ပုရွက်ဆိပ်နှင့်နှံကောင်(အပိုင်း၁)
https://steemit.com/myanmar/@yuzana/pu-yk-saip-nwng-nwan-ekang-apong-1
ပုရွက်ဆိပ်နှင့်နှံကောင် (အပိုင်း၂)
ဒီလိုနဲ့ တရက်မှာမခင်စပယ်ကြည်ထင်ထားတဲ့အတိုင်းဖြစ်လာခဲ့ပါတယ်၊အညာဒေသသည်မိုးခေါင်ဒေသဖြစ်သဖြင့် မိုးတပြိုက်နှစ်ပြိုက်ရွာလိုက်သည်နှင့် နှမ်း မြေပဲစသည့်သီးနှံများကို အပြေးအလွှားအလုအယက်စိုက်ပျိုးရသောဒေသဖြစ်ပါသည်၊ ညဦးပိုင်းမိုးရွာသဖြင့်မနက်မိုးလင်းသည်နှင့်စိုက်ဖို့ပျိုးဖို့စာရင်းငှားအပြေးအလွှာလူရှာပြီးစိုက်ဖို့ပြင်ဆင်ကြရပါသည်၊တရွာလုံးတပြိုင်တည့်းဖြစ်နေသောကြောင့်စာရင်းငှားလူရှာမရသဖြင့် သူ့ယောက္ဖမောင်ငရှိုင်းကိုတောထဲလိုက်ဖို့ခေါ်လေ၏။မောင်ငရှိုင်းမှာ ဒီနေ့ဘုန်းကြီးကျောင်းမှာဝေယာဝစ္စလုပ်ဖို့ရှိကြောင်းတောကိုမလိုက်နိုင်ကြောင်းပြောပြီး ဘုန်းကြီးကျောင်းဖက်ထွက်သွားပါတော့သည်
https://goo.gl/images/716poh
၊ဒီကိစ္စအတွက်နဲ့ အိမ်တွင်မခင်စယ်ကြည်တို့လင်မယားမှာခွန်းကြီးခွန်ငယ်စကားမျာကြလေတော့၏၊ မခင်စပယ်ကြည်သည်စဉ်းစားရတော့၏။သူ့မောင်ပြန်လာတဲ့အခါသူ့မောင်ကိုအနားခေါ်ပြီ "ငါ့မောင် တချိန်ချိန်မှာမင်းလဲအိမ်ထောင်ပြုမှာ မင့်စီးပွားရေးမင်းလုပ်ရတော့မှာအဲ့တာကြောင့်အမကမိဘတွေချန်ထာခဲ့တဲ့ ပစ္စည်းဥစ္စာအထဲက မောင်လေးရသင့်ရထိုက်တာပေးလိုက်မယ်၊မောင်လေးဝါသနာပါရာကိုဒီငွေအရင်းအနှီးနဲ့အလုပ်လုပ်ပါ၊မောင်လေးဘဝရေရှည်မှာမလွယ်ဘူး
မောင်လေးကအေးအေးနဲ့မောင်လေးအကိုကလက်ရဲဇက်ရဲနဲ့ရှေရှည့်မှာမလွယ်ဘူးနောက်ဆုံးအမဘဲစိတ်ဆင်းရဲရမှာ"ဟု မျက်ရည်စမ်းစမ်းနဲ့ပြောပြီး ပုရွက်ဆိပ်နှင့်နှံကောင်ပုံပြင်တခါ ပြန်ပြောလေ၏။အမငိုနေတော့ မောင်ငရှိုင်းလဲစိတ်မကောင်းကြီးစွာနဲ့"မငိုပါနဲ့တော့အမရယ်ဒီနေကစအမစိတ်မဆင်းရဲရပါဘူးအမပေးတဲ့ငွေနဲ့တနယ်တကျေးမှာအလုပ်သွားလုပ်ပါတောမယ"်ဟုပြောကာ၊အမပေးတဲ့ငွေကိုလွယ်အိပ်ထဲထည့်ပြီး ရွာကလှည်းကြုံနဲ့လှည်းနောက်မီးမှာငုပ်တုပ်ကလေးထိုင်ပြီးရွာမှထွက်သွားလေတော့၏။
ဒီလိုနဲ့နှစ်လရာသီတွေအကြိမ်ကြိမ်ပြောင်းသော်လည်းမောင်ငရှိုင်းရဲသီတင်းမကြားရတော့ချေ၊မခင်စပယ်ကြည်လည်းသူ့လုပ်ရပ်ကိုသူစိတ်မကောင်းဖြစ်ပြီးသူ့မောင်လေးကိုနေစဉ်သတိယနေမိ၏၊ဒါပေမဲ့သီတင်းအစအနမကြားရဘယ်မှာနေလို့နေမှန်မသိတော့ဆက်သွယ်ဘို့အခက်တွေ့နေ၏။
ဘာလိုလိုနဲ့မခင်စပယ်ကြည်မှာသားလေးဖွားလို့အခါလည်သားအရွယ်တောင်ရောက်နေပေသည်၊ထူးထူးခြားခြားမခင်စပါယ်ကြည်သည်သူ့မောင်လေးကိုတအားသတိယနေမိ၏မောင်နှစ်မနှစ်ယောက်ရှိတာသူ့ရဲ့တူလေးမျက်နှာကိုလဲပြချင်မိ၏၊အရဲစွန့်ပြီး သူ့မောင်လေးကိုရှာချင်ကြောင်းယောင်္ကျားလုပ်သူအားဖွင့်ပြောလေသောအခါယောင်္ကျားလုပ်သူမှာစိတ်မဆိုးဘဲ "ငါလဲတွေ့ချင်ကြောင်း အဲ့နေ့ကစိတ်တအားဆိုးပြီးပြောမိကြောင်း ငါ့ယောက္ဖကသူဟာသူနေပြီးဘယ်သူနဲ့မှပြသ်နာမဖြစ်ဘဲအေးအေးဆေးဆေးနေတဲ့ လူအေးလူကောင်းဖြစ်ကြောင်းပြောပြီး မခင်စပါယ်ကြည့်ကိုမောင်ငရှိုင်းအားရှာပြီးအိမ်ပြန်ခေါ်ဘို့ခွင့်ပြုလေသည်၊မခင်စပယ်ကြည့်မှာအတိုင်းမသိဝမ်းသာသွားပြီး သူမောင်လေးကိုရွာဦးဘုန်းကြီးကျောင်းမှာ ကပ္ပိယသော်၎င်းသင်္ကန်းစီး၍သော်၎င်းထားပြီးကိုယ့်မျက်စိအောက်မှာဘဲထားတော့မည်ဟုဆုံးဖြတ်လေသည်။သို့သော်လဲမောင်ငရှိုင်းမှာဘယ်နေလို့နေမှန်းမသိအဆက်အသွယ်မရတော့အခက်တွေ့နေတော့သည်၊သူတို့လင်မယားကိုစိတ်နာသွားပြီဟုထင်မိနေတော့၏။
ဒီလိုနဲ့တရက်မှာရွာကလူတယောက်မလေးရှားမှပြန်အလာလိုင်းကားစီရင်းမောင်ငရှိုင်းကိုရန်ကုန်မှာတွေ့ခဲ့သည်ဟုပြောလေ၏။ သူလိုင်းကားစီးရင်းသာကေတဖက်ကလိုင်းကားဂိတ်မှာကွမ်းယာဝယ်နေသောမောင်ငရှိုင်းကိုကားပေါ်ကနေ နူတ်ဆက်ရုံနူတ်ဆက်ခဲ့ရကြောင်း "ငရှိုင်းခုမင်းဘယ်မှာနေတာလဲ"မေးတော့ "ဒီလမ်းကြားမှာနေတာ"လို့လက်ညှိုးထိုးပြကြောင်းမခင်စပါယ်ကြည်ကိုပြောလေ၏။မခင်စပယ်ကြည်လဲ အချိန်မဆိုင်းဘဲလိုင်းကားနံပတ်နဲ့လိုင်းကားဂိတ်နေရာကိုအသေခြာမေးလေ၏။နောက်ရက်မနက်ကလေးကိုကြောပိုးပြီးသူမရောက်ဖူးသောရန်ကုန်သို့တက်လာလေတော့သည်၊
ဒီလိုနဲ့သာကေတဖက်သွားသောလိုင်းကာနံပတ်နဲ့ ကွမ်းယာဆိုင်ရှိသောလိုင်းကားဂိတ်ကိုရာက်အောင်သွားပြီးကွမ်းယာဆိုင်မှာဆင်းလိုက်လေ၏။ကွမ်းယာဆိုင်မေးသောအခါသူမသိကြောင်းသူကတခြားရပ်ကွက်မှလာရောက်ဆိုင်ဖွင့်တာဖြစ်ကြောင်းဒီလမ်းကြားကသူဌေးတွေနေတာဆိုတော့တဦးနဲ့တဦးမသိကြေကြောင်း အမဘာသာအမဝင်ရှာကြည့်ဘို့ရာပြောလေ၏၊ဒီလိုနဲ့မခင်စပယ်ကြည်လဲကလေးကြောပိုးနဲ့သူ့မောင်လေးအလုပ်လုပ်မည်ထင်တဲ့တိုက်အိမ်တွေကို ဘေးဝဲယာကြည့်ရင်းလမ်းကြားထဲဝင်ခဲ့လေတော့သည်၊.....
တတိယပိုင်းဇာတ်သိမ်းဆက်ရန်.....
စာဖတ်သူအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။