ရင့်ကျက်ခြင်း တခုအတွက်
မိန်းမတယောက် အရမ်းထက်မြတ်သွားရင်
ဒီမိန်းမ ဘဝင် မြင့်လိုက်တာလို့ မဝေဖန်ပါနဲ့……
အဲ့သလို့ မာကျောခတ်ထန်သွားတယ်ဆိုတာ
နောက်ကျောကို ထိုးစိုက်ခံရတဲ့ခပ်နက်နက် ဓားချက်
တွေ ထိုးစိုက်တတ်တဲ့လူတချို့ကြောင့်ပါဘဲ။
မိန်းမတယောက်အတွက် အေးစက်စက်အပြုအမူကြောင့်
ဒီမိန်းမ ဘဝင်လေဟပ်တယ်လို့ မထင်မိလိုက်ပါနဲ့
အေးစက်သွားစေခဲ့ဖို့အတွက် အပြုံးမပျက် နာကျင်မှု
တွေနဲ့ ပေးဆပ်ခဲ့ရလိုပါဘဲ။
မိန်းမတယောက် အရင်ထက် ငြိမ်ချက်သားကောင်းလို့
သွေးအေးအေးနဲ့ နေတတ်လိုက်တာလို့ မထင်ပါနဲ့
အဲ့သလိုနေတတ်ဖို့အတွက် ဘဝနဲ့ချီပေးဆပ်
ခဲ့ဖူးတာ သင်တို့မှသတိမထားမိခဲ့လို့ပါ။
ပြတ်ပြတ်သားသား စကားလုံးတွေနဲ့
နေသားကျသွားတတ်တဲ့ မိန်းမတယောက်အတွက်
ရက်စက်လိုက်တာရယ်လို အပြစ်တင်မစောပါနဲ့အုံး
လူမဆန်တဲ့ လူသားတချို့ရဲ့… သင်ခန်းစာပေးခဲ့ခြင်းကြောင့်ပါဘဲ။
မိန်းမတယောက်အတွက် တည်ငြိမ် ရက်ကျက်ခြင်း
အဖြစ်ကိုရောက်ရှိရခြင်းမှာ ဆိုးဝါးတဲ့ အတိတ်ဆိုးတွေ
ရှိကောင်းရှိနိုင်သလို……
နယူတန်ရဲ့ နိယာမ တခါတလေ မှားယွင်းမှုတွေကြောင့် မညီမျှတဲ့ ပေးဆပ်မှုရဲ့ ရလဒ်တွေတပုံအပင်နှင်အတူ
အရင်းအနှီးတွေ တောင်ပုံယာပုံနဲ့ ဘဝကို ပေးဆပ်ဖြတ်သန်းလာရလိုပါဘဲ။
✏✏✏ အစဉ်လေးစားလျှက်