TV စက်ပြင်မှတ်တမ်း အပိုင်း(၅)
နောက်တခါ H out trရဲ့ ဘေ့စ်ဆီကိုအော်လဇေးရှင်းမထွက်ရခြင်းအကြောင်းမှာပရိုဆင်ဆာICဆီ 5ဗို့မရောက်လျှင်လည်းမထွက်ပါ ၊တကယ်တော့ပရိုဆင်ဆာIC က ကွန်ပြူတာ ICရဲ အလုပ်လုပ်ပုံသဘောတရာနဲ့တူညီပါတယ်၊ကွန်ပြူတာဖြစ်ဖြစ်တီဗွီဖြစ်ဖြစ်ပါဝါဖွင့်ဖွင့်ခြင်းဗို့တွေအကုန်ထွက်ပါဝါနီုးခြင်းမဟုပ်ပါဘူး၊ စဖွင့်ဖွင့်ချင်းက 5ဗို့ဘဲအရင်ထွက်တာပါ ဒီ5Vကို ကွန်ပြူတာအုံးနောက်လိုခေါ်တဲ့ပရိုဆင်ဆာအိုင်စီဆီအရင်သွားတာပါ ၊စက်ပြင်သမားတွေအခေါ်အရ အဲ့ဒီ5ဗို့ကို good စင်ကနယ်လို့ခေါ်ပါတယ်၊
ဒီgood စင်ကနယ်ရဲ့ဗို့တည်ညိမ်မှူ ၊ဖေကွန်စီတည်ညိမ်မူ့တွေကို ပရိုဆင်ဆာကအာရုံခံပါတယ်၊အကယ်၍5ဗိုစ်သည် good စင်ကနယ်မဖြစ်လျှင်ပရိုဆင်ဆာအိုင်စီက ကျန်သောပါဝါပိုင်းတွေကိုဖွင့်ပေးမည်မဟုပ်ပေ၊ထိုကြောင့်ကွန်ပြူတာများသည် AC 220 ဗို့ဖြစ်တိုင်းဖွင့်မပေးခြင်းမှာဤသဘောဖြစ်ပေသည်၊ဥပမာ ကွန်ပြူတာများသည် ဖေကွန်စီမမှန်သော အင်ဗာတာများဖြင့်ဖွင့်မရခြင်းမှာဤသဘောပင်ဖြစ်လေသည်၊အင်ဗာတာအများစုသည်ဖေကွန်စီမမှန်ကြပါ၊ကွန်ပြူတာသုံးဘို့အတွက် ပန်ကာတွေသုံးဘို့အတွက်ဆိုရင် ဖေကွန်စီ မှန်အောင်အထူးပြုလုပ်ပြီး ဘက်စုံသုံးအင်ပါတာဆိုပြီးထုပ်လုပ်ကြပါသည်၊ကွန့်ပြူတာ များအတွက်မီးပြက်သွားလျှင် စစ်စတမ်ပုံးမနာစေရန် ခံထားသောUPS သည် ဖေကွန်စီအတိအကျ မှန်ကန်အောင်အထူးပြုလုပ်ထားသည့် အင်ဗာတာများပင်ဖြစ်လေသည၊်
လူမျာသည် အီလက်ထရောက်နစ်များကိုဗို့မမှန်ရင်သာလောင်တပ်သည်ဟုသိထားပြီး အင်ပီယာတို့ ဖေကွန်စီတိုမမှန်ရင်လည်းလောင်တပ်သည်ကို သိရှိသူအလွန်နည်းပါသည်၊တီဗွိပရိုဆင်ဆာအိုင်စီသည်လည်းကွန်ပြူတာအိုင်စီကဲ့သို့ပင်5v goodစင်ကနယ်ဖြစ်မှသာလျှင် ပါဝါကိုဖွင့်ပေးလေသည၊် တခါတရံကြွက်သေးပန်းလျှင်ဖြစ်စေ မိုးစွေနေ၍ဆားကစ်ပြား အစိုဓာပ်ပြန်နေ၍ဖြစ်စေ Good ဆင်ကနယ် 5v အမှန်လာသော်လည်း စက်ပြားရဲ့အစိုဓာပ်ကို ပရိုဆင်ဆာမှအာရုံခံမိပြီး ပါဝါကိုဖွင့်မပေးခြေ၊ထိုအခါတီဗွီသည်ပါဝါပွင်သည့်အခါပွင့် မပွင့်သည့်အခါမပွင်ဘဲ ဖြစ်တပ်တဲ့ပြစ်ချက်မျိုးဖြစ်တပ်ပါသည်၊ ထိုပြစ်ချက်မျိုးကိုဆားကစ်ပြားအားဖြုပ်ပြီးနေလှမ်းလိုက်လျှင်ကောင်းသွားတပ်ပါသည်၊တချို့ကြွက်သေးများဆားပေါက်နေလျှင်တော့သမန်ခါရှန်ခါနဲ့လုပ်မရပေ ဆားဓာပ်သည် မိုးအေးတာနဲ့အရည်ဖြစ်လာသောကြောင့် ဖူချီဆပ်ပြာမူံနဲ့ ဆပ်ကစ်ပြားကို အသေအခြာရေဆေး နေကိုသုံးလေးရက်မျှခြောက်သွေ့နေအောင်လှမ်းလိုက်မှအဆင်ပြေပါသည်၊ အရင်တုံးက star တီဗွီများတွင်ထိုပြစ်ချက်မျိုးအဖြစ်များပါသည်၊
sony tvများရဲပရိုဆင်ဆာအိုင်စီဆိုလျှင်ပိုဆိုးပါသည်သူရဲ့ပရိုဆင်ဆာအိုင်စီသည်စက်ပြားတပြားလုံးကိုအာရုံခံသောကြောင့်ဖြစ်သည်၊ပါဝါဖွင့်လိုက်သည်နှင့် 5v good ဆင်ကနယ်ရောက် ပရိုဆင်ဆာအိုင်စီမှစက်ပြားတပြားလုံးကိုကြိုးအဆက်အသွယ်မှန်မမှန် လွပ်မလွပ် အော်ဒီယိုပိုင်း ပါတီကယ်ပိုင်း အားလုံးကောင်းမကောင်း run ပြီးကောင်းပြီသေခြာပြီဆိုမှပါဝါကိုဖွင့်ပေးပါသည်၊ထိုကြောင့်ဆိုနီဆိုလျှင် စက်ပြင်သမားများ အတော်ကြောက်ကြပါသည်၊ပျက်သည့်အပိုင်းကိုခန့်မှန်းရခက်သောကြောင့်ဖြစ်ပါသည်
ဆက်ရန်.....
စာဖတ်သူအားလုံးကိုကျေးဇူးတင်ပါသည်၊