သတိရတယ်ဆောင်း
= = =
မိုးပြာပြာ
လဝါဝါအောက်
ဂစ်တာတလက်
ခေါင်ရေတခွက်နဲ့
အလွမ်းတွေကိုဖြေသိမ့်နေချိန်
တောင်တန်းကြီးတွေကလဲ
တုံးလုံးပက်လက်
အိပ်မောကျလျှက်
နှင်းမှုံတွေကြားထဲ
မသဲမကွဲနဲ့
တောင်ဇလပ်ပန်းရနံ့
သင်းပျံ့ပျံ့က
မြောက်ပြန် လေနဲ့အတူ
ဖေးမကူလို့
ကျွန်တော့ဆီသို့
သူ ယူဆောင်လာခဲ့
ကျေးဇူးကမ္ဘာ ပါတောင်ဇလပ်ပန်း
ကျွန်တော့ဘဝ တသက်တာ
ဆောင်းနှင်းလေးတွေမြင်တိုင်း
ချင်းတောင်းတန်းကြီးကိုတော့
သတိယနေမှာပါ့ 
( shine shine )
msc-146
( ချင်းတောင်တန်းအလွမ်းပြေ )