လေဖြတ်ခြင်းအကြောင်း (၃)
အရင်အပတ်က သွေးပြန်ကြောအဆီပိတ်ရင်ဖြစ်တပ်တဲ့အကြောင်းလေးရေးပြီးတော့ဒီတပတ်မှာ သွေးလွှတ်ကြောအဆီပိတ်ရင်ဖြစ်တပ်တဲ့သဘောကိုရေးပါမယ်၊ သွေးလွှတ်ကြောမှာအဆီပိတ်ရင် နှစ်လုံးဆီမှပို့လွှတ်လိုက်သောသွေးများသည်အုံးနောက်ဆီသို့ သွေးအရောက်နဲသွားလိမ်မည်၊အုံးနောက်တွင်လိုအပ်သလောက်သွေးမရောက်လျှင် ခေါင်းမူးခေါင်းကိုက်ဝေဒနာကိုခံစားရပါလိမ့်မည်။တချို့လူများသည် ခေါင်းမူးခေါင်းကိုက်ဖြစ်လျှင် တခါသွေးတိုးဖူး၍ကြောက်ကြောက်လန့်လန့်နဲ့သွေးကျဆေးများသောက်ကြလေသည်၊အမှန်မှာသွေးကျပြီးအုံးနောက်သွေးအရောက်နညိးလျှင်လည်းမူးတတ်တာကိုတချို့မသိကြပေ၊ထိုကြောင့် ခေါင်းမူးခေါင်းကိုက်ဖြစ်လျှင်သွေးပေါင်ကိုချိန်ပြီးတိုးလို့မူးသလား ကျလို့မူးသလားဆိုတာသေခြာအောင်စစ်ဆေးပြီးမှဆေးသောက်သင့်ပေသည်၊
ထိုကဲသို့မပြုလုပ်ဘဲအထင်နှင့်ဆေးများကိုသောက်နေပါကခုပ်ရာတခြားရှရာတခြားဖြစ်ပြီး ပို၍ရောဂါအခြေအနေဆိုးလာနိုင်ပါသည်၊
လေဖြတ်ခြင်း လေဖြန်းခြင်းသည် သွေးကြောအတွင်းအဆီပိတ်အနည်းအများပေါ်မူတည်လိမ့်မည်ထင်ပါသည်၊အုံးနောက်တွင်ဘယ်တကန့်ညာတကန့်နှင့်အကန့်နှစ်ခုရှိလိမ့်မည်ထင်ပါသည်၊သွေးကြောသည်လည်းဘယ်တချောင်ညာတချောင်းဖြင့်အုံးနောက်ဆီသို့သွေးများပို့လွှတ်လိမ့်မည်ထင်ပါသည်၊ပို့လွှတ်သောသွေးများသည်သက်ဆိုင်ရာခန္တာကိုယ်ရဲ့အခြမ်းကိုဖြန့်ကျက်ပါလိမ့်မည်၊အကယ်၍တခြမ်းခြမ်းမှသွေးကြောအဆီပိတ်လျှင်ခေါင်းတခြမ်းကိုက်ခြင်းမျိုးတွေဖြစ်ပါလိမ့်မည်၊ လုံးဝပိတ်သွားပါကကိုယ်တခြမ်းလေဖြန်းသွားပြီးပါရွဲ့သွားခြင်း လက်တဖက် ခြေထောက်တဖက်ခန္တာကိုယ့်တချမ်းလှူပ်မရဖြစ်သွားတပ်သလို လမ်းလျှောက်လျှင်ခြေထောက်တချောင်းဒရွတ်တိုက်နေပေလိမ့်မည်၊
စဖြစ်စဆိုလျှင်သွေးကြောအဆီပိတ်မူနည်းပါကဆေးဝါအမြန်ကုသမူပြုလုပ်လျှင် ပိတ်နေသောနေရာမှသွေးကျဲဈေးများထိုးပေးခြင်းဖြင့် အဆီများအရေပျော်ပြီးပြန်ကောင်းလာတပ်သလို အကယ်၍အချိန်မှီမကုသနိုင်ပါက အဆီသည် မပျော်နိုင်အောင်ခဲသွားပါက ကုသ၍မရတော့ပေ၊ ခန္တာကိုယ်တခြမ်းသည်လည်းတဖြေးဖြေးသိမ်လှီသွားပါလိမ့်မည်၊ အများအားဖြင့်လေဖြတ်သောသူများသည် ဦးခေါင်းအခွံထဲမှသွေးကြောဖြစ်သဖြင့်ပိတ်နေသောအဆီကိုခြေဖြက်ဖို့ ခေတ်မှီဆေးဝါးများနှင့်သာရပြီးအပြင်မှဘာမှလုပ်မရနိုင်ပါ၊ထိုကြောင့်အလွန်ကြောက်စရာကောင်းသော လေဖြတ်ခြင်းရောဂါကို ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းကပိုကောင်းပေလိမ့်မည်၊
နောက်ပတ်များတွင် လေဖြတ်ခြင်းရောဂါမဖြစ်စေရန်၊ ဘယ်လိုနေထိုင် ဘယ်လိုစားသောက်ရမည်ဆိုတဲ့အကြောင်းကို ကျွန်တော်သိသလောက် မှတ်မိသလောက်ရေးပြပါအုံးမည်၊ စာဖတ်ပေးသူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။
ဆက်ရန်....
Post writer=(shineshine)
MSC=146