အားလုံးမင်္ဂလာပါဗျာ
အခုတလေား fb မှာစိတ်ဝင်စားတာလေးတခုတွေ့တယ်ခင်ဗျာ့ ၊ အဲ့တာကတော့ အများအကျိုးလုပ်ပေးနေတဲ့ "ရာသီဥတုအကြောင်းလေးမျှဝေကြမယ်" ဆိုတဲ့ဂရုလေးပါဘဲ ၊ဒီဂရုလေးက ကိုယ့်ဒေသရဲ့ရာသီဥတုအခြေအနေ အနေအထားလေးတွေမျှဝေကြတာပါ ၊
အဲ့ဒီမှာ အထမင်လားဘာလားတော့မသိဘူး ရာသီဥတုခန့်မှန်းခြေလေးတွေအမြဲတင်ပေးနေတာတွေ့ရတယ်၊ su su sanအကောက်နဲ့ "မိုးနတ်မင်း" ဆိုတဲ့အကောက် နှစ်ခုကခပ်များများပါဘဲ တရက်ကို ပိုစ် ၃ခု ၄ခုလောက်အမြဲ့သူတို့အချိန်မှန်တင်ပေးနေပါတယ်၊ ရာသီဥတုကိုသူတို့ခန့်မှန်းလိုက်တဲ့ပိုစ့်ရဲ့အောက်ကမန့်တွေ ကြည့်လိုက်တဲ့အခါ အားလုံးထောက်ခံပြီး" ညီမရေမှန်လိုက်တာ အခုစလေတိုက်နေပြီ "တို့ "ဘယ်ဒေသရော ပါလား " "ဘယ်မြို့ရော မိုးရွာနိင်မလား"စသည်ဖြင့် အားကိုးတကြီးမေးထားတဲမန့်တွေ အမြဲတမ်း၂၀လောက်ရှိတယ်၊
တချို့ကလည်း "ဟာ ကျွန်တော်ဘယ်သွားမလို့ အခုမသွားတော့ဘူး အမမှန်းရင်မလွဲဘူးတဲ့ တော်ကြာအိမ်မှာ အမိုးတွေလန်ကုန်လိုက်မယ်တဲ့ "အဲဒီတော့ကျွန်တော်စိတ်ဝင်စားသွားပြီ ဖုန်းဘေဘိုးမရ အလုပ်ပျက်ခံ အများအကျိုးအတွက် အမြဲတင်ပေးနေတဲ့ စိတ်ဓာတ်ကိုချီးကျုးမိနေတယ်၊
သူဘယ်ဆော့ဝဲ ဘယ်apk ကိုသုံးသလဲသိခြင်မိတယ် ကိုယ်လဲ အများအတွက်တင်ပေးခြင်မိတယ်၊ သူ့စကရင်ရှော့ကိုအသေအခြာကြည့်တော့လည်း မည်သည့် apk အမှတ်အသားမှမတွေ့ရ၊ ဒါနဲ့ play store မှာရမ်းပြီးတော့ မိုးလေဝသ apk တခုဆွဲလိုက်ပါတယ် နောက်ဆော့ဝဲကိုrun ပြီးကြည့်လိုက်တော့ မြိတ်မြိုပေါ်မှာ တိမ်တွေအုပ် မိုးတွေရွာနေတာတွေ့လိုက်ပါတယ်။
အလွယ်တကူ လိုင်းပေါ်မှာရှိနေသော ယွန်းယွန်းကို "ဟေ့ နင့်တိုမြို့မှာမိုးတွေရွာနေတာမဟုပ်လား" လို့လှမ်းမေးတော့ "ဘာဖြစ်လို့လဲ"တဲ့ "ငါ ရာသီဥတုခန့်မှန်းတဲ့ apk သုံးပြီး မိုးလေဝသ ပညာရှင်ဦးထွန်းလွင်လုပ်မလို့ " ဆိုပြီး ရယ်ပြီးပြောလိုက်ပါတယ်၊ သူကလဲ ရယ်ပြီး "နင့် apk မဟုပ်သေးဘူးနော် တနေကုန် နေကိုကျဲကျဲတောက်ပူနေတာ" ဆိုပြီးရီပါတော့တယ်၊ ကျွန်တော်လဲ အမ် ဒါဆို fb ပေါ်တင်လို့ဖြစ်သေးဘူး သူများရီစရာဖြစ်လိမ့်မယ်ဆိုပြီး apkကိုပြန်ဖြုတ်ချလိုက်ပြီး နောက်တခုထပ်ဆွဲလိုက်ပါတယ်။ ဆက်ရန်...