forex trading (အွန်လိုင်းပေါ်ကငွေကြေးအရောင်း အဝယ်) အကြောင်းလေးကို သိသလောက်လေး ဘီဂိန်နာ တစ်ယောက်အနေလေးနဲ့ ရေးခွင့်ပြုပါခင်ဗျာ။
စီးပွားရေးတစ်ခုလုပ်တော့မယ်ဆိုရင် ရောင်း/ဝယ်ခြင်းဆိုတာနဲ့ ဘယ်သူမှမကင်းပါဘူး။လုပ်ငန်းတွေလုပ်ကြတယ်၊ ရောင်းကြတယ် ၊ ဝယ်ကြတယ်။တစ်ခါတရံမှာ လုပ်ငန်းတွေ လုပ်တဲ့အခါ လူကိုယ်တိုင် မသွားရောက်ဘဲနဲ့ ဖုန်းနဲ့ပဲကြားထဲကနေ လှမ်းမှာတယ် မိမိကပစ္စည်းကို ကိုင်မထားတော့ဘူး ဝယ်သူဆီတိုက်ရိုက်ပို့တာတွေ လုပ်ငန်းလုပ်တဲ့သူတွေအားလုံး ကြုံ
တစ်ခါတရံမှာ လူကိုယ်တိုင်သွားမဝယ်တော့ပဲနဲ့ ပစ္စည်းကို ဖုန်းနဲ့လှမ်းမှာတယ် မှာတဲ့ဘက်ကနေ ဘဏ်ကဖြစ်ဖြစ်၊လူကြုံနဲ့ဖြစ်ဖြစ်၊ ကုန်ပစ္စည်းခြင်းပဲဖြစ်ဖြစ်လဲလှယ်ကြတယ်ပေါ့။တစ်ခါတရံကျတော့လဲငွေကြိုပေးထားရတယ်။ငွေရောက်မှ ဟိုဘက်က ပစ္စည်းပို့ပေးတယ်။တစ်ခါတရံ အရစ်ကျနဲ့ပေးမယ်။တစ်ခါတရံ
တစ်ဝက်ပေးထား တစ်ဝက်နောက်မှပေး။ယုံကြည်မှုအရမ်းရှိသွားတဲ့အခါ ပစ္စည်းကိုအရင်ပေးထားပြီး ရောင်းလို့ကုန်မှပေးရတာတွေရှိမယ်။တချို့ကတော့ ရက်နဲ့ စောင့်ပေးတယ်။တချို့က အပတ်စဉ်နဲ့ ငွေလာသိမ်းမယ်။တချို့က လပေးနဲ့ပေးထားကြတယ်။ငွေစိုက်ထားနိုင်တဲ့သူတွေက ကြိုပေးစနစ်ကိုသုံးကြတယ်။
ဖုန်းတွေခေတ်စားလာတဲ့အခါ ဖုန်းကနေတဆင့် အင်တာနက်ဆိုတာခေတ်စားလာတယ်။နည်းပညာကိုစိတ်ဝင်စားသူတွေက IT တိုးတတ်အောင်လေ့လာကြတယ်။IT တွေတိုးတတ်လာတော့ Online ကနေ အရောင်းဝယ်လုပ်လာကြတယ်။Online Shopping ဖြစ်ပေါ်လာတယ်။Facebook ဆိုတာသုံးတတ်လျာတာ့ အရင် Website တွေကနေ ရောင်းချတဲ့ Online Shopping ကို Facebook မှာ ရောင်းချလာတယ်။Online Shopping လုပ်တဲ့သူတွေရဲ့အားသာချက်က နေရာမလို ဆိုင်ခန်းငှားစရာမလိုတဲ့ အားသာချက်တွေပါပဲ။
အခုကျွန်တော်ပြောပြမှာက Online ကနေလုပ်တဲ့ Forex လို့ခေါ်တဲ့ Trading အကြောင်းကို ပြောပြမှာပါ။တချို့တွေကပြောတယ်။ဘာယုံကြည်ချက်မှမရှိတာ ဘာလို့လုပ်ကြတာလဲပေါ့။တချို့ကလဲပြောတယ် forex ပေါ်တာမကြာသေးဘူး။တချို့လဲပြောတယ်ဗျ။forex ဆိုတာအကြီးမားဆုံးလောင်းကစား။
အဲ့အကြောင်းကိုရှင်းပြပါမယ်။နံပါတ်တစ်အနေနဲ့ ဘာယုံကြည်ချက်ရှိလဲလို့မေးရင် အမှန်တိုင်းပြောရရင် Online နဲ့ ပါတ်သက်သမျှလုပါသောအလုပ်များဟာ ဘာယုံကြည်ချက်မှမရှိပါဘူး။Forex တစ်ခုထဲမဟုတ်ပါဘူး။နောက်တစ်ခုက forex ဆိုတာမကြာသေးဘူးလို့ပြောတဲ့သူတွေကိုပြောပြပါမယ်။Forex ဆိုတာ ငွေကြေးဈေးကွက်ပါ။ဒီဈေးကွက်က မြန်အာပြည်မှာခေတ်စားတာ သုံးနှစ်ပဲရှိပါသေးတယ်ဗျ။ဘာလို့လဲဆိုရင် မြန်မာနိုင်ငံကအငါတာနက်လိုင်းရတာနောက်ကျနေလို့ပါ။၆နှစ်ကျော်ပဲရှိသေးပါတယ်။လေ့လာသင်ယူနေရတာနဲ့ အင်တာနက်ကိုကျွမ်းကျင်အောင်မသုံးတတ်သေးတာကိုသင်နေရတာရယ် ၊ လူတိုင်းနီးပါးလက်ထဲဖုန်းမကိုင်နိုင်သေးတာရယ်ကြောင့်သာ သိပ်မကြာသေးဘူးလို့လူတွေက ထင်ကြတာပါ။ဖွံ့ဖြိုးပြီးနိုငံတွေဟာ ငွေကြေးအရောင်းအဝယ်ကို နှစ်ပေါင်းများစွာလုပ်ကိုင်နေကြတဲ့ လုပ်ငန်းတစ်ခုပါ။နောက်တစ်ခုက လောင်းကစားလို့ပြောတာကိုရှင်းပြပါမယ်။Forex ကို လေ့လာသင်ယူခြင်းမရှိပဲနဲ့ လောင်းကစားဆန်ဆန် လုပ်မယ်ဆိုရင်တော့ လောင်းကစားဖြစ်သွားမှာပါပဲ။
Forex သည်လောင်းကစားမဟုတ်ပါ။မတူညီသော ငွေကြေးအတွဲ နှစ်ခုအကြားမှာ အရောင်းနဲ့ အဝယ်နဲ့လုပ်ရတာပါ။လောင်းကစားဆိုတာက ကြိုမှန်းပြီးလောင်းကြေးထပ်ထားရတာဖြစ်ပါတယ်။Forex ငွေကြေးဈေးကွက်သည် ကြိုမှန်းလောင်းစရာမလိုပါ။ဈေးတတ်နိုင်ခြေ ဈေးကျနိုင်ခြေကိုတွက်ချက်ပြီးတော့ ဝင်ရောင် အရောင်းအဝယ်ပြုလုပ်ရတာဖြစ်ပါတယ်။တွက်ချက်နည်းတွေနောက်ပိုင်းမှရှင်းပြပါမယ်။ဥပမာအနေနဲ့ ဘောလုံးပွဲသင်ကလောင်းခဲ့တယ်။နှစ်သင်းကန်ပါတယ်။မတူညီတဲ့နှစ်သင်းကို ကန်ခိုင်းတာပါ။အားသာတဲ့အသင်း(အသင်းကြီး)နဲ့ အားနည်းတဲ့အသင်း (အသင်းငယ်) တွေ့ကြတဲ့အခါ အသင်းကြီးကအသာနိုင်လိမ့်မယ်ဆိုတာကိုသိပြီးသားဖြစ်ပေမယ့် ပေါက်ကြေးရှိပါတယ်။နောက်ပြီးရင် နာနေတဲ့ ကစားသမားတွေရှိမယ်။အသင်းကြီးက ပေါက်ကြေးကိုအကြောပေးထားပေမယ့် အသင်းငယ်က သွင်းပြီးတော့အသင်းကြီးကမသွင်းနိုင်လို့ ရှုံးသွားတာရှိတယ်။နောက်တစ်ခုက အမှတ်များနေတဲ့အခါမျိုးမှာ အသင်းကြီးကလူကရော်ကမယ် ထည့်ကန်တာတွေရှိမယ်။
အမှတ်ထပ်မယူပဲသရေယူမယ်လို့စဉ်းစားထားတာတွေရှိတယ်။သရေကန်မယ်လုပ်ပြီးမ အမှတ်မထင် တဖက်အသင်းကပြီးခါနီးအနိုင်ဂိုးသွင်းသွားလို့ အသင်းကြီးရှုံးတာရှိပါမယ်။ပြီးရင် မိမိလောင်းထားတဲ့အသင်းဘက်က အနီကဒ်ပြခံရပြီးတော့ လူထုတ်ခံရလို့ လူနည်းသွားတာမျိုး။ပယ်နတီပေးရလို့ရှုံးသွားတာမျိုးတွေရှိမယ်။ပြောချင်တာကလောင်းကစားဟာ ကံနဲ့အများကြီးဆိုင်ပါတယ်။တစ်ခါတရံ ဂိုးပေါင်းလောင်းတဲ့အခါမျိုး သင်တို့ကြုံဖူးပါလိမ့်မယ် ၅ဂိုး ပြား၅၀ အနိုင်ပေးထားပါတယ်ပေါက်ကြေးက။နှစ်သငါးပေါင်းပွဲအပြီးရလဒ်ဟာ အနည်းဆုံး ငါးဂိုးရှိရမှာပါ။ငါးဂိုးဆိုရင် တစ်သောင်းလောင်းထားရင် တစ်သောင်းခွဲပြန်ရမှာပါ။ငါးဂိုးပြားင့းဆယ်နိုင်မိုလို့ပါ။ငါးဂိုးကိုစဉ်းစားတဲ့အခါမှာတကယ်ကမလွယ်တဲ့အတွက်၊သင်က ဂိုးပေါ်မလောင်းပဲဂိုးအောက်လောင်းတဲ့အခါကျမှ ခြောက်ဂိုးတောင်ဖြစ်သွားပြီးရှုံးခဲ့တာတွေရှိပါလိမ့်မယ်။
အပိုင်း(၂)မှာ ဆက်အားပေးပါအုံးခင်ဗျာ အားလုံးကိုကျေးဇူးတင်ပါတယ်။
ဇာမဏီ ဇော်လင်း - နေပြည်တော်
MSC - 210
In Myanmar
2:37pm
4/30/2018
စာဖတ်သူအပေါင်း ကျန်းမာ၊ချမ်းသာ၊လန်းဖြာ ကျပါစေ။အားလုံကျေးဇူးတင်ပါတယ်ခင်ဗျာ။