ကျွန်တော်နဲ့ဆိုင်ကယ်
ဘာလိုလိုနဲ့ဆောင်းကုန်ပြီးနွေရာသီတောင်ရောက်တော့မှာပါလား၊ တနှစ်ဆိုတဲ့အချိန်ကသိပ်မကြာလိုက်သလိုဘဲ ဘာမှလည်းမယ်မယ်ရရအလုပ်ကိုမလုပ်လိုက်ရဘူး အသက်တွေသာတနှစ်ကြီးသွားတယ် အဓိပ္ပါယ်မရှိလိုက်သလိုဘဲ ၊ မနှစ်က နွေရာသီလျှောက်သွားလိုက်တာ ချင်းပြည်နယ်ဟားခါးထိအောင်ရောက်သွားခဲ့တယ်၊
နောက်ပုဂံဘက်လည်းတခေါက်ထပ်သွားရသေးတယ်၊ ဒီနှစ်လည်းအဆင်ပြေပြေ မပြေပြေ သွားရမယ်ဗျာ့ ၊ကျွန်တော်က အပျော်ခရီးအလုပ်ကိစ္စနဲ့မဟုပ်ရင် ကားနဲ့သွားတာထက် ဆိုင်ကယ်နဲ့သွားတာ ပိုသဘောကြတယ်ဗျာ့ ၊ဖြစ်နိုင်ရင်ကားမစီးချင်ဘူး၊ အလုပ်ကိစ္စနဲ့သွားတာမဟုပ်တဲ့အတွက် သွားချင်တဲ့အချိန်သွားရောက်ချက်တဲ့မြိုရောက် ဆိုင်ကယ်တစီးနဲ့ ဘာမှနောက်ဆံမတင်းဘဲသွားချင်တာ၊မနှစ်ကတော့အဲ့လို့သွားခဲ့တယ်၊ရန်ကုန်ကနေ ပဲခူးတောင်ငူ ဖြူး နေပြည်တော် ရမည်းသင်း မိတ္ထီလာ ကျောက်ဆယ် မန္တလေး လမ်းဟောင်းအတိုင်းဆိုင်ကယ်စီးလိုက်တာ မြို့ကိုအတော်စုံသွားတာပဲ တခြား မြို့လေးတွေလည်းဖြတ်သွားခဲ့တာ အားလုံးမမှတ်မိတော့ဘူး ၊
တမြို့ဝင်တမြိုထွက် ရောက်တဲ့မြိ့လ္ဘက်ရည်ဆိုင်ထိုင် စိတ်ဝင်စားတာလေးတွေ့ရင်ရပ်ကြည့်လိုက် မိုးချုပ်တဲ့မြို့အိပ်လိုက်နဲ့ သူငယ်ချင်းအဖွဲ့လိုက် သုံးလေးယောက်လောက်ဆိုအတော်ပျော်ဖို့ကောင်းမှာလို့တွေးမိလိုက်တယ်၊ မန္တလေးရောက်တော့ အကို့အိမ်မှာ နှစ်ညလောက်အိပ်ပြီး တံတားဦး မြင်ခြံ ဖက်ကနေ ပခုက္ကူကိုဆက်စီးပါတယ်၊ ပခုက္ကူကနေ မြိုင် ပုလဲ ဂန့်ဂေါ ဟားခါးကိုဆက်တက်ပါတယ်၊ဟားခါးမှာတပတ်လောက်နေပြီး ပခုက္ကူကို့နေ့ချင်းပေါက်ပြန်စီးလာခဲ့ပါတယ်၊
ပခုက္ကူညီမအိမ်ရောက်တော့ ညီတွေရော ညီမတွေရော ကျွန်တော့ဆီဖုန်းတွေတဂွမ်ဂွမ်ဆက်ပါတော့တယ် ၊ ဆိုင်ကယ်ကိုဆက်မစီးဘို့ အဲ့လောက်ကြီး ခရီးဝေးသွားရင်လမ်းအန္တရယ်တခုခုဖြစ်မှာစိုးလို့တဲ့လေ ၊ အင်းကျွန်တော်လဲ ကိုယ်ကအကြီးဆုံးဆိုပြီး ထင်ရာလုပ်ရင်မကောင်းပါးဘူးလေ သူတို့စကားနားထောင်အုံးမှပါဆိုပြီး ဆိုင်ကယ် ပခုက္ကူမှာပြစ်ထားပြီး ရန်ကုန်ကိုကားစီးလာခဲ့ရပါတော့တယ် ဒီနှစ်တော့ ပခုက္ကူကိုကားစီးပြီး ဟိုရောက်မှာ ဆိုင်ကယ်နဲ့ ဝှေ့ ရတော့မှာပေါ့ ဗျာ၊ ကားစီးရမှာကြောက်ပေမဲ့မတတ်နိုင်တော့ပါဘူးလေ...