လေဖြတ်ခြင်းအကြောင်း (၆)
ကျွန်တော်ကလေးမြို့မှာစက်ပြင်ဆိုင်လေးဖွင့်တော့ စလောင်းတွေစပေါ်ချိန် တခါမှမရောက်ဖူးသော ချင်းပြည်နယ်မြောက်ပိုင်းရိဒ်ရေကန်ရှိတဲ့ ရိဒ်ကော်ဒါးဖက်သို့စလောင်းစက်အဆင်သူငယ်ချင်းတယောက်နှင့်လိုက်ဖူးလေသည်။ ထိုအချိန်က စလောင်းအရွက်ကြီးများသာရှိပြီး နှစ်ပေစလောင်းများမပေါ်သေးပေ၊ စက်မှာအင်နိပီယာစက်သာလျှင်အကောင်းဆုံးဖြစ်ပြီးယခုလိုစက်ကောင်းများမရှိပါ၊ စလောက်အရွက်ကြီးများသည်ထိုအချိန်အခါကယခုစက်တွေလိုမဟုပ်ဘဲ အလွန်တရာ ဖမ်းယူရတာခက်ခဲလေသည်။ကျွန်တော်တို့နှစ်ယောက်စလောင်းပိုင်ရှင်နှင့် ကုန်ပြည့်နေသော ဝီလီဂျစ်အမိုးကိုင်းပေါ် မြဲမြန်စွာကိုင်တွဲရင်းတောင်ပေါ်လမ်းကိုလာခဲ့လေသည်၊
တဖြေဖြေးတောင်တက်ပြီးတောင်ထိပ်ပေါ်ကတီးတိန်မြို့ကိုရောက်၏၊တဖန်တီးတိန်မြို့မှတဖြေးဖြေးဆင်းပြီး အောက်ဆုံးချိုင့်ထဲမှာချောင်းတချောင်းရှိလေသည်၊ထိုချောင်းကိုဘေလီတံတားဖြင့်ဖြတ်ကူးရလေသည်၊ တီးတိန်မြို့တောင်ထိပ်တွင်တအားအေးသလောက်တောင်ခြေ ချောင်းကတံတားကိုရောက်တော့ မအးပဲပူလိုတောင်နေသဖြင့် တနေရာထဲရသီဥတုနှစ်ခုဖြစ်နေသလိုခံစားရလေသည်၊ထိုကြောင့်ရိဒ်ကောဒါးသွားသောကားများသည်အဲဒီချောင်းမှာဘဲကားအာလုံးညအိပ်ကြသည်ကိုတွေ့ရလေသည်၊ အဲ့ဒီမှာထမင်းဆိုင်နှစ်ဆိုင်သုံးဆိုင်ရှိလေသည်၊အဲဒီမှာဘဲ ကျွန်တော်တို့ဆီနဲ့မတူတဲ့အရာကိုသွားတွေ့ရလေသည်၊သူတို့ဆီကထမင်းဆိုင်ကအခုမှာအခုမရပါနာရီဝက်ခန်းစောင့်ရ၏၊ကားရပ်လျှင်ထမင်းစားမဲ့ခရီသယ်များအား ဘာဟင်းနဲ့စားမလဲ ၊နောက်ဆီဘယ်နှစ်ဇွန်းထည့်ရမလဲ၊ဆားတခါထဲထည့်ရမလားမေးလေ၏၊ဆီထည့်တဲ့ဇွန်းအရည်အတွက်ပေါ်မူတည်ပြီးဟင်းဈေးလဲပြောင်းလဲပါတယ်၊ဆီလုံးဝမထည့်ရင်ဈေးချိုပါတယ်၊အဲ့မှာကဆီလဲရှားပါတယ်၊ပြည်မကဝယ်ယူရတာပါ၊ကျွန်တော့မှာအံသြသွားလေ၏။ကျွန်တော်နဲ့ဟင်းအမျိုးတူစားတဲ့ချင်းတယောက်ကဆီမထည့်နဲ့ဆားမထည့်နဲ့တဲ့ အခုလိုတမျိုးနှစ်ယောက်အခုလိုမှာစားတော့ဘယ်လိုချက်ကြလဲမသိလို့သူ့ကိုမေးကြည်လိုက်တော့သူက အစကဘာမှမထည့်ဘဲချက်ထားပြီး ကြက်သွားတော့ င့ါအတွက်အရင်ခူး ပြီးရင်မင့်အတွက်လိုအပ်တာထပ်ထည့်တာပေါ့တဲ့ အော်..ဒီမှာထမင်းဆိုင်ဖွင့်ရတာလည်းမလွယ်ပါ့လားဟုတွေးမိလေ၏။အသားမျာကတော့စောစောထဲကမကြက်တကြက်ပြုပ်ထားပြီးသားဖြစ်သဖြင့် ချက်ရတာမြန်တော့မြန်လေ၏။
အဲ့ဒီဖက်လမ်းကြောင်းက ချင်းလူမျိုးတဝက်မြန်မာတဝက်ခရီးသွားတဲ့အခါ အဲ့လိုရောင်းမှအဆင်ပြေတာတဲ့ ကြိုတင်ချက်ထာရင်လဲ အသီးအနံတွေက ဆီမပါတော့လပ်လပ်ဆပ်ဆပ် လောလောလပ်လပ်လောက်မကောင်းဘူးတဲ့ ကြာသွားရင်အသီးအနှံတွေရဲ့သဘာဝအရသာမပေါ်ဘူးတဲ့ ၊ဒုက္ခများတာကလွဲရင်ကျွန်တော်တော့လက်ခံပါတယ်၊မြန်မာလိုဆီပြန်ချက်ရင်သာဆီစိမ်ထားသဖြင့် ကြာရှည်အထားခံပြီး ဆီမပါ ဆားမပါသောဟင်းသည် ဆီပါသောဟင်းလောက်ကြာရှည်အထားမခံပေ၊ နောက်ခရီးသယ်ဦးရေကလည်း ဤဒေသမှာခန့်မှန်းရခက်လေသည်၊တခါတလေ လေ့လာရေးခရီးသွားများကားလေးငါးဆယ်စီးစုပြုံကျလာသော်လည်း တခါတလေတနေကုန်မှ တစီးစနှစ်စီးစလာကြတာကိုတွေရလေသည်၊ထိုအချိန်က အဲ့ဒီဖက်မှာ ပုံမှန်လိုင်းဆွဲတာမရှိကြပေ။ ဘာရယ်မဟုပ်ပါ ငယ်ငယ်တုန်းက ချင်းပြည်နယ်ခရီးသွားတော့ သူတို့စားသောက်ပုံလေးစတွေ့တာကိုသတိယလို့ကြုံတုန်းရေးမိလိုက်တာပါဗျာ၊
နောက်ပိုင်းသွေးတိုးရောဂါသည်စိတ်ပိုင်းဆိုင်ရာနှင့်လည်းဆက်စပ်မှူရှိကြောင်းရေးသားပါအုံးမည်၊
ဆက်ရန်..