TV စက်ပြင်မှတ်တမ်း အပိုင်း(၄)
ဖလိုင်းဖက်ဆီသွားတဲ့110V လမ်းကြောင်းကောင်းပြီိဆိုလျှင် 25vလိုင်းများ 12vလိုင်းများကိုလည်းဗို့မှန်မမှန်တခါထဲ တိုင်းတာစစ်ဆေးသင့်ပါတယ်၊ အားလုံးမှန်ကန်၍ကောင်းပြီဆိုလျှင် ဖလိုင်းဖက်သိုသွားရာregကိုဆက်သွယ်လိုက်ပါ၊တခါတလေထိုregသည်ဖလိုင်းဖက်လောင်ရင်သော်၎င်းH out ရှော့ကျလောင်နေရင်သော်၎င်းopen ပွင့်ပြတ်နေတပ်ပါသည်၊regအသစ်ထည့်၍ဆက်သွယ်ကြည့်ပါ ထိုနောက်ပါဝါonကြည်ပါ 110vများဝပ်သွားပါက ဖလိုင်းဖက်လောင်နေတပ်သဖြင့်လဲလိုက်ပါ၊
ဖလိုင်ဖက်ကိုဆက်သွယ်ပြီး၍110vလိုင်းမဝပ်ဘဲငြိမ်နေပါက ဖလိုင်းဖက်ကောင်တယ်ဟုအကြမ်းဖြင်းခန့်မှန်း၍ရပါသည်၊ ထိုအခါ hout tr ရဲ့ကော်လက်တာအပေါက်ဆီ110vရောက်ရပါမည်၊ထိုနောက်hout tr ရဲ ဘေ့ အပေါက်ဆီ ac1.5v(or)ac2vခန့်ရှိရပါမည် ၊တိုင်းတာပုံမှာ hout tr ရဲ အီမေတာအပေါက်ကိုမီတာရဲ့ အနုပ် အနက်ထောက်တံထား၊
h out ကော်လက်တာရဲ့အပေါက်ကို မီတာရဲ့ အပေါင်းအနီထောက်တံကိုထား မီးတာကိုac မှာထားပြီ ထောက်ထားပါ၊ပါဝါခလုက်ကိုဆပ်ကနဲနိပ်ကြည့်ပါ ၊အဲဒီမှာအော်လဇေးရှင်းဗို့ထွက်လျှင် hout trတပ်၍မောင်းနှင်လို့ရပါသည်၊အကယ်၍အဲ့ဒီမှာ အော်လဇေးရှင်းဗို့မထွက်လျှင် tvမှန်ပြင်မှာအလင်းပေါ်မည်မဟုပ်ပေ၊ အကယ်၍စက်ပြင်သမားတွေမှာ အော်လဇေးရှင်းဗို့ac1.5vမထွက်လျှင်ငိုင်ကြသွားတပ်ပါသည် အဘယ်ကြောင့်ဆိုသော် အော်လဇေးရှင်းဗို့မထွက်ရခြင်းအကြောင်းတွေက မြောက်များစွာရှိသောကြောင့်ဖြစ်ပါသည်၊အော်လဇေးရှင်းဗို့ထုပ်ပေးသော ကွိုင်ထုပ်သေးသေးလေးမကောင်းလျှင်လဲမထွက်ပါ၊
ထိုကွိုင်ထုပ်ကလေးဆီပို့သော 25vလိုင်းမကောင်းလျှင်မထွက်ပါ၊ဤနေရာမှာတချို့စက်ပြားများသည်25vလိုင်းမဟုပ်ဘဲ110vလိုင်းမှလဲယူတပ်ပါသည် ၊အများအားဖြင့်japan ပြည်တွင်းသုံးtvများနှာ 110vလိုင်းကျွေတာများပါသည်၊ နောက်တခါ ပရိုဆင်ဆာမိန်းအိုင်စီမကောင်းလျှင်လည်းမထွက်ပါ၊
မိန်းအိုင်စီဆီသွားသော 5vလိုင်းမကောင်းလျှင်လည်းမထွက်ပါ၊မိန်အိုင်စီဆီသွားသော12vလိုင်းမကောင်းလျှင်လည်းမထွက်ပါ တခါတလေ စက်ပြားမှာကြွက်သေးပန်းအစိုဓပ်လေးရှိရင်လည်းကြောင်တောင်တောင်နဲ့ တခါတလေTvပွင့်လိုက် တခါတလေtvဖွင့်မရလိုက်ဖြစ်တပ်ပါသည်၊နောက်တခုက 24Cရှစ်ခြောင်းထောက်icမကောင်းလျှင်လဲမထွက်ပါ၊ထို့ကြောင့်ဤနေရာရောက်ပြီးအဲ့ဒီပြစ်ချက်ကျန်နေလျှင်အတော်အုန်းစားသော ဟဲဗီးပြစ်ချက်ဖြစ်လေသည်၊
ပထမဆုံးအော်လဇေးရှင်းထုပ်ပေးသော ခွေးခြေထောက်ကလေးနဲ့တူတဲ့အထုပ်သေးသေးလေးဖြုတ်ပြီးကွိုင်ကို ကြိုးပြတ်မပြတ်လောက်မလောင်မီတာနဲတိုင်းကြည့်ပါ အကယ်၍လောင်နေတယ် မကောင်းဘူးဆိုအသစ်လဲလိုက်ပါ၊အဲ့ဒီအထုပ်ကလေးဆီ 25vရောက်မရောက်တိုင်းကြည့်ပါ၊အများအားဖြင့် ကွန်ဗာတာမှာလာသော25vလိုင်းသည် ဗာတီကယ်icဆီသွားသောလမ်းကြောင်းမှယူသုံးထားပါသည်၊ဗာတီကယ်icဆီရောက်ပြီးreg တလုံးခံယူထားသောကြောင့် ကျွန်တော့အတွေ့အကြုံအရ reg လေးလောင်နေတပ်ပါသည်၊လောင်နေရင် အသစ်လဲလိုက်ပါ၊ထိုနောက် hout tr ရဲ အီမေတာဆီ ဂရောင်းလိုင်းမရောက်ရင်လဲဖြစ်တပ်ပါသည၊hout trရဲ့ အီမေတာနဲ့ဂရောင်းလိုင်းနဲ့အဆက်အသွယ်လဲတိုင်းကြည့်ရန်လိုပါသည်၊hout trရဲ အီမေတာသည် regတလုံးကိုဂရောင်းလိုင်းနဲ့ဆက်သွယ်ယူထားသဖြင့်ကျွန်တော့အတွေ့အကြုံအရ အဲဒီreg လေးလောင်နေတာခနခနတွေ့နေရပါသည်၊.....
ဆက်ရန်...
စာဖတ်သူအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ