တလတခါ ဆုပ်ဖြဲလို့
ခဏမကြာ ကျုပ်,လည်း
(တရွက်တည်း)
ဖြုတ်,ဝဲ ကြတော့မည်။
ကျန်ခဲ့တာ ကျုပ်,မဟုတ်
ချန်ခဲ့တဲ့ မင်း,ရုပ်။
အာယုနော သံဟာနိ
ဘဝမှာ နေဖို့
အချိန်နည်းသွားပြီ။
ရောင့်ရဲခြင်းဖြင့်
ရိက္ခ္ဒာဝန်ကို လျှော့လိုက်ပါ။
ရိုးသားခြင်းဖြင့်
မာနမာန်ကို ဆေးကြောလိုက်ပါ။
မေတ္တာတရားဖြင့်
လောကကို ရှုမြင်လိုက်ပါတော့။
ဖယ်သင့်တာဖယ်၍
သယ်သင့်တာသယ်ပွေ့
သွားလာလှုပ်လျှက်
ခရီးဆက်လော့။
MSC-232