ကဆုန်လရဲ့ပွဲတော်
ကဆုန်လဆိုတာရှေးရှေးတုန်းက ကုဆန် လ လို့ခေါ်ကြတာတဲ့ဗျာ့ တဖြေးဖြေးကြာလာတော့ ကဆုန်လဖြစ်လာတာပေါ့ဗျာ၊ ကု ဆိုတာ ရေ လို့အဓိပ္ပာယ်ရှိပြီး ဆုန် ဆိုတာ သွန်းလောင်းခြင်းလို့ အဓိပ္ပာယ်ရှိပါတယ်၊ဒါကြောင့် ကဆုန်လဆိုတာ ရေသွန်းလောင်းသောလလို့အဓိပ္ပာယ်ရှိတာပေါ့ဗျာ ၊အဲ့ဒါကြောင့်ကဆုန်လရောက်ရင်ညောင်ရေသွန်းလောင်းပွဲတွေကျင်းပကြခြင်းဖြစ်မယ်ထင်ပါသည်၊
ရှေးလူကြီးတွေကအတော်အမျှော်အမြင်ကြီးကြတယ်လို့ဆိုရမယ်ဗျာ့ ၊ဘာဖြစ်လို့လဲဆိုတော့ မြန်မာစကားပုံရှိပါတယ် တခူး ရေကုန် ကဆုန်ရေခန်း ဆိုတဲ့စကားတကယ်မှန်ပါတယ် ကဆုန်လသည် နွေဥတုရဲ့ နောက်ဆုံးလဖြစ်သလို အပူဆုံးလလည်းဖြစ်သဖြင့်ရေများလည်းခန်းခြောက်ကုန်လို့ သစ်ပင်တွေအားလုံးလည်းရေခန်းနေတဲ့ကာလ ရေလိုနေတဲ့ကာလလဲဖြစ်ပါတယ်၊ ကျွန်တော်တို့ရဲ မြတ်စွာဘုးရား ဘုရားဖြစ်ရန်အမှီပြုခဲ့တဲ့ ဗောဓိညောင်ပင်သည်လည်း ရေခန်းခြောက်သဖြင့် ညှိုးနွမ်းနေသောလဖြစ်ပါသည်၊ဗောဓိညောင်ပင်ဆက်လက်ရှင်သန်စေရန်အတွက်ညောင်ရေသွန်းလောင်းပွဲ ကျင်းပပြီး ကုသိုလ် ယူကြခြင်းဖြစ်ပါတယ်၊ ကဆုန်လသည် ကျွန်တော်တို့ဗုဒ္ဓဘာသာများအထွဌ်အမြတ်ထားသောလ တလဖြစ်ပါသည် အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓမြတ်စွာဘရား ဖွားမြင်သောလဖြစ်သလို ဗုဒ္ဓမြတ်စွာဘုရား တောထွက်တော်မူသောလတလလဲဖြစ်နေပါတယ်၊ နောက်ပြီး ပရိနိဗ္ဗာန်စံသောလကလည်း ဒီလဘဲ ဖြစ်နေပြန်ပါတယ် ဒါကြောင့် ကဆုန်လသည်ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်များအတွက် အလွန်တရာထူးမြတ်သောလတလဖြစ်နေပါတယ်၊
တခြားလည်းထူးမြတ်တဲ့အကြောင်းအရာတွေရှိပါအုံးမည် ကျွန်တော်သိသလောက်သာရေးသားရခြင်းဖြစ်ပါသည်၊ ထိုကြောင့်ကဆုန်လ၏ပွဲတော်မှာ ညောင်ရေသွန်းလောင်းပွဲ ဖြစ်ပြီး ကဆုန်လရဲ့ ရာသီပန်းမှာ စကားဝါပန်းဖြစ်ပါသည်၊
ဆက်ရန်...