ငါ့ညကျလမသာဘူး မိုးလင်းတိုင်းလဲနေမထွက်ခဲ့
ငါ့ဘဝကမလှပါဘူး ခလေးဘဝထဲကအဖေငတ်ခဲ့
ကိုယ့်ဘဝကိုယ်မကျေနပ်လဲ ဘယ်လိုလုပ်မလဲ
အမေးပဲရှိတယ် အဖြေမထွက်ခဲ့
မဆိုင်သူတွေအနေမတတ်လို့ သားအရင်းကိုအမွေဖြတ်တဲ့
ငါ့အဖေကိုလူတွေက ဘယ်လိုထင်မှာလဲ
အနှိမ်ခံရ အပြောဆိုခံရ ဘဝတလျှောက်လုံး ခိုဝင်စရာပဲ
မိဘရဲ့အနမ်းတစ်ပွင့်တော့ သားသမီးတိုင်းလိုချင်တာပဲ
ငါ့ဘဝထဲခနလောက်ကြည့် ရင်နာလွန်းလို့ငိုချင်မှာပဲ
ငါ့ဆီမှာဘာအပြစ်ရှိလို့ ငါ့အဖေငါ့ကိုငြိုငြင်တာလဲ
တစ်နေ့နေ့ပြန်ဆုံရင် ဘယ်လိုကြင်နာမလဲ
အဖေ့ရင်ခွင်ပူလားနွေးလား အဖေ့အနမ်းတွေချိုလားမွှေးလား
အနမ်းတွေကနွေးထွေးပါ့မလား ငါ့ကိုကောထွေးပွေ့ပါ့မလား
မထွေးပွေ့ခဲ့ ငါ့ရဲ့မျှော်လင့်ချက်က တဖြည်းဖြည်းနဲ့ ဆွေးမြေ့ခဲ့
သူများတွေကအဖေ့သားကို ဈေးခလေးတဲ့ ဈေးခွေးတဲ့
ဒါတွေကိုအဖေသိရဲ့လား ဟမ်
သားရှေ့မှာခဏတဖြုတ်လောက်နေကြည့်ခဲ့မလား
သားတစ်ယောက်လုံးရှင်ပြုချိန်တောင် အဖေရှိရဲ့လား
လှည့်လို့တောင်မကြည့်တော့ဘူးလား
ငါ့အဖေပဲမရှိတော့ဘူးလား
ကိုယ်မွေးထားမှန်းမသိတော့ဘူးလား
ငါခေါ်ရင်ကော အဖေကထူးမလား
ဝဋ်ကြွေးတွေဘယ်တော့ကုန်မလဲ မိသားစုဘယ်တော့စုံမလဲ
အဖြေမသိခဲ့ပါ နေထိထဲက အဖေမရှိလဲငါ နေတတ်ပြီ
image sorce - https://www.promisekeepers.ca/get-involved/fatherless/
အပြင်မှာငါခေါ်ခွင့်မရလို့ ဈေးထဲကနေခေါ်နေမှာပဲ
ပြန်ထူးရင် ပိုက်ဆံရတဲ့သူတောင်းစားလို ပျော်နေမှာပဲ
ငါ့သားလို့ အဖေထူးမှတ်တိုင်း နားစွင့်ပြီးအော်နေတာပဲ
လာမလားလို့ အိမ်ပေါက်ဝက တံခါးဖွင့်ပြီးမျှော်နေတာပဲ
မိုးသာချုပ်သွားတယ် ငါ့အဖေမလာဘူး
ငါ့ညပေါင်း ဆယ့်ငါးနှစ်လုံး လတွေမသာဘူး
ငါ့မှာတော့ အိပ်မက်တွေမက်လိုက်ရတာ
ဘယ်တော့မှပုံပြောပြီး လျှော့သိပ်မလဲ
အဖေတစ်ယောက်ရဲ့စိတ်ဓါတ်နဲ့
ဘယ်နေ့မှာ ပုခုံးဖက်ပြီးလမ်းထွက်လျှောက်မလဲ
အိပ်မက်ကအိပ်မက်ပဲ လက်တွေ့မှာသိပ်ခက်ခဲ
ပိတ်သတ်ခဲ့စကားတွေက လည်ချောင်းဝမှာလူသေကောင်လို
အိပ်စက်ခဲ့ ဝက်နာလိုအံကိုတောင် နှုတ်ခမ်းပြတ်အောင်
ကြိတ်တတ်ခဲ့ တောက် အွန်းးးးး
ဝဋ်ကြွေးနဲ့ ကံကြမ္မာ မင်းတို့ငါ့ကို ဘယ်ထိဆက်ပြီးနှိပ်စက်မလဲ
ဝဋ်ကလဲမကုန်တော့ဘူးလား
ကမ္ဘာနဲ့နေ ငါနဲ့အဖေ ပြန်ဆုံဖို့ကံမရှိတော့ဘူးလား
ခွေးတစ်ကောင်လို မျှော်နေရတာ
တစ်စက်ကလေးမှ လှည့်လို့တောင်မကြည့်တော့ဘူးလား
လှည့်လို့တောင်မကြည့်တော့ဘူးလား
ငါ့အဖေပဲမရှိတော့ဘူးလား
ကိုယ်မွေးထားမှန်းမသိတော့ဘူးလား
ငါခေါ်ရင်ကော အဖေကထူးမလား
ဝဋ်ကြွေးတွေဘယ်တော့ကုန်မလဲ မိသားစုဘယ်တော့စုံမလဲ
အဖြေမသိခဲ့ပါ နေထိထဲက အဖေမရှိလဲငါ နေတတ်ပြီ
image sorce - http://www.127james.com/fatherless/
မွေးထားပြီး ကိုယ့်ခလေးကိုယ် တာဝန်မယူပဲပစ်ပယ်ခဲ့တာ
ဒါနဲ့များ မိဘတိုင်းက ကိုယ့်သားသမီးကိုချစ်တယ်တဲ့လား
အလိမ်အညာတွေပေါ့ ဒါမှမဟုတ် ငါ့ဘဝရဲ့ ကျိန်စာတွေပေါ့
အားငယ်ပြီးငိုချင်လာတယ် ခလေးခြင်းတောင် နှိမ်လာနေတော့
ငါပြိုင်စရာရွှေလဲမရှိဘူး ငါကိုင်စရာ ငွေလဲမရှိဘူး
သူဌေးသားတွေဝိုင်းအနိုင်ကျင့်လို့ပြန်တိုင်စရာ အဖေလဲမရှိဘူး
ငါ့သူငယ်ချင်းအဖေတွေဆို သူတို့သားကိုသိပ်ချစ်တာပဲ
ဘယ်ချိန်ရောက်မှအဖေ့ရင်ခွင်ကို ခေါင်းမှီပြီးအိပ်ဖြစ်မှာလဲ
အခုတော့ မင်းအဖေရောလို့မေးလာရင် ဘယ်ပြေးရမလဲ
ကိုယ့်သားသမီးမျက်နှာငယ်မှာ တစ်စက်ကလေးမှလဲ ထည့်မတွေးကြနဲ့ ငါ့လက်ရုံးဘယ်သူ့အတွက်လှည့်ပေးရမလဲ
ကျောင်းအပ်တိုင်းလိုက်မလာတဲ့ အဖေ့နာမည်ကို
ငါဘယ်လိုအင်အားမျိုးနဲ့ ထည့်ရေးရမလဲ
မင်းဆိုရင်ဘယ်လိုဖြေမလဲ သူများတကာသားအဖတွေ
ပျော်နေပြီဆို ရှက်ပြီးတော့ငိုနေခဲ့
ငါ့ဘဝကပျက်ပြီးတော့ ပြိုနေလဲ
ငါ့ပုခက်ကို လွှဲမပေးခဲ့တဲ့ ငါ့အဖေကို ဆက်ပြီးတော့ရိုသေဆဲ
လှည့်လို့တောင်မကြည့်တော့ဘူးလား
ငါ့အဖေပဲမရှိတော့ဘူးလား
ကိုယ်မွေးထားမှန်းမသိတော့ဘူးလား
ငါခေါ်ရင်ကော အဖေကထူးမလား
ဝဋ်ကြွေးတွေဘယ်တော့ကုန်မလဲ မိသားစုဘယ်တော့စုံမလဲ
အဖြေမသိခဲ့ပါ နေထိထဲက အဖေမရှိလဲငါ နေတတ်ပြီ
image sorce https://www.pbshawaii.org/tag/fatherless/
လှည့်လို့တောင်မကြည့်တော့ဘူးလား
ငါ့အဖေပဲမရှိတော့ဘူးလား
ကိုယ်မွေးထားမှန်းမသိတော့ဘူးလား
ငါခေါ်ရင်ကော အဖေကထူးမလား
ဝဋ်ကြွေးတွေဘယ်တော့ကုန်မလဲ မိသားစုဘယ်တော့စုံမလဲ
အဖြေမသိခဲ့ပါ နေထိထဲက အဖေမရှိလဲငါ နေတတ်ပြီ