို့...။ဒါပေမဲ့....ဒီလိုအသိတွေက၊ကလေးတို့နဲ့အရမ်းဝေးလွန်းတယ်လို့..ပြောလိုက်တော့..၊
အားလုံးကအံ့အားသင့်သွားသလို၊ဘေးမှာထိုင်နေတဲ့လူကြီးတွေရော၊ဘုန်းကြီးတွေရော..၊"ဘာပါလိမ့်ဆိုတဲ့၊သိခြင်စိတ်တွေက၊
ပေါ်လွင်နေတာကို၊ကျမကသိလိုက်တယ်။
ကျမပြောခြင်တာက..၊ကလေးတွေ..ကျောင်းအပ်ပီး၊စာသင်တယ်ဆိုရင်၊ဘာကိုအရင်ဆုံးသင်ရတာလဲ?...။
"ဝ"ကလေးဝိုင်းဝိုင်းရေးတတ်ဖို့၊အရင်ဆုံးသင်ရတာမဟုတ်ဖူးလား...။အခြေခံ..ဝလုံးကိုမှ၊
လှပအောင်၊သေသပ်အောင်၊မရေးတတ်ဘဲနဲ့....၊စာတကြောင်း၊စာတပုဒ်ကိုရေးဖို့ဆိုတာ၊ဖြစ်နိုင်ပါ့မလား။
ဒီလိုဘဲ...လူတယောက်ရဲ့အခြေခံစိတ်ဖြစ်တဲ့....၊
"ကိုယ်ချင်းစာနာစိတ်"ကို၊အရင်ဆုံးမွေးမြူ ဖို့၊တည်ဆောက်ဖို့ကို၊မြတ်စွာဘုရားရှင်က၊သားတော်ရာဟုလာကို...."ချစ်သားရာဟုလာ...သင်ကသူတပါးကိုဆဲမည်ဆိုလျင်၊အဲဒီအဆဲစကားတွေကိုယ့်ကို၊အရင်ဆုံးဆဲကြည့်ပါ၊သင်ခံနိုင်သလား"တဲ့။မခံနိုင်ပါလို့..၊
ရာဟုလာက၊ပြန်ဖြေတယ်။ဒီတော့...ဘုရားရှင်က၊
"ကောင်းပီချစ်သား....၊သင်တောင်မှမခံနိုင်လျင်၊သူတပါးကလဲခံနိုင်မှာမဟုတ်ဘူး၊ဒီတော့..ဘာဘဲပြောပြော၊ဘာဘဲလုပ်လုပ်၊ကိုယ်ချင်းစာစိတ်နဲ့စဉ်းစားဖို့၊လုပ်ဖို့ကို..အရင်ဦးဆုံး၊ဆုံးမတော်မူတာက၊ကိုယ်ချင်းစာတရားပါ။
အနိစ္စတွေ၊ဒုက္ခတွေ၊အနတ္တတွေ၊ဖြစ်ပျက်သဘောတွေ၊အကြောင်းနဲ့အကျိုးဆိုတဲ့၊ဆက်စပ်မှူ့နိယာမတရားတွေကို
အရင်ဆုံးမဟောဘူး။
မြတ်စွာဘုရားရှင်က၊လူပုဂ္ဂိုလ်တယောက်ကိုတရားဟောတော့မယ်ဆိုရင်...၊
ထိုပုဂ္ဂိုလ်ရဲ့ပါရမီအနုအရင့်၊ကျွတ်ထိုက်..မကျွတ်ထိုက်၊
ကျွတ်ချိန်ရောက်မရောက်ကို၊ဥာဏ်တော်နဲ့သုံးသပ်ဆင်ခြင်ပီးမှ၊ဟောခြင်းဖြစ်ပါတယ်။
ဘုရားရှင်ရဲ့တရားတော်တွေမှာ....၊လုပ်ရမဲ့အရာနဲ့မလုပ်အပ်သောအရာကိုခွဲခြားထားတယ်။
လုပ်ရမဲ့အရာကိုလုပ်ရင်...ဒီလိုကောင်းကျိုး။
မလုပ်အပ်သောအရာကိုလုပ်ရင်...ဒီလိုဆိုးကျိုးဆိုပီး၊ခွဲခြားပြထားတယ်။ဒါတွေကိုလုပ်သင့်တယ်၊လုပ်အပ်တယ်လို့ဘဲ၊အကြံပြုတာ။"လုပ်ရမယ်"ဆိုတဲ့..အမိန့်မထုတ်ဘူး။
ဒါကိုလုပ်ရမယ်ဆိုတဲ့စိတ်ဖြစ်တာက၊ကိုယ့်အသိဥာဏ်ရဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်။
အသိဥာဏ်ကိုဖွင့်ပေးသော၊အဆင့်မြင့်သော၊အသုံးချပညာ
ဖြစ်တယ်။
လူတိုင်းမှာကိုယ်ပိုင်အသိဥာဏ်ကိုယ်စီရှိကြပါတယ်။ဒါတွေ
ပွင့်လန်းဖို့ရာ၊အခြေခံကောင်းရမယ်၊။အဲဒီအခြေခံဆိုတာ..
တခြားမဟုတ်ပါဘူး။ကိုယ်ချင်းစာနာစိတ်ဆိုသော..အင်မတန်မှနူးညံ့တဲ့၊သိမ်မွေ့တဲ့၊မြင့်မြတ်တဲ့...စိတ်ထားလေးတခုပါဘဲ။
စာကြွင်း=ကျမသိသလောက်ဆက်ရေးပါမည်။စာဖတ်သူများ၊အသိတခုရစေခြင်သလို၊ကျမရဲ့စာမှာ၊မှားကွက်ဟာကွက်ပျော့ကွက်လေးများရှိရင်လဲ၊ထောက်ပြပီး၊အကြံပေးပါ။စာပေနဲ့ပတ်သက်ပီး..နွေးထွေးမှူ့
သင်္ကေတလေးများပြပေးကြပါ။
ရီရီဆွေ
မုံရွာ