သီတင်းကျွတ်လပြည့်အဘိဓမ္မာအခါတော်နေ့
သီတင်းကျွတ်လရဲ့ထင်ရှားသောပွဲတော်မှာ သီတင်းကျွတ်လပြည့်မီးထွန်းပွဲတော်ပင်ဖြစ်လေသည်၊ သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့လိုလဲခေါ်ဆိုကြပါသည်၊ ဒီ သီတင်းကျွတ်လပြည့်အဘိဓမ္မာအခါတော်နေအကြောင်းရေပြရမယ် ဆိုရင် ဗုဒ္ဓဝင်ဖြစ်သဖြင့်မှားသွားလျှင်လည်းမကောင်ပေ၊
အရင်ရှေးတုန်းကဗုဒ္ဓဝင်ရေးသားမှတ်တမ်းအဆင့်ဆင့်ပြုသူများကလည်း အမျိုးမျိုးကွဲပြားပေလိမ့်မည်၊ ကျွန်တော်ဖတ်ဘူးသော လေ့လာဘူးသော အဘိဓမ္မာအခါတော်နေ့အကြောင်းကိုရေးသားပြပါမည်၊ ကျွန်တော်သိရတာကတော့ မြတ်စွာဘုရားရဲ့မယ်တော်ဖြစ်ခဲဘူးသော တာဝတိံသာနတ်ပြည်က သန္တုဿီတ နတ်သားကို အဘိဓမ္မာတရားတေိာများဝါတွင်းသုံးလပတ်လုံးဟောကြားပြသခြင်းကိုအကြောင်းပြုပြီး အဘိဓမ္မာအခါတော်နေပေါ်လာရခြင်းဖြစ်ပါသည်၊ အဘိဓမ္မာတရားတော်သည်အလွန်ကျယ်ပြန့်သောကြောင့် တဆက်တည်းလူ့ပြည်မှလူများအဘိဓမ္မာတရားတော်ကိုနာယူနိုင်ဘို့မလွယ်ကူခြေ၊သို့ပေမဲ့ လူပြည်မှာလည်းအဘိဓမ္မာတရားတော်ဟောကြားရန် သီတင်းကျွတ်လပြည်ည၌ နတ်ပြည်တွင် မြတ်စွာဘုရားရဲ့ကိုယ်ပွား နိမ္မိတရုပ်ပွာတော်ထားခဲ့ပြီးလူပြည်သို့ဆင်းသက်လာလေသည်၊
ထိုသို့ဆင်းသက်ကြွာမြန်းလာရာမှာစောင်းတန်းကြီးသုံးခုဖြင့်ဆင်းသက်လာလေသည်၊မြတ်စွာဘုရားကိုယ်တော်တိုင်က ပတ္တမြားစောင်းတန်းဖြင့်ဆင်းသက်လာပြီး လက်ရာဘက်တွင်ရွှေစောင်းတန်းဖြင့်နတ်တို့ခြံရံလိုက်ပါလာပြီး လက်ဝဲဘက်တွင်ငွေစောင်းတန်းဖြင့်ဗြဟ္မာမင်းတို့ကခြံရံလိုက်ပါလာခဲ့ကြလေသည်၊ထိုအခါလူ့ပြည်မှလူများကလည်း မြတ်စွာဘုရားအား ဆီမီးများထွန်းညှိပူဇော်ပြီး ကြိုဆိုကြလေသည်၊ပုဂံခေတ်တွင် သီတင်းကျွတ်လပြည့်ညကိုအလွန်တရာစီးကားသိုက်မြိုက်စွာဖြင့် မီးများကို မြင့်မိုလ်တောင်ကဲ့သို့ထွန်းညှိပြီး မီးမြင့်မိုလ် များပူဇော်ကြသည်ဟုကျောက်စာတွေအရသိခဲ့ရပါသည် .....ဆက်ရန်...