သီတင်းကျွတ်လ
သီတင်းကျွတ်လကတော့ ဗုဒ္ဓဘာသာမြန်မာလူးမျိုးတို့အတွက်အထွဋ်အမြတ်လလို့ပြောရမလားမသိဘူးဗျာ့ ဘာသာရေးပွဲတွေ ပျော်ပွဲရွင်ပွဲတွေ အတော်ပေါတဲ့လဖြစ်နေပါတယ်၊ သီတင်းကျွတ်လက ဆယ့်နှစ်လရာသီထဲမှာ ခုနစ်လမြောက် လဖြစ်ပြီး နဂါးရဲ့ဦိးခေါင်းက အရှေ့အရပ်သို့လှည့်သောလလည်းဖြစ်ပေသည် ထိုကြောင့် နဂါးရဲ့ ပါးစပ်ထဲအဝင်ဖြစ်နေသောအနောက်အရပ်သို့ခရီးဝေးသွားမည့်သူများ ဆင်ချင်ကြပေသည်၊ သီတင်းကျွတ်လသည် မိုးရာသီ၏ အနှောင်းမိုးနှောင်းလဖြစ်ပါသည် ထိုကြောင့်မိုးသိပ်မရွာပေ၊
ရဟန်းသံဃာများ ဝါတွင်းသုံးလပတ်လုံး မည်သည့်အရပ်မှညအိပ်ညနေမသွားပဲ ဝါဆိုနေကြရာမှ သီတင်းကျွတ်လပြည့်ကျော်တရက်နေ့ဆို ဝါထွက်ပြီဖြစ်ပေသည်၊ ထိုကြောင့် ဝါထိုင်သောရဟန်းသံဃာများရဲ့ပလ္လင်ကိုဆေးကြောတဲ့သဘောမျိုးပလ္လင်ဆေးမိုးလေးတော့ရွာပေးသည်ဟု့ရှေးလူကြီးများပြောတာကြားဖူးပါသည်၊ဤကဲ့သို့ဝါဆိုသောရဟန်းသံဃာများ ဝါဆိုနေရာမှဝါဆိုလွတ်မြောက်ပြီးဆုံးသောလဖြစ်သဖြင့် ဝါလကင်းလွတ်သီတင်းကျွတ်ဟု ခေါ်တွင်ကြပါသည်၊ သီတင်းကျွတ်လသည် ဗေဒင်အခေါ်အားဖြင့် တူရာသီ ဟုခေါ်ဆိုကြပြီး သင်္ကေတ အရုပ်မှာ ချိန်ခွင်ကိုကိုင်စွဲထားသော ယောင်္ကျားရုပ်ပုံစံဖြစ်ပါသည်၊ သီတင်းကျွတ်လကို ပုဂံခေတ်ကသံတူလဟုခေါ်တွင်ကြောင်းလေ့လာမှတ်သားမိပါသည်၊ ထိုကြောင့်ပုဂံခေတ်က သံပေါက်ကဗျာများတွင် တော်သလင်းမူ သစ်ဆင်းဟူ သံတူ သီတင်းကျွတ်ဟုရေးစပ်ကြလေသည်၊ သံတူလ၏ အဓိပ္ပါယ်မှာ ဝသန္တဥတု တူရာသီဖြစ်သောလဟု အဓိပ္ပါယ်ဖြစ်ကြောင်းလေ့လာမှတ်သားရပါသည်၊
သီတင်းကျွတ်လ၏ ရာသီပန်းမှာ ကြာပန်းဖြစ်ပါသည်၊ ထိုကြောင့် ရေပြင်လှတင့် ကြာမျိုးပွင့်၍ မြတ်ကျင့်ခေါင်ထွဋ် သီးတင်းကျွတ်ဟု ဆီးသည်ရွာသားကြီး ဦးအောင်ကြီးကရေးဖွဲ့ခဲ့ဖူးသည်ဟု စာပေများတွင်လေ့လာမှတ်သားမိပါသည်၊ သီတင်းကျွတ်လတွင်ပွဲတော်များပေါများသဖြင့် နောက်အပတိများတွင် သီတင်ကျွတ်ပွဲတော်အကြောင်းများဆက်ရေးပါအုံးမည် စာဝင်ဖတ်သူအားလုံးကို ကျေးဇူးအထူးတင်ပါသည်၊