အားလုံးမင်္ဂလာပါ ခင်ဗျာ့
မနေ့က လူ့ရဲ့အသက်လောက်ဘာမျှတန်ဘိုးမရှိတဲ့အကြောင်း ယုဇနဦးယျာဉ်နှစ်လောင်းပြိုင်လူသတ်မှူနဲ့ဆက်စပ်ပြီးရေးမိပါတယ်ဗျာ့၊ အခုတော့၂၄နာရီအတွင်းတရားခံမိသွားပါပြီတဲ့ဗျာ့ ၊တရားခံကတော့ ဟိုအဝေးကြီးတနင်္သာရီတိုင်းအစွန်အဖျားမြိတ်မြို့နယ်ထဲကကျေးရွာလေးတရွာမှာသွားပြီးမိပါသတဲ့၊ သတ်တဲ့ကောင်လေးက၂၂နှစ်ဘဲရှိပါသေးတယ်ဗျာ့ သေတဲ့ကောင်လေးက၂၇နှစ၊် သေတဲ့ကောင်မလေးက၂၅နှစ်ပါတဲ့ သူတို့သုံးရောက်လုံးကဆွိတီးဟုမ်းကုမ္မဏီမှာအလုပ်လုပ်ကြတာ၊ ကောင်းမလေးကအလုပ်လဲမလာ ရောင်းကြေးလည်းလာမအပ်တာကြာလို့သူနေတဲ့နေရာကိုကုမ္မဏီကလိုက်လာပြီး အခန်းတံခါးကိုတွန်းဖွင့်လိုက်မှအခန်းထဲမှာ သေနေတာတွေ့ရတာ့ ဘယ်နေ့ဘယ်ရက်ကအသတ်ခံရမှန်းမသိအနံ့တောင်ထွက်နေပါပြီတဲ့၊
အမှူဖြစ်ပုံကဒီလိုတဲ့ဗျာ့ ကောင်မလေးမှာကယောင်္ကျားရှိတယ်၊ အစကတော့သင်္ဘောလိုက်တာလို့ပြောကြတာအခုတော့မဟုပ်ဖူးထိုင်းမှာအလုပ်သွားလုပ်တာတဲ့၊ ကောင်မလေးကတိုက်ခန်းငှါးပြီးဆွီတီးဟုမ်းကုမ္မဏီမှာအရောင်းမန်နေဂျာလား ဘာလားတော့မသိဘူးဗျာ့ အခန်းငှါးနေတာဆိုတော့လခကောင်းကောင်းရမယ့်နေရာလို့ထင်တယ်၊သတ်တဲ့ကောင်လေးက ကောင်မလေးနဲ့သမီးရည်းစားတဲ့၊အဲ့ဒီနေ့ကရုပ်ရှင်ကြည့်ဘို့ချိန်းထားတာ ဖုန်းဆက်လဲဖုန်းပိတ်ထား အဲ့ဒါနဲ့သူအခန်းလိုက်သွားတော့ သူတို့ကုမ္မဏီကသူတို့နဲ့အလုပ်အတူတူလုပ်ဖက်သူငယ်ချင်းနဲ့ အခန်းထဲမှာနှစ်ယောက်အတူတူမိပါလေရော့ အဲ့ဒါနဲ့ကောင်လေးကနှစ်ယောက်လုံးကိုစိတ်မထိန်းနိုင်ဘဲ ဓားနဲ့ထိုးသတ်လိုက်ပါရော့ဗျာ့၊ အရက်သမားစကားနဲ့ပြောရမယ်ဆို့ရင်"လခွမ်းထဲမှကွာ"လို့ပြောရမလိုဖြစ်နေပြီ၊ ကျွန်တော်မနေကရေးခဲ့သလိုပါဘဲ ငွေရေးကြေးရေးကြောင့်၊ ကာမကိစ္စကြောင့်၉၀%လောက်ကဒီလူသတ်မှူအကြီးကြီးတွေဖြစ်တာလို့ပြောလို့မှမဆုံးသေးဘူးဗျာ၊ အခုဆိုကြည့်သေသွားတဲ့ကောင်လေးတွေရဲ့မိဘတွေကမျက်နာတောင်မပြရဲစရာ၊သေတာသေသွားတယ်ဘယ်သူမှမသနားကြကရုနာမသက်တြေပေ၊
ရန်ကုန်မြို့ကြီးကလည်းခေတ်နဲ့အညီတိုးတက်တယ်ပြောရမလားကျွန်တော်ကတော့ဆုပ်ရုတ်တယ်လို့ဘဲမြင်ပါတယ်၊ နံမယ်ကြီးမော်ဒယ်တွေကစလို့ဒီလိင်ကိစ္စကိုထမင်းစားရေသောက်လောက်သဘောထားနေကြတာကများနေပြီ၊ ဘာသာရေးနဲ့ဘယ်လောက်ထိမ်းထိမ်း သူတို့မှာliving together ဆိုတာယဉ်ကျေးမှူတရပ်လိုဖြစ်နေပြီ၊ ဟောကြည့် ချစ်သူများနေ့ဆိုတာကြီးကပေါ်လာပြန်သေး၊ ကျွန်တော်တို့ရွာတွေမှာဆို လက်ကလေးသွားဆွဲမိရင်တောင် အဲ့ကောင်မလေးမှာနစ်နာတယ် ရွာထဲမှာမျက်နာမပြရဲတော့ဘူးဆိုပြီး ရုံးရောက်ဂတ်ရောက်ကောင်မလေးဘက်ကတိုင်တန်းကြတယ် နှစ်ဖက်ကြေအေးအောင်ညှိနိုင်းကြတယ်၊ ကောင်မလေးကလည်းကိုယ်နဲလက်ထပ်ထားတဲ့ကိုယ့်ယောင်္ကျားမဟုပ်သ၍လက်ဖျားနဲ့တို့ခံဘို့မပြောနဲ့ ယင်ဖိုတောင်မသမ်းအောင်အပျိုစင်ဘဝကိုထိမ်းသိမ်းကြတယ်၊ အခုတော့ပေါက်လွှတ်ပဲစားဖြစ်ချင်သလိုဖြစ်နေကြတော့သေခြင်သလိုသေကြတာပေါ့ဗျာ့ ၊အားလုံးဘဲသံဝေဂယူနိုင်ကြပါစေလို့တိုက်တွန်းရင်းစာလာဖတ်သူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။