TV စက်ပြင်မှတ်တမ်း အပိုင်း(၁၃)
နောက်တမျိုးကတော့ ရုပ်တွေတော့လာပြီး
Audio အသံပိုင်းကမလာတာမျိုးတွေလည်းဖြစ်တပ်ပါသေးသည်၊ဒီပြစ်ချက်မျိုးကတော့ အသံပိုင်းဆိုတော့ စက်ပြင်သမားတိုင်းပြုပြင်ဘို့လွယ်ပါတယ်၊ လွယ်ပါတယ်ဆိုပေမယ့်တခါတလေမှာ အတော်လေးခက်ခက်ခဲခဲလုပ်ယူရပါတယ်၊အများအားဖြင့်အသံမလာတဲ့ပြစ်ချက်နဲ့အလာများတာကတော့စပီကာပျက်တာကများပါတယ်၊
အသံပိုင်းမလာလျှင်ပထမဆုံးစပီကာကိုမီတာတိုင်းကြည့်ပါ ၊ကောင်းနေလျှင် အသံအိုင်စီဆီ ပို့သော ၁၂ဗို့ ဗို့လမ်းကြောင်းကို၁၂ဗို့ရောက်မရောက်အရင်စစ်ကြည်ပါ၊ဗို့ရောက်ပြီးအသံမလာရင်ရာခိုင်နူန်းများများကတော့ ic လောင်နေတပ်ပါတယ်၊တချို့အရင်110v သုံးဂျပန်ကျတီဗွီတွေကတော့ ic အစားtr နှစ်လုံးနှင့်အောက်ပွတ်အထုပ်နဲ့ ocl အသံထွက်ရအောင်ထိုင်ကြပါတယ်၊သူ့မှာတော့ ဗို့ကိုဖလိုင်းဖက်ဆီဝင်သော 110vလိုင်းမှ25vရယူထားပါတယ်၊ သူ့မှာဖြစ်တပ်တဲ့ပြစ်ချက်က 25vအဝင်လမ်းကြောင်းregလေးလောင်နေတပ်တာတွေရတပ်ပါတယ်၊အဓိက ကတော့ trနှစ်လုံးအလောင်များပါတယ်၊ခါကြီးခါရံ အောက်ပွတ်ထုပ်လည်းလောင်တပ်ပါတယ်၊အောက်ပွတ်တွေ အသံအိုင်စီတွေကောင်း ဗို့တွေရောက်လို့မှအသံမလာရင် တခါတလေ မိန်းအိုင်စီက အသံပိုင်းအကန့်ကချွတ်ယွင်းနေတာမျိုးလဲ ဖြစ်တပ်ပါတယ်၊ဒါမျိုးဖြစ်ပြီဆိုရင်တော့မိန်းအိုင်စီတခုလုံးလဲရပါတယ်၊မိန်းအိုင်စီဆိုတာ အားလုံးစုပေါင်းပြီး အလုပ်အများဆုံးလုပ်ရတဲ့အိုင်စီဖြစ်ပါတယ်၊
မိန်းအိုင်စီထဲမှာ H out ကိုထုပ်ပေးသောအော်လဇေးရှင်း ၊ဗာတီကယ်ကိုထုပ်ပေးသောအောလဇေးရှင်း၊အသံပိုင်းကိုထုပ်းပေးသောအပိုင်း၊ကျုနာမှာလာသောဆင်ကနယ်ကိုမီးလုံးဆီသို့ videoအဖြစ်ထုပ်ပေးသောအပိုင်း၊အောက်စက်မှလာသောဗွီဒီယိုဆင်ကနယ်ကို မီလုံးဆီသို့ဗီဒီယိုထုပ်ပေးသောအပိုင်းအောက်စက်ဗွီဒီယိုနဲ့ တီဗီလိုင်းကိုချိန်းပေးသောအပိုင်း ရုပ်ပုံများကိုကာလာဖြန့် ပေးသောအပိုင်းစသည်ဖြင့်မြောက်မြားစွာပါရှိပါသည်၊အားလုံးအိုင်စီတလုံးထဲမှာပါသည်ဆိုပေမဲ့ အိုင်စီထဲမှာရောရှက်မှူ့မရှိဘဲ သူ့အကန့်နဲ့သူရှိနေတာမို့တပိုင်းပိုင်းကချွတ်ယွင်းလျှင်လဲ ထိုအိုင်စီကိုလဲပြစ်မှရလေသည်၊ပိုင်ရှင်များရီမုကွန်ထိုးဖြင့် ရုပ်ပုံများ ကာလာများ အသံများ လိုသလိုချိန်ပြီးရင် တည်ရှိနေဘို့ အတွက် မှတ်ဥာဏ်များကိုမီမိုရီအိုင်စီ 24c icနဲ့မှတ်သားထားပါသည်၊ ထိုမီမိုရီအိုင်စီသည်မိန်းအိုင်စီနဲ့ဒေတာကူးလူးချိတ်ဆက်ထားပါသည်၊ တခါတလေ မီမိုရီအိုင်စီချွတ်ယွင်းပြီး အသံကိုပိတ်ထားသည်များလည်းဖြစ်တပ်ပါသည်၊ထိုအခါဆားဗစ်မုမှဖော် ပြီး အသံကိုပြန်ဖော်ယူရလေသည်၊
ဆက်ရန်.......