ဒီခေါင်းစဉ်လေးနဲ့ဒီလှိုင်းဂျာနယ်မှာ..ကျမရေးခဲ့တာလေ..။
အခုလည်း..သူတို့အကြောင်းပါဘဲ။
အလှူ့ရှင်က..ဂျာမဏီနိုင်ငံသားများဖြစ်ကြတဲ့..U Do and Jutta ဆိုသော..အလှူ့ရှင်ဇနီးမောင်နှံပါ။
သူတို့ပေးပို့သမျှအလှူငွေတွေဟာ..တွက်ကြည့်ရင်သိန်းတရာကျော်ပါပီ။
ကျမရဲ့သား..တိုးဂိုက်ဖြစ်သူနဲ့ဧည့်သည်အဖြစ်လာလည်ရင်း..ခင်မင်သွားပီး..သူတို့ရဲ့ဆန္ဒကို..ကိုယ်ကဖြည့်ဆည်းဆောင်ရွက်ပေးရတာပါ။
ဒီလိုကိစ္စတွေဆိုတာ..တဦးနဲ့တဦးဟာ..ယုံကြည်မူ့ရှိမှဖြစ်မယ်။ဒီယုံကြည်မူ့ဆိုတာ...မှန်ကန်မူ့..လေးစားမူ့တွေနဲ့တည်ဆောက်ရာတဲ့အရာဖြစ်တယ်။ကိုယ့်ရဲ့အမှန်အကန်လုပ်
ဆောင်မူ့တွေကို..မှတ်တမ်းတင်ပီး..ပြန်ပို့ပေး..။သူတို့ကလည်း..ကိုယ့်ရဲ့ပေးပို့မူ့မှတ်တမ်းလေးတွေကိုကြည့်ရင်း..ပီတိကိုခံစား..ယုံကြည်မူ့တွေတိုးပွား...။ဘာလိုလိုနဲ့..နှစ်နှစ်တောင်ကျော်လာခဲ့ပီ။
ဒီတစ်ခါအလှူကလည်း...ယင်းမာပင်မြို့အဝင်မှာရှိတဲ့.သီလရှင်ပရဟိတကျောင်းလေးနဲ့စိုင်ပြင်ကြီးဆိုတဲ့ကျေးရွာကြီးမှာရှိတဲ့.."လယ်တီဝံသ..ပရဟိတဘုန်းကြီးပညာသင်စာသင်ကျောင်း"ပါ။
ပရဟိတ..ဆိုတဲ့စကားလုံးဆိုတာ..အများအကျိုးဆောင်ရွက်မူ့ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။
အကူအညီပေးတယ်ဆိုတဲ့ဖြည့်ဆည်းမူ့ဆိုတာ..အမှန်တကယ်လိုအပ်မူ့ရှိတဲ့ကိစ္စအဝဝကို..ဖြည့်ဆည်းပေးမှသာလျှင်အကျိုးဖြစ်ထွန်းမူ့ရှိမှာ..ဧကန်ပါ။
ဖြည့်ဆည်းတယ်ဆိုတဲ့နေရာမှာလည်း..ကိုယ့်လူမျိုး..သူ့လူမျိုး..ကိုယ့်ဘာသာ..သူ့ဘာသာဆိုတဲ့ကွဲပြားမူ့..ခွဲခြားမူ့ကြီးကို..လက်ကိုင်ပြုထားရင်တော့..ကုသိုလ်ဆိုသောကောင်းမူ့
ဆိုတာ..တကယ်ရော..ကောင်းမူ့စစ်ရဲ့လားဆိုတာ..ဆန်းစစ်ဖို့လိုပါတယ်။
ကျမတို့မြတ်စွာဘုရားရှင်ဟောကြားချက်မှာ..
ငတ်မွတ်နေသော..တိရိဆ္တန်တစ်ကောင်ကိုကျွေးမွေးလျှင်..
ဘဝတစ်ရာကောင်းကျိုးပေးမယ်။
သာမန်လူတစ်ယောက်ကိုကျွေးမွေးလျှင်..ဘဝတစ်ထောင်။
ထိုမှ..အရိယာလူပုဂ္ဂိုလ်..ရဟန်းသံဃာ..စသဖြင့်..အကျိုးပေးပုံတွေကိုခွဲခြားဟောပြထားပါတယ်။
လူဆိုသောအရာမှာ..ဘယ်လူမျိုးမှ..ဘယ်ဘာသာမှ..ဆိုတဲ့
ခွဲခြားချက်မပါဝင်ပါဘူး။
အရိယာတို့..ရဟန်းတို့..အနာဂါဏ်..စသဖြင့်သတ်မှတ်ချက်
တွေဟာ..ထိုစောင့်ထိန်းကျင့်သုံးသော..အကျင့်သီလသမာဓိသိက္ခာနဲ့အဆုံးအဖြတ်ပေးပါတယ်။
မေတ္တာသုတ်မှာ...မေတ္တာပို့သနည်းတွေကိုလေ့လာကြည့်ရင်..အစွဲကင်းတာကိုတွေ့ရပါမယ်။ဆိုတော့..အစွဲကြီးတစ်ခုကို၊လက်ဆုပ်လက်ကိုင်ပြုပီး...ပြောဆိုလုပ်ကိုင်ကြမယ်ဆိုရင်..ကိုယ်ကိုးကွယ်ယုံကြည်ပါတယ်ဆိုသော..ဘုရားရှင်၏လမ်းစဉ်မှသွေဖယ်နေတယ်ဆိုတာတော့
သိသင့်ပါတယ်။
အတွေးအခေါ်ဆိုတာ..အင်မတန်မှနူးညံ့သိမ်မွေ့သလိုနက်နဲပါတယ်။အမှန်ကိုမြင်ဖို့ဆိုတာစဉ်းစားဝေဖန်သုံးသပ်တတ်ရပါမယ်။သုံးသပ်တတ်ဖို့..ပညာလိုပါတယ်။
မေတ္တာသုတ်ကိုသေခြာလေ့လာကြည့်ရင်...အစွဲကင်းခြင်းဆိုသော..ဝိသေသကိုတွေ့ရပါမယ်။
အခု..U Do နဲ့Jutta တို့ရဲ့စိတ်နေသဘောထားနဲ့လက်ခံဆောင်ရွက်မူ့တွေဟာ..သူတို့သည်အနတ္တဝါဒီမဟုတ်သော်ငြားလည်း...အနတ္တဝါဒရဲ့လမ်းစဉ်တွေအပေါ်..လျှောက်လှမ်းနေတာကို..မြင်တွေ့ရပါတယ်...။
ကျမ..နည်းနည်းတော့..သရော်ခြင်ပါတယ်..။အဲဒါက..
အစွဲအလန်းကြီးများစွာ..စိတ်ထဲမှာဖက်တွယ်..လူချီးမွမ်းခံခြင်သော..ပကာသနပေါင်းများစွာပြယုတ်တွေဖြင့်..အလှူဒါနကြီးများစွာပြုလုပ်ကာ...တောင်းသောနိဗ္ဗာန်ဆုကို.....
အနတ္တဝါဒိမဟုတ်သူ..ဂျာမဏီနိုင်ငံကU Do and Jutta တို့က...ပေါ့ပေါ့ပါးပါးလေးဖြင့်..ဖြတ်ပီးဆွတ်ခူးသွားနိုင်တယ်ဆိုတာ..သေခြာပါတယ်လို့...။
ရီရီဆွေ
အလုံ.မုံရွာ
MSC No 256