အသက်ဥာဏ်စောင့်
ကျွန်တော် ကြောညာလေးတခုဝင်လိုက်ပါအုံးမယ်ဗျာ့ ၊ကျွန်တော်တို့သွေးတိုးလေဖြတ်ဖြစ်တဲ့အခါ လူ့ဘဝကြီးမှာ တဝက်သေသွားသလိုခံစားရပါတယ်၊ရောဂါထဲမှာဘယ်ရောဂါမှမဖြစ်တာအကောင်းဆုံးပါ ဒါပေမဲ့ အဲ့ဒီလေဖြတ်ရောဂါတော့ဖြစ်မှာ အကြောက်ဆုံးပါ ဒီလေဖြတ်ရောဂါဖြစ်ခဲ့ရင်ဖြစ်ဖြစ်ခြင်း ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးကိုသာအရောက်လာခဲ့ပါ နာရီအချိန်ကန့်သတ်ချက်တော့ရှိတယ်ဗျာ့ ၊စဖြစ်ဖြစ်ခြင်းကနေ ၁၂ နာရီအတွင်းအရောက်လာခဲ့ရင် သေခြာပေါက်အာမခံပြောက်ပါတယ်ဗျာ့ အနီးအနား က ကိုယ့်ရဲ့အသိလူတွေ သွားကြတာချက်ခြင်းပြောက်ကြတာကိုတွေ့ရပါတယ်၊
၁၂ နာရီအတွင်းကလည်းပိုပိုလိုလို ပြောထားတာနေမှာပါ ၁၂ နာရီ အတွင်းမရောက်ခဲ့ရင်လည်း စိတ်ဓာပ်မကျဘဲ စောစောရောက်နိုင်သမျှရောက်အောင်လာခဲ့စေခြင်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ ဟိုတနေ့က မြန်အောင်ကဘုန်းကြီးလွန်ခဲ့တဲ့ တလခန့်က လေဖြတ်သွားတာ အခုမှဆေးရုံကြီးလာပြီးတက်တာ ကျွန်တော်လည်း ဆေးရုံကြီးသွားပြီးလူနာမေးတော့ ဆရာဝန်က အနည်းဆုံး ၂၄ နာရီ အတွင်းလောက်ဆိုမဆိုးဘူးလို့ဆရာဝန်ကြီးကပြောတာကြားလိုက်ရတယ် ၊၁၂ နာရီအတွင်းလာတာကတော့ သေခြာပေါက် အကောင်းဖြစ်နိုင်တာပေါ့ ၂၄ နာရီအတွင်းကတော့ မသေခြာတော့ မသေခြာ ဘူး ရောဂါအနုအရင့်ပေါ်မူတည်ပြီး ကောင်းသွားတာတွေလည်းအများအားဖြင့်တွေ့နေရတယ်၊
သိတဲ့အတိုင်းမြန်မာလူမျိုးတွေက အစည်းအဝေး ၈နာရီ ခေါ်မှ ၁၁နာရီလောက်မှစဖြစ်ကြတာလေ အချိန်ကိုရင်လောက်တင်မှ ဒူးလောက်ရောက်တာ ကျွန်တော်တို့ဘုန်းကြီးတော့ နောက်ပြန်မဖြစ်အောင် အုံနောက်တွေ ဓပ်မှန်ရိုက်ပြီးကုသပေးလိုက်တယ် ဖြစ်နေတဲ့ရောဂါတော့ ချက်ခြင်းမပြောက်ဖူး ဆေးမှန်မှန် သောက်ပြီး ဂရုစိုက်နေရင်တော့ကောင်းသွားနိုင်တယ်လို့ပြောပါတယ်၊ ရပ်ဝေးကမိတ်ဆွေတို့လည်းအဲ့ဒီရောဂါဖြစ်ရင် မှိနိုင်သမျှမှီအောင် ကားငှားပြီးလာစေခြင်ပါတယ်၊ကိုယ်ဒေသမှာ ရှိတဲ့အနှိပ်သယ်တွေနဲ့စန်းတဝါးဝါးမကုစေခြင်ပါဘူးအချိန်ကြာလာခဲ့ရင် သွေးကြောထဲကသွေးခဲသွားရင် ဘာလုပ်မရတော့ပါဘူး၊ အဲ့ဒါကြောင့်စေတနာရှေ့ထားပြီးဆေးရုံကြီးသို့ စောစောရောက်နိုင်သမျှရောက်အောင်လာစေခြင်ပါကြောင်းကြော်ညာမောင်းခပ်လိုက်ရပါတယ်ဗျာ