လေဖြတ်ခြင်းအကြောင်း (၇)
နှစ်လုံးရောဂါ သွေးတိုးရောဂါသည်၊ စိတ်ပိုင်းဆိုင်ရာနှင့်လည်းဆက်စပ်နေသည်ဟုသိရလေသည်၊စိတ်မတည်ညိမ်သူများသည် နှစ်လုံးရောဂါအဖြစ်များပြီး စိတ်ကိုတည်တည်ညိမ်ညိမ်ထားနိုင်သောသူသည် နှစ်လုံးရောဂါ အဖြစ်နည်းသည်ဟုသိရလေသည်၊သို့သော်သွေးကြောအတွင်းအဆီတည်ခြင်းသွေးကြောကျဉ်းခြင်းကိုတော့ပြောက်သွားသည်မဟုပ်ပေ။
၊စိတ်လူပ်ရှားသည်အခါ နှစ်လုံးတုန်ခြင်းမြန်ဆန်လာပြီးသွေးမျာကို သွေးကြောအတွင်းသို့ဆက်တိုက်ပို့လွှတ်မှူမြန်ဆန်လေသည်၊ ထိုအခါ သွေးကြောကျဉ်းသည့်နေရာတွင် သွေးများမြန်မြန်ဆန်ဆန်မသွားနိုင်အောင်ပိတ်ထားသလိုဖြစ်နေလေရာ သွေးကြောပေါက်ထွက်တပ်လေ၏။တချို့စိတ်မခိုင်စိတ်တိုတတ်သူများသည် ဝမ်းနည်းစရာသော်၎င်းဝမ်းသာစရာသော်၎င်းရုပ်တရက်တွေ့မြင်ရလျှင်ရောဂါဝေဒနာဖြစ်တပ်လေသည် ၊အသက်ပါတောင်ထိခိုက်သွားကြတာကိုယ်တွေ့ဘူးပါသည်၊ မိမိရဲ့အိမ် မီးလောင်နေတာတို့ သွေးသံရဲရဲ ခုပ်ကြထစ်ကြရန်ဖြစ်ကြတာတို့ကိုမြင်မိလျှင် နှစ်လုံးရောဂါဖောက်ပြီးသေဆုံးကြခြင်းသည်စိတ်ကြောင့်နှစ်လုံးရောဂါဖောက်ရှော့ဖြစ်ပြီးသေးဆုံးရခြင်းဖြစ်လေသည်၊
တချို့နှစ်လုံးရောဂါရှိသောသူများတရားထိုင်လျှင်ရောဂါသက်သာပြီး တချို့ပြောက်သွားကြသည်ဟု အံသြဖွယ်တွေ့ရှိရပါသည်၊ ဒီအဖြစ်အပြက်ကို ကျွန်တော်လက်ခံပါသည် အဘယ်ကြောင့်ဆိုသော် တရားထိုင်ခြင်းသည်စိတ်ကိုထိမ်းချုပ်ခြင်းဖြစ်သောကြောင့်စိတ်ကိုညိမ်စေပါသည်၊စိတ်ညိမ်သောကြောင့်နှစ်လုံးခုန်နုန်းသည်လည်းညိမ်လေ၏။နှစ်လုံးခုန်နှူန်းညိမ်သောအခါ သွေးများကိုသွေကြောအတွင်းပို့ရာမှာ ဖြေးဖြေးချင်းမှန်မှန်ပို့နေသဖြင့်သွေးကြောကျဉ်းသော်လည်းပြဿ်နာမရှိပေ ၊ရောဂါဝေဒနာမခံစားရပေ၊ထိုကြောင့်အတပ်နိုင်ဆုံးစိတ်ကိုရှည်ရှည်ထားရလေသည် ၊အရာရာတိုင်းစိတ်ကိုမတိုသင့်ပေ၊မိမိမှာနှစ်လုံးရောဂါရှိလျှင် ဘာသာရေးကိုလိုက်စားပြီးတရားရူ့မှတ်ခြင်းတရားထိုင်ခြင်းအလုပ်ကိုလုပ်သင့်ပေသည်၊
ကျွန်တော်ရေးသားခဲ့သော သွေးတိုးလေဖြတ် နှစ်လုံးရောဂါဖြစ်ခြင်းရောဂါအကြောင်းကိုရေးသားလာခဲ့သည်မှာကြာခဲ့ပါပြီ၊ မှားသည်ရှိစေ မှန်သည်ရှီစေ၊ကျွန်တော့စိတ်ရင်းစေတနာအမှန်ဖြင့်သူငယ်ချင်းမျာကိုဗဟုသုတရစေရန် ရေးသားခဲ့ခြင်းဖြစ်ပါကြောင်းတင်ပြလိုက်ရပါသည်။